■နိုင်ငံကြီးများအပြိုင်အဆိုင် စမ်းသပ် လွှတ်တင်နေကြသည့် ဟိုက်ပါဆိုးနစ် မစ်ဇိုင်း ဆိုတာ ဘာလဲ?

ဟိုက်ပါဆိုးနစ်မစ်ဇိုင်း ဆိုတာ အသံရဲ့ မြန်နှုန်းထက် ၅ဆအမြန်နှုန်းနဲ့ အထက် (သို့မဟုတ်)တစ်နာရီလျင်၃၈၃၆မိုင်နှုန်းနဲ့ အထက် ပျံသန်းနိုင်တဲ့ ဒုံးကျည်တွေကို ဟိုက်ပါ ဆိုးနစ်မစ်ဇိုင်းလို့ ခေါ်တာပါတဲ့။ အလွယ်တကူ ပြောရရင်တစ်စက္ကန့်ကို အနည်းဆုံး တစ်မိုင်နှုန်း ပျံသန်းနိုင်တဲ့ မစ်ဇိုင်းတွေ ဖြစ်ပါတယ်။

ရုရှားရဲ့ ကမ္ဘာကျော် Kh-47M2 Kinzhal မစ်ဇိုင်းဟာတစ်နာရီလျင် ၇၆၇၂မိုင် (Mach 10) နှုန်း ပျံသန်းနိုင်တဲ့အတွက် ဟိုက်ပါဆိုးနစ်မစ်ဇိုင်း စာရင်းဝင်ပါတယ်။အမေရိကန်ရဲ့ ကမ္ဘာကျော် တိုးမဟော့ခ် မစ်ဇိုင်းဟာဂျက်လေယာဉ်တစ်စင်းရဲ့ မြန်နှုန်းကဲ့သို့ တစ်နာရီလျင်၅၅ဝမိုင်နှုန်းနဲ့သာ ပျံသန်းနိုင်တာကြောင့် subsonicခရုဇ်ဒုံးကျည်သာလျင် ဖြစ်ပါတယ်တဲ့။

ဟိုက်ပါဆိုးနစ်မစ်ဇိုင်း နှစ်မျိုး ရှိတယ်။(၁) ဟိုက်ပါဆိုးနစ် ခရုဇ်မစ်ဇိုင်း(၂) Hypersonic Glide Vehicles (HGV)(၁) ဟိုက်ပါဆိုးနစ် ခရုဇ်မစ်ဇိုင်း ဆိုတာကို ဥပမာပြရရင်Scramjet အင်ဂျင်နဲ့ မောင်းနှင်ခြင်း၊ ပင်လယ်မျက်နှာပြင်အထက် ၁ရမိုင် အမြင့်မှ ပျံသန်းခြင်း၊ အသံထက် ၉ဆမြန်နှုန်းထိ ပျံသန်းနိုင်ခြင်း၊ ကြားဖြတ်ပစ်ချရန် ခက်ခဲခြင်း

စတဲ့ ဂုဏ်ပုဒ်တွေနဲ့ ပြည့်စုံတဲ့ ရုရှားတို့ရဲ့ 3M22 Zirconဟိုက်ပါဆိုးနစ် ခရုဇ်မစ်ဇိုင်းကို ညွှန်းဆိုရမှာဖြစ်ပါတယ်။3M22 Zircon ခရုဇ်မစ်ဇိုင်းဟာ စမ်းသတ်ဆဲ အဆင့်မှာမဟုတ်တော့ပဲ ရုရှားတပ်မတော်မှာ တပ်တော်ဝင်နေပြီ ဖြစ်ပါတယ်။

(၂) Hypersonic Glide Vehicles (HGV) ကို ဥပမာပြရရင် ရုရှားတို့ရဲ့ Avangard ဟိုက်ပါဆိုးနစ် ဂလိုက်မစ်ဇိုင်း (HGV) ကို ညွှန်းဆိုရမှာပါ။ Avangard ဟိုက်ပါဆိုးနစ် ဂလိုက်မစ်ဇိုင်း (HGV) ကိုတော့ ကမ္ဘာမှ ပင်လယ်ရေမျက်နှာပြင်အထက် မိုင်၁၂ဝဝအမြင့်ထိ ပျံသန်းနိုင်တဲ့

