ငြိမ်နေတာအကောင်းမထင်နဲ့ဆိုပီ နဂါးနဲ့ဝက်ဝံကြီးပေါင်းပီး တပ်ဖွဲ့ဝင် ၁၀၀၀၀နဲ့ပြန်ဖြဲပီ

တရုတ်နှင့် ရုရှားတို့ပူးပေါင်း၍ တပ်ဖွဲ့ဝင် ၁၀၀၀၀ ကျော်ပါဝင်သော ZAPAD/INTERACTION 2021 စစ်ရေးလေ့ကျင့်မှုကို ယနေ့ စတင်ခဲ့ပြီး သြဂုတ်လ ၁၃ ရက်နေ့အထိ ပြုလုပ်သွားမည်

တရုတ်ကာကွွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ လေ့ကျင့်ခန်းတွင်ပါဝင်သော တရုတ်တပ်ဖွဲ့များသည် PLA Western Theatre Command မှ အဓိက ပါဝင်မည်ဖြစ်ပြီး ရုရှားဘက်မှာတော့ အရှေ့ပိုင်းခရိုင်စစ်ဌာနချုပ်မှ တပ်ဖွဲ့ဝင်များပါဝင်မည် ဖြစ်တယ်လို့ ဆိုပါတယ်။

၎င်းစစ်ရေးလေ့ကျင့်မှုကို တရုတ်နိုင်ငံအနောက်ပိုင်း Ningxia Hui ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသဖြစ်သော Qingtonxia မြို့ရှိ (PLA) တပ်ဖွဲ့၏ လေ့ကျင့်ရေးစခန်းဧရိယာတွင် ပြုလုပ်နေခြင်းဖြစ်ပါတယ်။

အဆိုပါ ZAPAD/INTERACTION 2021 စစ်ရေးပူးပေါင်းလေ့ကျင့်မှုတွင် စုစုပေါင်းတပ်ဖွဲ့ဝင် ၁၀၀၀၀ ကျော်ပါဝင်မည်ဖြစ်ပြီး မတူကွဲပြားသော လေယာဉ်များ၊ အမြောက်တပ်များ၊ သံချပ်ကာယာဉ်များနှင့်အတူ ပူးတွဲကင်းထောက်ခြင်း၊ ကြိုတင်သတိပေးခြင်း၊ အီလက်ထရောစစ်ဆင်ရေးနှင့် ပူးတွဲတိုက်ခိုက်မှု စွမ်းရည်များကို မြှင့်တင်ရန် အဓိကထားလေ့ကျင့်မှု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ရုရှားနှင့် တရုတ်တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ ၄ ကြိမ်မြောက်ဖြစ်ပြီး တရုတ်နိုင်ငံတွင် ပထမဆုံးအကြိမ်လက်ခံပြုလုပ်မှုဖြစ်ပါတယ်။ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်မှစ၍ ၂၀၂၀ အထိ နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကိုတော့ ရုရှားနိုင်ငံတွင် ပြုလုပ်ခဲ့တာကိုတွေ့ရပါတယ်။

ပူးပေါင်းစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခြင်းဟာ တရုတ်နှင့် ရုရှားစစ်တပ်များအကြား အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ စစ်ဆင်ရေးကို ပိုမိုနက်ရှိုင်းစေရန်၊ နိုင်ငံတကာနှင့်ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးကိုကာကွယ်ရန် နှစ်နိုင်ငံအကြာားခိုင်မာသောဆက်ဆံရေးကို ပြသရန်ရည်ရွယ်ကြောင်း နှစ်နိုင်ငံ အရာရှိများကပြောကြားခဲ့သည်။

မဟာဗျူဟာမြောက်မိတ်ဖက်နှစ်နိုင်ငံအကြား ထို့ကဲ့သို့ ပူတွဲစစ်ရေးလေ့ကျင့်မှုဟာ နည်းဗျူဟာစွမ်းရည်မြှင့်တင်ခြင်းရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍ ဖြစ်တယ်လို့ PLA (WTC) ဒုတိယဗိုလ်ချူပ်ကြီး Liu Xiaowu က ပြောကြားခဲ့ပါတယ်။
Defence_Hub
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

တ႐ုတ္ႏွင့္ ႐ုရွားတို႔ပူးေပါင္း၍ တပ္ဖြဲ႕ဝင္ ၁၀၀၀၀ ေက်ာ္ပါဝင္ေသာ ZAPAD/INTERACTION 2021 စစ္ေရးေလ့က်င့္မႈကို ယေန႔ စတင္ခဲ့ၿပီး ၾသဂုတ္လ ၁၃ ရက္ေန႔အထိ ျပဳလုပ္သြားမည္

