စက်သုံးဆီဈေးနှုန်း အဆမတန်ဈေးတက်လွန်းလို့ Milk Tea တစ်ခွက်သောက်ရဖို့အတွက် ကိုယ်စီ မြင်းစီးထွက်လာခဲ့ကြတဲ့ သူငယ်ချင်းတစ်စု

စက်သုံးဆီဈေးနှုန်း အဆမတန်ဈေးတက်လွန်းလို့ Milk Tea တစ်ခွက်သောက်ရဖို့အတွက် ကိုယ်စီ မြင်းစီးထွက်လာခဲ့ကြတဲ့ သူငယ်ချင်းတစ်စု

စက်သုံးဆီဈေးနှုန်း အဆမတန်ဈေးတက်လွန်းလို့ Milk Tea တစ်ခွက်သောက်ရဖို့အတွက် ကိုယ်စီ မြင်းစီးထွက်လာခဲ့ကြတဲ့ သူငယ်ချင်းတစ်စု

စီးပွားရေးထိခိုက်မှုများကြောင့် မြန်မာနိုင်ငံနဲ့ အခြားသောနိုင်ငံအပြင် အလားတူ ဖိလစ်ပိုင်နိုင်ငံ၌လည်း လောင်စာဆီဈေးနှုန်းများ နေ့စဉ်ရက်ဆက် မြင့်တက်နေတဲ့အတွက် လောင်စာဆီဈေးမှာ လက်ရှိအချိန်အထိ အဆမတန်မြင့်တက်နေဆဲဖြစ်ပါ တယ်။

ဒါ့ကြောင့် ကားသမားများက အဆိုပါဈေးနှုန်းများ မြင့်တက်မှုနှင့်အတူ ရုန်းကန်နေကြရပေမဲ့ အခြားသူ တွေကတော့ ၎င်းပြဿနာကို လက်ထဲပိုက်ပြီး ကိုယ်တိုင်ဖြေရှင်းနေလျက်ရှိကြပါတယ်။ ဘယ်လိုလုပ် လဲဆိုတော့ ၎င်းတို့ဟာ မြင်းစီးရင်း လောင်စာဆီတွေကို မြက်ပင်နဲ့ အလဲအလှယ်လုပ်နေကြတာပါဘဲ။

ဖိလစ်ပိုင်နိုင်ငံ Malaybalay မြို့ရှိ မြင်းစီးဘော်ဒါအုပ်စုတစ်စုဟာ Forest TEA လို့ခေါ်တဲ့ ဒေသန္တရ လက်ဖက်ရည်ဆိုင်မှာ ၎င်းတို့ရဲ့milk tea သောက်ချင်စိတ်ကို ဖြေရှင်းနိုင်ဖို့အတွက် မော်တော်ကားတွေ အစား မြင်းတွေကိုယ်စီ စီးပြီး ဆိုင်ရှေ့ရောက်လာခဲ့ပါတယ်။ ဆိုင်ပိုင်ရှင် Katrina Cudal Hernandez က လည်း milk tea သောက်ရဖို့အတွက် မြင်းစီးဖောက်သည်တစ်စုက သူမရဲ့လုပ်ငန်းခွင်ကို ဖြတ်သွားသည့် ဗီဒီယိုကို ရိုက်ကူးထားခဲ့ပါတယ်။

ဗီဒီယိုထဲမှာတော့ Katrina ဟာ မြင်းစီးဖောက်သည်တွေအတွက် တစ်ယောက်ပြီးတစ်ယောက် milk tea ကမ်းပေးနေခဲ့ပါတယ်။ ၎င်းကို Katrina က ” စက်သုံးဆီဈေးတက်နေလား? ပြဿနာမရှိပါဘူး! ဘယ်လို နည်းနဲ့ဘဲဖြစ်ဖြစ် ရှင်တို့ရဲ့ milk tea သောက်ချင်စိတ်ကို ပြေပျောက်သွားအောင် ဖန်တီးလိုက်ပါ ” လို့ ဆို ရှယ်မီဒီယာမှာ ရေးသားဖော်ပြခဲ့ပါသေးတယ်။