RS-28 Sarmat ကဲ့သို့သော တိုက်ချင်းပစ်ဒုံးကျည်ကြီးတွေရဲ့ ထိပ်ဖူးမှာ တပ်ဆင်ပြီးအာကာသထဲ ပစ်လွှတ်ရတာ ဖြစ်ပါတယ်။ AvangardHGV ဟာ အာကာသထဲမှ မစ်ဇိုင်း warhead အဖြစ်နဲ့ကမ္ဘာ့လေထုထဲကို ပြန်လည်ဝင်ရောက်လာပြီး မြေပြင်အထက် ကီလိုမီတာ ၄ဝနဲ့ ၁ဝဝကြား အက်မိုစဖီးယားအလွှာအောက်မှ လေဟုန်စီးကာ ပျံသန်းလာပြီး

ကမ္ဘာ့ ဆွဲအားနဲ့ ဒုံးစက် Booster တို့ရဲ့ တွန်းအားကို အသုံးပြု ပေါင်းစပ်ကာ အသံထက် ၂ရဆမြန်နှုန်းနဲ့ ပစ်မှတ်ကို ထိမှန်ပျက်စီးစေမှာ ဖြစ်ပါတယ်။ မကြာသေးမီက အမေရိကန်တို့ကို Shock ရသွားစေတဲ့တရုတ်ရဲ့ Hypersonic Glide Vehicles (HGV) ဟာ
Fractional Orbital Bombardment System (FOBS)

တစိတ်တပိုင်း ကမ္ဘာပတ် ဒုံးကျည်ပစ်စနစ်ကိုအသုံးပြုထားတာကြောင့် တိုက်ချင်းပစ်ဒုံးကျည် ICBMတွေလို ကမ္ဘာအထက် မိုင်ထောင်ချီထိ တက်ပြီး ပျံသန်းတဲ့ arching trajectory ဟိုက်ပါဘိုလာ မျဉ်းကွေးပုံလမ်းကြောင်းကို အသုံးမပြုတော့ဘဲ ပဲ့ထိန်းဒုံးBallistic Missile နည်းပညာနဲ့ ခရုဇ်မစ်ဇိုင်း နည်းပညာသဘောတရားကို ပေါင်းစပ်ထားတာ ဖြစ်တဲ့အတွက်ရန်သူ့

ဒုံးခွင်းဒုံးစနစ်တွေကို ရှောင်ကွင်းသွားနိုင်စွမ်း ရှိတဲ့အပြင် နျူကလီယာလက်နက်တွေကို သယ်ဆောင်နိုင်စွမ်းရှိတာကြောင့် ကြောက်ခမန်းလိလိ အစွမ်းထက်လွန်းတယ်လို့ ဆိုပါတယ်။ တရုတ်ရဲ့ ဟိုက်ပါဆိုးနစ်မစ်ဇိုင်းနည်းပညာ ထူးခြားချက်က သူ့ရဲ့ HGV ဂလိုက်ဒါ မစ်ဇိုင်းကို တိုက်ချင်းပစ် ဒုံးကျည် လမ်းကြောင်းမှ ခွဲထွက်သွားပြီး ကမ္ဘာ့လေထု

atmosphere အလွှာမှ ကပ်လျက် (ပုံပါအတိုင်း) ပျံသန်းကာ ရန်သူ့ ပစ်မှတ် အနီး ရောက်ခါနီး AI ဉာဏ်ရည်တုနည်းပညာ အသုံးပြု Boost လုပ်ပြီးအရှိန်မြင့် hypersonic boost-glide vehicle အဖြစ်နဲ့ အသံထက်အဆပေါင်း ၃၀ မြန်နှုန်းနဲ့ ပစ်မှတ်ကိုတိုက်ခိုက်မှာ ဖြစ်ပါသတဲ့။တရုတ်က ဒီ hypersonic boost-glide vehicle ဟာယခုအခါမှာ စမ်းသတ်ဆဲ အဆင့်မျှသာ