တ႐ုတ္ကာကြြယ္ေရးဝန္ႀကီးဌာန၏ အဆိုအရ ေလ့က်င့္ခန္းတြင္ပါဝင္ေသာ တ႐ုတ္တပ္ဖြဲ႕မ်ားသည္ PLA Western Theatre Command မွ အဓိက ပါဝင္မည္ျဖစ္ၿပီး ႐ုရွားဘက္မွာေတာ့ အေရွ႕ပိုင္းခရိုင္စစ္ဌာနခ်ဳပ္မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္မည္ ျဖစ္တယ္လို႔ ဆိုပါတယ္။

၎စစ္ေရးေလ့က်င့္မႈကို တ႐ုတ္နိုင္ငံအေနာက္ပိုင္း Ningxia Hui ကိုယ္ပိုင္အုပ္ခ်ဴပ္ခြင့္ရေဒသျဖစ္ေသာ Qingtonxia ၿမိဳ႕ရွိ (PLA) တပ္ဖြဲ႕၏ ေလ့က်င့္ေရးစခန္းဧရိယာတြင္ ျပဳလုပ္ေနျခင္းျဖစ္ပါတယ္။

အဆိုပါ ZAPAD/INTERACTION 2021 စစ္ေရးပူးေပါင္းေလ့က်င့္မႈတြင္ စုစုေပါင္းတပ္ဖြဲ႕ဝင္ ၁၀၀၀၀ ေက်ာ္ပါဝင္မည္ျဖစ္ၿပီး မတူကြဲျပားေသာ ေလယာဥ္မ်ား၊ အေျမာက္တပ္မ်ား၊ သံခ်ပ္ကာယာဥ္မ်ားႏွင့္အတူ ပူးတြဲကင္းေထာက္ျခင္း၊ ႀကိဳတင္သတိေပးျခင္း၊ အီလက္ထေရာစစ္ဆင္ေရးႏွင့္ ပူးတြဲတိုက္ခိုက္မႈ စြမ္းရည္မ်ားကို ျမႇင့္တင္ရန္ အဓိကထားေလ့က်င့္မႈ ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။

႐ုရွားႏွင့္ တ႐ုတ္တို႔၏ ပူးတြဲစစ္ေရးေလ့က်င့္မႈဟာ ၄ ႀကိမ္ေျမာက္ျဖစ္ၿပီး တ႐ုတ္နိုင္ငံတြင္ ပထမဆုံးအႀကိမ္လက္ခံျပဳလုပ္မႈျဖစ္ပါတယ္။ ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္မွစ၍ ၂၀၂၀ အထိ ႏွစ္နိုင္ငံပူးတြဲစစ္ေရးေလ့က်င့္မႈေတြကိုေတာ့ ႐ုရွားနိုင္ငံတြင္ ျပဳလုပ္ခဲ့တာကိုေတြ႕ရပါတယ္။

ပူးေပါင္းစစ္ေရးေလ့က်င့္မႈ ျပဳလုပ္ျခင္းဟာ တ႐ုတ္ႏွင့္ ႐ုရွားစစ္တပ္မ်ားအၾကား အၾကမ္းဖက္မႈတိုက္ဖ်က္ေရး၊ စစ္ဆင္ေရးကို ပိုမိုနက္ရွိုင္းေစရန္၊ နိုင္ငံတကာႏွင့္ေဒသတြင္းလုံျခဳံေရးႏွင့္ တည္ၿငိမ္ေရးကိုကာကြယ္ရန္ ႏွစ္နိုင္ငံအၾကာားခိုင္မာေသာဆက္ဆံေရးကို ျပသရန္ရည္ရြယ္ေၾကာင္း ႏွစ္နိုင္ငံ အရာရွိမ်ားကေျပာၾကားခဲ့သည္။

မဟာဗ်ဴဟာေျမာက္မိတ္ဖက္ႏွစ္နိုင္ငံအၾကား ထို႔ကဲ့သို႔ ပူတြဲစစ္ေရးေလ့က်င့္မႈဟာ နည္းဗ်ဴဟာစြမ္းရည္ျမႇင့္တင္ျခင္းရဲ့ အေရးႀကီးတဲ့ အခန္းက႑ ျဖစ္တယ္လို႔ PLA (WTC) ဒုတိယဗိုလ္ခ်ဴပ္ႀကီး Liu Xiaowu က ေျပာၾကားခဲ့ပါတယ္။
Defence_Hub
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။