ဂွင်ထဲဝင်တာနဲ့ဖြဲလိုက်တဲ့ဒေါ်နယ်ထရမ့်(ဘိုင်ဒင်ကို နုတ်ထွက်ခိုင်းကာ သူ့ကိုသတိရနေကြပြီမို့လားလို့ ပြောလိုက်တဲ့ ထရမ့်)

ဂွင်ထဲဝင်တာနဲ့ဖြဲလိုက်တဲ့ဒေါ်နယ်ထရမ့်(ဘိုင်ဒင်ကို နုတ်ထွက်ခိုင်းကာ သူ့ကိုသတိရနေကြပြီမို့လားလို့ ပြောလိုက်တဲ့ ထရမ့်)

အမေရိကန်တပ်ဖွဲ့တွေကို အာဖဂန်ကနေ ရုတ်သိမ်းပြီးနောက် တာလီဘန်တို့က အာဖဂန်ကိုသိမ်းပိုက်တာနဲ့ပတ်သက်ပြီး သမ္မတဂျိုးဘိုင်ဒင်ကို ရာထူးကနုတ်ထွက်ဖို့အတွက် သမ္မတဟောင်းဒေါ်နယ်ထရမ့်က ပြောဆိုလိုက်ပါတယ်။

ဒါဟာ သူ့ရဲ့ပရိသတ်၊နောက်လိုက်တွေအတွက်တော့ ကျေနပ်အားရစရာကောင်းတဲ့ပြောဆိုမှုမျိုးဖြစ်ပြီး အရှက်တကွဲအကျိုးနည်းဖြစ်ရပ်ကြောင့် နုတ်ထွက်သင့်တာလို့လည်း သူက ဆိုပါတယ်။…

“အာဖဂန်မှာဖြစ်ပျက်ခဲ့တဲ့အရာတွေကြောင့် အခုချိန်က ဘိုင်ဒင်အနေနဲ့ အရှက်တကွဲအကျိုးနည်းဖြစ်ပြီး ကိုဗစ်ကပ်ရောဂါရဲ့ အရှိန်အဟုတ်ကြီးမားနေမှု၊ နယ်စပ်ကပ်ဘေး၊ စွမ်းအင်လွတ်လပ်မှုပျက်စီးခြင်းနဲ့ ချိနဲ့လာတဲ့စီးပွားရေးတွေနဲ့အတူသူ့ရာထူးကနုတ်ထွက်ဖို့ အချိန်တန်နေပြီဖြစ်ပါတယ်”

လို့ ထရမ့်ကပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲမှာလည်း မသမာမှုတွေနဲ့ အနိုင်ရရှိခဲ့တယ်ဆိုတဲ့ သူ့ရဲ့ပြောဆိုနေမှုတွေကိုလည်း ထပ်မံပြီးပြောဆိုခဲ့ပါတယ်။…

“တကယ်ဆိုရင် ဒါက ကိစ္စကြီးကြီးမားမားတွေမဖြစ်သင့်ပါဘူး၊ ဘာလို့လဲဆိုရင် သူက ပထမနေရာကို တရားဝင်ရွေးကောက်တင်မြှောက်ခံခဲ့ရတာမဟုတ်လို့ပါ” လို့ ထရမ့်က ပြင်းပြင်း ထန်ထန်ထိုးနှက်ပြောဆိုခဲ့ပါတယ်။

တာလီဘန်တွေက အာဖဂန်ရဲ့အရေးပါတဲ့ မြို့တွေကို ဆက်တိုက်သိမ်းပိုက်ခဲ့ပြီး ကဘူးလ်မြို့တော်အထိ ရောက်ရှိကာ နိုင်ငံကို အလုံးစုံထိန်းချုပ်ဖို့အတွက် ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။…

ထရမ့်က အာဖဂန်အရေးအမှာ ဘိုင်ဒင်ရဲ့ ကိုင်တွယ်ပုံတွေအပေါ် ပြစ်တင်မှုတွေဆက်တိုက်ပြုလုပ်ခဲ့ပြီး တနင်္ဂ နွေနေ့အစောပိုင်းမှာလည်း အာဖဂန်ကနေ အမေရိကန်တပ်ဖွဲ့တွေ ပြန်လည်ရုတ်သိမ်းခဲ့တာကိုလည်း ရှုတ် ချတဲ့ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပါသေးတယ်။…