ရှိနေဆဲဖြစ်ပြီးရုရှားရဲ့ Avangard HGV ဟိုက်ပါဆိုးနစ်မစ်ဇိုင်း ကတော့တပ်တော်ဝင်ပြီး ဖြစ်ပါတယ်။ ဒါကြောင့် တရုတ်ရဲ့hypersonic boost-glide vehicle ထက် နည်းပညာသာလွန် မြင့်မားတဲ့ ဟိုက်ပါဆိုးနစ်မစ်ဇိုင်းတွေကိုထပ်မံ ဖန်တီးလာနိုင်ကြောင်း ခန့်မှန်းမိပါတယ်။မကြာသေးမီက ရုရှားရေတပ်က

“Knyaz Oleg” Borei-class ရေငုတ်သင်္ဘောက ပစ်လွှတ်ခဲ့တဲ့ Bulava (RSM-56) ICBM တိုက်ချင်းပစ်ဒုံးကျည်ဟာ Avangard ဟိုက်ပါဆိုးနစ် ဂလိုက်မစ်ဇိုင်း (HGV) ၆စင်းမှ ၁ဝစင်းထိ သယ်ဆောင်ပစ်ခတ်နိုင်ပါတယ်။ ဒါကြောင့် Borei-class SSBN ရေငုတ်သင်္ဘောတစ်စင်း ဟာ Bulava (RSM-56) ICBM မှ တဆင့် Avangard HGV ဟိုက်ပါဆိုးနစ်မစ်ဇိုင်း

၇၂စင်းမှ အစင်း ၁၆ဝထိ သယ်ဆောင် ပစ်ခတ်နိုင်စွမ်း ရှိတယ်လို့ဆိုပါတယ်။ Bulava တိုက်ချင်းပစ်ဒုံးကျည်တစ်စင်းဟာ TNT ၁၅ဝကီလိုတန် ပြင်းအားရှိ နျူကလီယာထိပ်ဖူး ၆ခုကိုတပြိုင်နက် ပစ်ခတ်နိုင်တယ်။ ဒါဟာ ဟီရိုရှီးမားမြို့ကိုအမေရိကန်တွေ တိုက်ခိုက်ခဲ့တဲ့ နျူကလီယာ ဗုံးပြင်းအားထက် အဆ၅ဝမှ ၆၀ ပိုပြင်းထန်တဲ့

နျူကလီယားဗုံးနဲ့ရန်သူ့ပစ်မှတ်ကို တပြိုင်နက် တစ်မုဟုတ်ချင်း တိုက်ခိုက်နိုင်တဲ့ သဘောပဲ ဖြစ်ပါတယ်တဲ့။ Bulava (RSM-56) ဟာ ရေငုတ်သင်္ဘောမှ ပစ်ခတ်ရတဲ့SLBM အမျိုးအစား မစ်ဇိုင်း ဖြစ်ပေမယ့်လည်း သူဟာအကွာအဝေး ၈၃၀၀ ကီလိုမီတာ (၅၁၅ရမိုင်) က ပစ်မှတ်ကို ပစ်ခတ်နိုင်တာကြောင့်

သူ့ကို တိုက်ချင်းပစ်ဒုံးကျည်(ICBM) လို့ ခေါ်ဆိုရခြင်း ဖြစ်ပါတယ်။ နျူကလီယာပါဝါ ရေငုတ်သင်္ဘောကြီး “Knyaz Oleg”ဟာ မကြာမီ ကာလအတွင်း ရုရှားရဲ့ ပစိဖိတ် ရေတပ်သင်္ဘောအုပ်စု Pacific Fleet သို့ လာရောက် တာဝန် ထမ်းဆောင်သွားမှာ ဖြစ်ကြောင်း သိရပါတယ်ဗျာ။

Crd..Yang Aung