ဂျိုးဘိုင်ဒန်သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်မီလက်နက်ကိုင်ဆန္ဒပြမှုတွေပေါ်ပေါက်လာနိုင်ကြောင်းFBIကသတိပေး

ဂျိုးဘိုင်ဒန် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်မီ လက်နက်ကိုင် ဆန္ဒပြမှုတွေ ပေါ်ပေါက်လာနိုင်ကြောင်း FBI သတိပေး

ရွေးကောက်ပွဲအနိုင်ရတဲ့ ဂျိုးဘိုင်ဒန် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်မီ အမေရိကန်တစ်ဝန်းမှာ လက်နက်ကိုင် ဆန္ဒပြမှုတွေ ပေါ်ပေါက်လာနိုင်ကြောင်း FBI (Federal Bureau of Investigation) က သတိပေးလိုက်ပါတယ်။

ဇန်နဝါရီ ၂၀ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ဂျိုးဘိုင်ဒန်ရဲ့ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမှု အခမ်းအနားကို ပစ်မှတ်ထားပြီး လက်နက်ကိုင်အုပ်စုတွေက အမေရိကန်ပြည်နယ် ၅၀ လုံးရဲ့ လွှတ်တော်အဆောက်အအုံတွေနဲ့ ဝါရှင်တန်ဒီစီမှာ စုရုံးကြရန် စီစဥ်နေကြောင်း သတင်းများရရှိထားတယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စု၏မြို့တော်ကိုကာကွယ်ရန် National Guard အမျိုးသားအစောင့်တပ်ဖွဲ့ အား ၀ ါရှင်တန်သို့တပ်သား (၁၅၀၀၀) အထိစေလွှတ်ရန်အခွင့်အာဏာပေးထားပြီး ဝါရှင်တန်အထိမ်းအမှတ်အဆောက်အအုံကို ခရီးသွား ဧည့်သည်များ၀င်ရောက်ခွင့် ကို ဇန်နဝါရီ ၂၄ ရက် အထိ ပိတ်ပင်ထားပါတယ်။
“လုံခြုံရေး၊ ထောက်ပံ့ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးများကိုစနေနေ့တွင် ၀ ါရှင်တန်တွင်တပ်ဖွဲ့ဝင် (၁၀၀၀၀) ခန့် ထားရှိမည်”ဟု အမျိုးသားအစောင့်တပ်ဖွဲ့ဗျူရိုအကြီးအကဲဗိုလ်ချုပ်ကြီး ‘ဒန်နီယယ်ဟာကိုဆန်’ ကသတင်းထောက်များကိုပြောကြားခဲ့ပါတယ်။ဒေသခံအာဏာပိုင်များကတောင်းဆိုလျှင်အင်အား (၁၅၀၀၀) အထိတိုးနိုင်တယ်လို့သူကပြောပါတယ်။

ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်ကတော့ အမေရိကန်လွှတ်တော်အဆောက်အအုံ အပြင်ဘက်မှာ ကျမ်းသစ္စာကျိန်ဆိုရန် ကြောက်ရွံ့မှုမရှိကြောင်း သတင်းထောက်တွေကို ယမန်နေ့ က ပြောခဲ့ပါတယ်။

၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန် အနိုင်ရရှိမှုကို အတည်ပြုရန် ဇန်နဝါရီ ၆ ရက်နေ့က ကွန်ဂရက်လွှတ်တော် အစည်းအ‌ဝေးကျင်းပစဥ် ထရန့်လိုလားသူတွေက လွှတ်တော်အဆောက်အအုံထဲသို့ ဆူပူအကြမ်းဖက် စီးနင်းဝင်ရောက်ခဲ့ကြပါတယ်။ ထိုဖြစ်ရပ်အတွင်း ရဲအရာရှိတစ်ဦး အပါအဝင် လူငါးဦး သေဆုံးခဲ့ပါတယ်။