“ဝမ်းနည်းကြေကွဲဖွယ်ရာရှုပ်ထွေးမှုတွေ အာဖဂန်မှာဖြစ်ပွားနေသလို နယ်စပ်မှာလည်း လုံးလုံးကြီးပွင့်ထွက်နေပါတယ်၊ ရာဇဝတ်မှုတွေကလည်း စံချိန်တင်မြင့်တက်နေပြီး စက်သုံးဆီဈေးက ခေါင်ခိုက်နေပါပြီ၊

ငွေကြေးဖောင်းပွနေသလို တကမ္ဘာလုံးကလည်း အခွင့်ကောင်းယူနေကြပါတယ်၊ ငါ့ကို သတိရနေကြတယ်မဟုတ်လား” လို့ အဆိုပါထုတ်ပြန်ချက်မှာ ပါဝင်ခဲ့ပါတယ်။…

ထရမ့်အစိုးရလက်ထက်မှာလည်း အမေရိကန်တပ်ဖွဲ့တွေ ပြန်လည်ရုတ်သိမ်းဖို့အတွက် တာလီဘန်တို့နဲ့ ဆွေးနွေးမှုတွေရှိခဲ့ပါတယ်။ ဘိုင်ဒင်လက်ထက်မှာတော့ ရုတ်သိမ်းဖို့အတွက် ဆုံးဖြတ်ခဲ့ကာ ဒီအတွက်နောင်တမရဘူးလို့ သူက ပြောဆိုခဲ့ပါတယ်။

ဘိုင်ဒင်အနေနဲ့ နိုင်ငံတွင်းမှာ ကိုဗစ်ကူးစက်မှုပြသနာကိုလည်း ဖြေရှင်းနေရပြီး နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူတွေအရေးကိုလည်း ကိုင်တွယ်နေရကာ အာဖဂန်ကနေ ကန်သံရုံးဝန်ထမ်းနဲ့ အရပ်ဖက်ဝန်ထမ်းတွေကို ကယ်ထုတ်ဖို့လည်း လုံးပမ်းနေရတာဖြစ်ပါတယ်။…
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi
ဂြင္ထဲဝင္တာနဲ႔ျဖဲလိုက္တဲ့ေဒၚနယ္ထရမ့္(ဘိုင္ဒင္ကို ႏုတ္ထြက္ခိုင္းကာ သူ႔ကိုသတိရေနၾကၿပီမို႔လားလို႔ ေျပာလိုက္တဲ့ ထရမ့္)

အေမရိကန္တပ္ဖြဲ႕ေတြကို အာဖဂန္ကေန ႐ုတ္သိမ္းၿပီးေနာက္ တာလီဘန္တို႔က အာဖဂန္ကိုသိမ္းပိုက္တာနဲ႔ပတ္သက္ၿပီး သမၼတဂ်ိဳးဘိုင္ဒင္ကို ရာထူးကႏုတ္ထြက္ဖို႔အတြက္ သမၼတေဟာင္းေဒၚနယ္ထရမ့္က ေျပာဆိုလိုက္ပါတယ္။

ဒါဟာ သူ႔ရဲ့ပရိသတ္၊ေနာက္လိုက္ေတြအတြက္ေတာ့ ေက်နပ္အားရစရာေကာင္းတဲ့ေျပာဆိုမႈမ်ိဳးျဖစ္ၿပီး အရွက္တကြဲအက်ိဳးနည္းျဖစ္ရပ္ေၾကာင့္ ႏုတ္ထြက္သင့္တာလို႔လည္း သူက ဆိုပါတယ္။…

“အာဖဂန္မွာျဖစ္ပ်က္ခဲ့တဲ့အရာေတြေၾကာင့္ အခုခ်ိန္က ဘိုင္ဒင္အေနနဲ႔ အရွက္တကြဲအက်ိဳးနည္းျဖစ္ၿပီး ကိုဗစ္ကပ္ေရာဂါရဲ့ အရွိန္အဟုတ္ႀကီးမားေနမႈ၊ နယ္စပ္ကပ္ေဘး၊ စြမ္းအင္လြတ္လပ္မႈပ်က္စီးျခင္းနဲ႔ ခ်ိနဲ႔လာတဲ့စီးပြားေရးေတြနဲ႔အတူသူ႔ရာထူးကႏုတ္ထြက္ဖို႔ အခ်ိန္တန္ေနၿပီျဖစ္ပါတယ္”

