ဂျာမဏီကယူရို၁ဘီလီယံကျော်ဖိုးစစ်လက်နက်ပစ္စည်းများ အရှေ့အလယ်ပိုင်းသို့ရောင်းချရန်အတည်ပြု

ဂျာမဏီက ယူရို ၁ ဘီလီယံကျော်ဖိုးစစ်လက်နက်ပစ္စည်းများ အရှေ့အလယ်ပိုင်းသို့ရောင်းချရန်အတည်ပြု

လွန်ခဲ့သောနှစ်က ဂျာမဏီအစိုးရအနေဖြင့် ပဋိပက္ခပြင်းထန်စွာဖြစ်ပွားကာ လူသေဆုံးမှုမြင့်တက်နေသည့် ယီမင်နှင့်လစ်ဗျားနိုင်ငံများပါဝင်သည့် လက်နက်ရောင်းချပေးမှုသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ ဂျာမဏီသည် ကမ္ဘာ့လက်နက်တင်ပို့မှုအဆင့်တွင် ၅ နေရာ၌ရှိပေသည်။

ဂျာမဏီအနေဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁.၄၁ ဘီလီယံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများကို တင်ပို့ရန်အတည်ပြုလိုက်ပြီဖြစ်သည်ဟု ဂျာမဏီသတင်းဌာနတစ်ခုက အစီရင်ခံဖော်ပြထားခြင်းလည်းဖြစ်သည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့က အီဂျစ်သို့ ယူရို ၇၅၂ သန်း၊ ကာတာသို့ ယူရို ၃၀၅.၁ သန်း၊ UAE သို့ ယူရို ၅၁ သန်း၊ ကူဝိတ်သို့ ယူရို ၂၃.၄ သန်း နှင့် တူရကီသို့ ယူရို ၂၂.၉ သန်းဖိုးရောင်းချရန်အတည်ပြုခဲ့ခြင်းလည်းဖြစ်သည်။ ထို့အပြင် လိုင်စင် ချထားပေးမှုအဖြစ် ဂျော်ဒန်သို့ ယူရို ၁.၇ သန်း၊ ဘာရိန်းသို့ ယူရို ၁.၅ သန်း ဖိုးလည်း ပြုလုပ်ထားကြောင်းသိရှိရသည်။

Ref-DW
Credit – Myanmarnews24