လွှတ်တော်အဆောက်အအုံကို ၎င်းအားထောက်ခံသူတွေက ဆူပူအကြမ်းဖက်မှုနဲ့ ဆက်စပ်ပြီး ရာထူးသက်တမ်း ရက်ပိုင်းမျှသာ ကျန်ရှိတောတဲ့ သမ္မတထရန့်ကို ဥပဒေအရ စွပ်စွဲပြစ်တင်ပြီး ရာထူးမှဖယ်ရှားရန် ဒီမိုကရက်တို့က အောက်လွှတ်တော် (House of Representative) မှာ စတင်လုပ်ဆောင်နေပါတယ်။

Ref-Reuters
MyanmaPlatForm မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။

zawgyi
ဂျိုးဘိုင်ဒန် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်မီ လက်နက်ကိုင် ဆန္ဒပြမှုတွေ ပေါ်ပေါက်လာနိုင်ကြောင်း FBI သတိပေး

ရွေးကောက်ပွဲအနိုင်ရတဲ့ ဂျိုးဘိုင်ဒန် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်မီ အမေရိကန်တစ်ဝန်းမှာ လက်နက်ကိုင် ဆန္ဒပြမှုတွေ ပေါ်ပေါက်လာနိုင်ကြောင်း FBI (Federal Bureau of Investigation) က သတိပေးလိုက်ပါတယ်။

ဇန်နဝါရီ ၂၀ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ဂျိုးဘိုင်ဒန်ရဲ့ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမှု အခမ်းအနားကို ပစ်မှတ်ထားပြီး လက်နက်ကိုင်အုပ်စုတွေက အမေရိကန်ပြည်နယ် ၅၀ လုံးရဲ့ လွှတ်တော်အဆောက်အအုံတွေနဲ့ ဝါရှင်တန်ဒီစီမှာ စုရုံးကြရန် စီစဉ်နေကြောင်း သတင်းများရရှိထားတယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စု၏မြို့တော်ကိုကာကွယ်ရန် National Guard အမျိုးသားအစောင့်တပ်ဖွဲ့ အား ၀ ါရှင်တန်သို့တပ်သား (၁၅၀၀၀) အထိစေလွှတ်ရန်အခွင့်အာဏာပေးထားပြီး ဝါရှင်တန်အထိမ်းအမှတ်အဆောက်အအုံကို ခရီးသွား ဧည့်သည်များဝင်ရောက်ခွင့် ကို ဇန်နဝါရီ ၂၄ ရက် အထိ ပိတ်ပင်ထားပါတယ်။
“လုံခြုံရေး၊ ထောက်ပံ့ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးများကိုစနေနေ့တွင် ၀ ါရှင်တန်တွင်တပ်ဖွဲ့ဝင် (၁၀၀၀၀) ခန့် ထားရှိမည်”ဟု အမျိုးသားအစောင့်တပ်ဖွဲ့ဗျူရိုအကြီးအကဲဗိုလ်ချုပ်ကြီး ‘ဒန်နီယယ်ဟာကိုဆန်’ ကသတင်းထောက်များကိုပြောကြားခဲ့ပါတယ်။ဒေသခံအာဏာပိုင်များကတောင်းဆိုလျှင်အင်အား (၁၅၀၀၀) အထိတိုးနိုင်တယ်လို့သူကပြောပါတယ်။

ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်ကတော့ အမေရိကန်လွှတ်တော်အဆောက်အအုံ အပြင်ဘက်မှာ ကျမ်းသစ္စာကျိန်ဆိုရန် ကြောက်ရွံ့မှုမရှိကြောင်း သတင်းထောက်တွေကို ယမန်နေ့ က ပြောခဲ့ပါတယ်။

၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန် အနိုင်ရရှိမှုကို အတည်ပြုရန် ဇန်နဝါရီ ၆ ရက်နေ့က ကွန်ဂရက်လွှတ်တော် အစည်းအ‌ဝေးကျင်းပစဉ် ထရန့်လိုလားသူတွေက လွှတ်တော်အဆောက်အအုံထဲသို့ ဆူပူအကြမ်းဖက် စီးနင်းဝင်ရောက်ခဲ့ကြပါတယ်။ ထိုဖြစ်ရပ်အတွင်း ရဲအရာရှိတစ်ဦး အပါအဝင် လူငါးဦး သေဆုံးခဲ့ပါတယ်။