လို႔ ထရမ့္ကေျပာဆိုခဲ့ပါတယ္။ ဒါ့အျပင္ ေရြးေကာက္ပြဲမွာလည္း မသမာမႈေတြနဲ႔ အနိုင္ရရွိခဲ့တယ္ဆိုတဲ့ သူ႔ရဲ့ေျပာဆိုေနမႈေတြကိုလည္း ထပ္မံၿပီးေျပာဆိုခဲ့ပါတယ္။…

“တကယ္ဆိုရင္ ဒါက ကိစၥႀကီးႀကီးမားမားေတြမျဖစ္သင့္ပါဘူး၊ ဘာလို႔လဲဆိုရင္ သူက ပထမေနရာကို တရားဝင္ေရြးေကာက္တင္ေျမႇာက္ခံခဲ့ရတာမဟုတ္လို႔ပါ” လို႔ ထရမ့္က ျပင္းျပင္း ထန္ထန္ထိုးႏွက္ေျပာဆိုခဲ့ပါတယ္။

တာလီဘန္ေတြက အာဖဂန္ရဲ့အေရးပါတဲ့ ၿမိဳ႕ေတြကို ဆက္တိုက္သိမ္းပိုက္ခဲ့ၿပီး ကဘူးလ္ၿမိဳ႕ေတာ္အထိ ေရာက္ရွိကာ နိုင္ငံကို အလုံးစုံထိန္းခ်ဳပ္ဖို႔အတြက္ ျပင္ဆင္ေနတာလည္းျဖစ္ပါတယ္။…

ထရမ့္က အာဖဂန္အေရးအမွာ ဘိုင္ဒင္ရဲ့ ကိုင္တြယ္ပုံေတြအေပၚ ျပစ္တင္မႈေတြဆက္တိုက္ျပဳလုပ္ခဲ့ၿပီး တနဂၤ ေႏြေန႔အေစာပိုင္းမွာလည္း အာဖဂန္ကေန အေမရိကန္တပ္ဖြဲ႕ေတြ ျပန္လည္႐ုတ္သိမ္းခဲ့တာကိုလည္း ရႈတ္ ခ်တဲ့ေၾကညာခ်က္တစ္ခု ထုတ္ျပန္ခဲ့ပါေသးတယ္။…

“ဝမ္းနည္းေၾကကြဲဖြယ္ရာရႈပ္ေထြးမႈေတြ အာဖဂန္မွာျဖစ္ပြားေနသလို နယ္စပ္မွာလည္း လုံးလုံးႀကီးပြင့္ထြက္ေနပါတယ္၊ ရာဇဝတ္မႈေတြကလည္း စံခ်ိန္တင္ျမင့္တက္ေနၿပီး စက္သုံးဆီေဈးက ေခါင္ခိုက္ေနပါၿပီ၊

ေငြေၾကးေဖာင္းပြေနသလို တကမၻာလုံးကလည္း အခြင့္ေကာင္းယူေနၾကပါတယ္၊ ငါ့ကို သတိရေနၾကတယ္မဟုတ္လား” လို႔ အဆိုပါထုတ္ျပန္ခ်က္မွာ ပါဝင္ခဲ့ပါတယ္။…

ထရမ့္အစိုးရလက္ထက္မွာလည္း အေမရိကန္တပ္ဖြဲ႕ေတြ ျပန္လည္႐ုတ္သိမ္းဖို႔အတြက္ တာလီဘန္တို႔နဲ႔ ေဆြးေႏြးမႈေတြရွိခဲ့ပါတယ္။ ဘိုင္ဒင္လက္ထက္မွာေတာ့ ႐ုတ္သိမ္းဖို႔အတြက္ ဆုံးျဖတ္ခဲ့ကာ ဒီအတြက္ေနာင္တမရဘူးလို႔ သူက ေျပာဆိုခဲ့ပါတယ္။

ဘိုင္ဒင္အေနနဲ႔ နိုင္ငံတြင္းမွာ ကိုဗစ္ကူးစက္မႈျပသနာကိုလည္း ေျဖရွင္းေနရၿပီး နယ္စပ္ျဖတ္ေက်ာ္ဝင္ေရာက္လာသူေတြအေရးကိုလည္း ကိုင္တြယ္ေနရကာ အာဖဂန္ကေန ကန္သံ႐ုံးဝန္ထမ္းနဲ႔ အရပ္ဖက္ဝန္ထမ္းေတြကို ကယ္ထုတ္ဖို႔လည္း လုံးပမ္းေနရတာျဖစ္ပါတယ္။…
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။