Zawgyi

စက္သုံးဆီေဈးႏႈန္း အဆမတန္ေဈးတက္လြန္းလို႔ Milk Tea တစ္ခြက္ေသာက္ရဖို႔အတြက္ ကိုယ္စီ ျမင္းစီးထြက္လာခဲ့ၾကတဲ့ သူငယ္ခ်င္းတစ္စု

စီးပြားေရးထိခိုက္မႈမ်ားေၾကာင့္ ျမန္မာႏိုင္ငံနဲ႔ အျခားေသာႏိုင္ငံအျပင္ အလားတူ ဖိလစ္ပိုင္ႏိုင္ငံ၌လည္း ေလာင္စာဆီေဈးႏႈန္းမ်ား ေန႔စဥ္ရက္ဆက္ ျမင့္တက္ေနတဲ့အတြက္ ေလာင္စာဆီေဈးမွာ လက္ရွိအခ်ိန္အထိ အဆမတန္ျမင့္တက္ေနဆဲျဖစ္ပါ တယ္။

ဒါ့ေၾကာင့္ ကားသမားမ်ားက အဆိုပါေဈးႏႈန္းမ်ား ျမင့္တက္မႈႏွင့္အတူ ႐ုန္းကန္ေနၾကရေပမဲ့ အျခားသူ ေတြကေတာ့ ၎ျပႆနာကို လက္ထဲပိုက္ၿပီး ကိုယ္တိုင္ေျဖရွင္းေနလ်က္ရွိၾကပါတယ္။ ဘယ္လိုလုပ္ လဲဆိုေတာ့ ၎တို႔ဟာ ျမင္းစီးရင္း ေလာင္စာဆီေတြကို ျမက္ပင္နဲ႔ အလဲအလွယ္လုပ္ေနၾကတာပါဘဲ။

ဖိလစ္ပိုင္ႏိုင္ငံ Malaybalay ၿမိဳ႕ရွိ ျမင္းစီးေဘာ္ဒါအုပ္စုတစ္စုဟာ Forest TEA လို႔ေခၚတဲ့ ေဒသႏၲရ လက္ဖက္ရည္ဆိုင္မွာ ၎တို႔ရဲ႕milk tea ေသာက္ခ်င္စိတ္ကို ေျဖရွင္းႏိုင္ဖို႔အတြက္ ေမာ္ေတာ္ကားေတြ အစား ျမင္းေတြကိုယ္စီ စီးၿပီး ဆိုင္ေရွ႕ေရာက္လာခဲ့ပါတယ္။ ဆိုင္ပိုင္ရွင္ Katrina Cudal Hernandez က လည္း milk tea ေသာက္ရဖို႔အတြက္ ျမင္းစီးေဖာက္သည္တစ္စုက သူမရဲ႕လုပ္ငန္းခြင္ကို ျဖတ္သြားသည့္ ဗီဒီယိုကို ႐ိုက္ကူးထားခဲ့ပါတယ္။

ဗီဒီယိုထဲမွာေတာ့ Katrina ဟာ ျမင္းစီးေဖာက္သည္ေတြအတြက္ တစ္ေယာက္ၿပီးတစ္ေယာက္ milk tea ကမ္းေပးေနခဲ့ပါတယ္။ ၎ကို Katrina က ” စက္သုံးဆီေဈးတက္ေနလား? ျပႆနာမရွိပါဘူး! ဘယ္လို နည္းနဲ႔ဘဲျဖစ္ျဖစ္ ရွင္တို႔ရဲ႕ milk tea ေသာက္ခ်င္စိတ္ကို ေျပေပ်ာက္သြားေအာင္ ဖန္တီးလိုက္ပါ ” လို႔ ဆို ရွယ္မီဒီယာမွာ ေရးသားေဖာ္ျပခဲ့ပါေသးတယ္။

Crd




9

Crd

arkarta