ရုရှားကယူကရိန်းနယ်စပ်ဆီသို့ စနိုက်ပါသေနတ်သမားများတပ်ဖြန့်

ရုရှားက ယူကရိန်းနယ်စပ်ဆီသို့ စနိုက်ပါသေနတ်သမားများတပ်ဖြန့် ခရိုင်းမီးယားနှင့် အရှေ့ဘက်ယူကရိန်းဒေသများ၌ မော်စကိုအနေဖြင့် စစ်ရေးတင်းမာမှုဖြစ်နေစဉ်အတွင်း လက်နက်နှင့်စစ်အင်အားများစွာကို တပ်ဖြန့်လျက်ရှိပါတယ်။ဒီလိုတပ်ဖြန့်မှုတွေပြုလုပ်တဲ့အပေါ်မှာ စနိုက်ပါသေနတ်သမားအုပ်စုတွေလည်း ပါဝင်လာတယ်လို့သတင်းတွေထွက်ပေါ်လာပါတယ်။

ဘာကြောင့်လဲဆိုတော့ ဧပြီလ ၅ ရက်နေ့ ရုရှားစနိုက်ပါသေနတ်သမားတွေ တည်ရှိနေတယ်လို့ ယုံကြည်ရတဲ့ Zolotogo-4 နဲ့ Avdiyivky မြို့အနီးရှေ့တန်းနေရာမှာ ယူကရိန်းစစ်သည် ၂ ဦးဟာ သေလောက်နီးပါးဒဏ်ရာရရှိခဲ့တာကြောင့်လည်းဖြစ်ပါတယ်။ရုရှားစနိုက်ပါသေနတ်သမားတွေဟာ အုပ်စုငယ်အဖွဲ့အဖြစ် လှုပ်ရှားဆောင်ရွက်နေကြတာဖြစ်ပြီး ၎င်းတို့ဟာ ကောင်းစွာလေ့ကျင့်ထားတဲ့သူတွေဖြစ်ကာ ခေတ်မီလက်နက်စနစ်တွေကို အသုံးပြုနေတာဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၀ ပြည့်နှစ် ဇွန်လ အစောပိုင်းက ယူကရိန်းစစ်တပ်က ဗီဒီယိုတစ်ခုကို ထုတ်ဖော်ပြသခဲ့ပြီး ၎င်းဗီဒီယိုမှာ ရုရှားရဲ့ Federal Security Service (FSB) အဖွဲ့သားတွေဟာ အရှေ့ဘက်ယူကရိန်းနယ်မြေမှာ စစ်ဆင်ရေးတာဝန်ထမ်းနေကြတာကို တွေ့ရှိရမှာလည်းဖြစ်ပါတယ်။ရုရှားစနိုက်ပါအုပ်စုမှာ AK-105 ချေမှုန်းရေးသေနတ်နဲ့အတူ ခေတ်မီ counter-drone “Zaslon” microwave weapon တွေကိုလည်း တပ်ဆင်အသုံးပြုလျက်ရှိတာကိုတွေ့ရှိရပါတယ်။စနိုက်ပါသေနတ်အုပ်စုတစ်ခုမှာဆိုရင် British Accuracy International AX sniper rifle၊ caliber 338 နဲ့ Austrian Glock 17 pistol တွေကို တပ်ဆင် အသုံးပြုထားတာကိုတွေ့ရမှာဖြစ်ကြောင်းသိရှိရပါတယ်။DB

credit – Myanmarnews24