ငယ်စဉ်ကကင်ဆာရောဂါကိုအတူတကွအနိုင်ယူခဲ့ကြပြီး ၎င်းတို့ပထမဆုံးတွေ့ဆုံခဲ့တဲ့ဆေးရုံ၌သာ လက်ထပ်ခဲ့ကြတဲ့ သူငယ်ချင်းချစ်သူစုံတွဲ (ရုပ်သံ)








Zawgyi

ငယ်စဉ်ကကင်ဆာရောဂါကိုအတူတကွအနိုင်ယူခဲ့ကြပြီး ၎င်းတို့ပထမဆုံးတွေ့ဆုံခဲ့တဲ့ဆေးရုံ၌သာ လက်ထပ်ခဲ့ကြတဲ့ သူငယ်ချင်းချစ်သူစုံတွဲ (ရုပ်သံ)

လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုက Lindsey Wilkerson နှင့် Joel Alsup တို့ဟာ အမေရိကန်နိုင်ငံ Tennessee ပြည်နယ်ရှိ St.Jude Children’s Research Hospital တွင် ကင်ဆာရောဂါသည်လူနာများဖြစ်ခဲ့ကြပါတယ်။ ၎င်းတို့နှစ်ဦးဟာ ယနေ့ခေတ်အထိလျင်မြန်စွာကြီးပြင်းလာခဲ့ပြီး ၎င်းတို့ရဲ့ပထမဆုံးတွေ့ဆုံခဲ့တဲ့နေရာဟောင်းလေးမှာသာ လက်ထပ်ခဲ့ကြပါတယ်။ “ St.Jude ကို ကျေးဇူးတင်တယ်၊ ကျွန်မ အချစ်ဆုံးသူငယ်ချင်းနဲ့ လက်ထပ်ခွင့်ရခဲ့တာ အရမ်းကံကောင်းတယ် ”ဟု Lindsey ကဆိိုခဲ့ပါတယ်။

Lindsey ဟာ သူမအသက် ၁၁ နှစ်မှာ သွေးကင်ဆာရောဂါကို ခံစားခဲ့ရပြီး Joel က သူ့အသက် ၁၁ နှစ်အရွယ်မှာ အရိုးအကျိတ်ကင်ဆာရောဂါကို ခံစားခဲ့ရပါတယ်။ ၎င်းတို့ရဲ့နာမကျန်းဖြစ်မှုကို ကျေးဇူးတင်သောအားဖြင့် ငယ်ရွယ်သေးတဲ့၎င်းတို့သူငယ်ချင်းနှစ်ဦးတို့စာ Memphis ဆေးရုံတွင် အတူတကွတိုက်ပွဲဝင်ရင်း ခိုင်မြဲတဲ့နှောင်ကြိုးတစ်ခုကို လျင်မြန်စွာတည်ဆောက်ခဲ့ကြသော်လည်း နောက်ဆုံးမှာ ၎င်းတို့ရဲ့သီးခြားလမ်းများပေါ်သို့ လျှောက်လှမ်းခဲ့ကြရပါတယ်။

Lindsey ဟာ Tennessee ပြည်နယ်ရှိကောလိပ်တစ်ခုတွင် ရုပ်မြင်သံကြားထုတ်လုပ်မှုကိုလေ့လာနေစဉ် Joel ဟာ Arkansas ပြည်နယ်ရှိ Central University သို့ တက်ရောက်နေခဲ့ပါတယ်။ သို့ပေမယ့် သိပ်မကြာခင်မှာပဲ ၎င်းတို့နှစ်ဦးစလုံးဟာ St. Jude’s ဆေးရုံမှာအမေရိကန် Lebanese Syrian Associated ပရဟိတ (ALSAC) အတွက် အလုပ်လုပ်ကြရင်းကံကြမ္မာက ၎င်းတို့အား အချင်းချင်းပြန်ဆုံဆည်းစေခဲ့ပါတယ်။

၎င်းဆေးရုံဟာ သူတို့နှစ်ဦးရဲ့အချစ်များစတင်ခဲ့တဲ့နေရာဖြစ်ပြီး ၂၀၁၆ခုနှစ် ခုနှစ်စက်တင်ဘာလမှာ Joel ဟာ “Alien” ရုပ်ရှင်ကို တစ်ညတည်းအတူတူကြည့်ခဲ့ပြီးနောက် Lindsey အား သူ့အချစ်ကိုဝန်မခံဘဲမနေနိုင်ခဲ့ပါဘူး။ သူမလည်း သူ့လို ခံစားနေရတာကြောင့် Joel ဟာ ဝမ်းသာနေခဲ့ရပါတယ်။ ထို့နောက် ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် စက်တင်ဘာလမှာ ၎င်းချစ်စရာကောင်းတဲ့စုံတွဲဟာ ၎င်းတို့ရဲ့အသက်အားကယ်တင်ပေးခဲ့တဲ့ဆေးရုံမှာ ကတိသစ္စာပြုကာ လပ်ထက်ခဲ့ကြပါတယ်။

၎င်းနှင့်ပတ်သက်ပြီး ဆေးရုံရဲ့ဥက္ကဠ ဖြစ်တဲ့ Brent Powell က “ ကင်ဆာရောဂါက မင်းတို့ရဲ့ကလေးဘဝကို ဝင်ရောက်ကျူးကျော်ခဲ့တယ် ၊ ဒါမဲ့ မင်းတို့ကြံ့ကြံ့ခံပြီး အနိုင်ယူခဲ့ကြတယ်၊ ခုတော့ မင်းတို့က ငါသိတဲ့အရမ်းချစ်ကြတဲ့လူနှစ်ယောက်ဘဲ ၊ မင်းတို့အချင်းချင်း အချစ်ကိုဝန်ခံဖို့ နှစ် ၂၀ ကြာခဲ့တယ်” ဟု ဆိုခဲ့ပါတယ်။

ထို့အပြင် Lindsey က သူမရဲ့ငယ်သူငယ်ချင်းက သူမရဲ့ခင်ပွန်းဖြစ်လာလိမ့်မယ်လို့ တစ်ခါမှမတွေးဖူးခဲ့သလို Joel နဲ့အတူရှိခဲ့တဲ့အချိန်တိုင်းအတွက် ဝမ်းသာပြီး ကျေးဇူးတင်မိကြောင်းကိုပါ ပြောကြားခဲ့ပါတယ်။ Joel ကလည်း ဒါဟာ သိပ်ကို ထူးဆန်းတဲ့ကံကြမ္မာပါလို့ ပြောကြားခဲ့ပါတယ်။ Joel နှင့် Lindsey တို့ရဲ့အချစ်ဇာတ်လမ်းဟာ မှော်ဆန်တဲ့ ဒဏ္ဍာရီဇာတ်လမ်းတစ်ခုလိုပါဘဲ။ ၎င်းတို့ရဲ့သူငယ်ချင်းခင်မင်မှုကနေ ပိုပိုတိုးလာပြီး အရာတစ်ခုခုစီအထိပြောင်းလဲလာနိုင်ခဲ့တဲ့အတွက်လည်း ဝမ်းသာမိပါတယ်ဗျာ။

crd