ဂျပန်မှာ ပထမဆုံးအကြိမ်အဖြစ် ယာဂူဇာခေါင်းဆောင်ကို သေဒဏ်ချမှတ်

ဂျပန်မှာ ပထမဆုံးအကြိမ်အဖြစ် ယာဂူဇာခေါင်းဆောင်ကို သေဒဏ်ချမှတ်

ဂျပန်နိုင်ငံ ခရိုင်တရားရုံးက ရာဇဝတ်မှု နာမည်ဆိုးများနဲ့ ကျော်ကြားနေတဲ့ ယာဂူဇာ လူဆိုးဂိုဏ်းရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးကို ဩဂုတ်လ ၂၄ ရက်နေ့ ( အင်္ဂါနေ့) က သေဒဏ် ချမှတ်ခဲ့ပါတယ်။

ယင်းစီရင်ချက်ဟာ ယာဂူဇာလူဆိုးဂိုဏ်းအတွက် ပထမဆုံး အပြစ်ဒဏ် ခံရခြင်း ဖြစ်တယ်လို့ ယူဆရပါတယ်။ ပြစ်ဒဏ်ချခံရတဲ့ အသက် ၇၄ နှစ်အရွယ် ဂိုဏ်းချုပ်ခေါင်းဆောင် Nomura Satoru ဟာ ၁၉၉၈ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ရဲအရာရှိတစ်ဦး နဲ့ ငါးဖမ်းသမဝါယမ အကြီးအကဲဟောင်းတစ်ဦး သေဆုံးခြင်းအပါအဝင် ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု ၄ ခု ကျူးလွန်ထားသူ ဖြစ်တယ်လို့ သိရပါတယ်။

crd:khekcaihmedia
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi



crd:khekcaihmedia