ဂျပန်က အီလက်ထရောနစ်လေယာဉ်သစ်ကို တည်ဆောက်ရန်ဆောင်ရွက်နေ

ဂျပန်က အီလက်ထရောနစ်လေယာဉ်သစ်ကို တည်ဆောက်ရန်ဆောင်ရွက်နေခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၁၅၀ တန်ကြေးရှိတဲ့ လေယာဉ်သစ်တစ်မျိုးကို အီလက်ထရောနစ်စစ်ဆင်ရေးအတွက် တီထွင်ထုတ်လုပ်ဖို့ ရင်းနှီးမြုပ်နှံမယ်လို့ ဂျပန်နိုင်ငံက ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါစီမံကိန်းအတွက် Japanese corporation Kawasaki Heavy Industries ကို တာဝန်ပေးအပ်လိုက်တယ်လို့ ဆိုပါတယ်။လေယာဉ်သစ်အတွက် ဒီဇိုင်းဆွဲ၊ တည်ဆောက်၊ စမ်းသပ်ဖို့အတွက်ဆိုရင် အမေရိကန်ဒေါ်လာ သန်း ၄၄၀ ခန့် ခန့်မှန်းအားဖြင့် ကုန်ကျဖို့ရှိနေတယ်လို့ သိရှိရပါတယ်။

လက်ရှိအချိန်မှာ ဂျပန်ဟာ အီလက်ထရောနစ်စစ်ဆင်ရေးအတွက် Kawasaki-C2 လေယာဉ်ကို အသုံးပြုလျက်ရှိပါတယ်။ဂျပန်စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ ဂျပန်နိုင်ငံဟာ Kawasaki-C2 လေယာဉ်ကို အီလက်ထရောနစ်စစ်ပွဲလေယာဉ် အတွက် အသုံးပြုဖို့ ရှိနေတယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

အဆိုပါစီမံကိန်းဟာ ၂၀၂၆ ခုနှစ်လောက်မှာ ပြီးဆုံးနိုင်တယ်လို့ ခန့်မှန်းထားပြီး ၎င်းတို့အနေနဲ့ ပုံစံ ၂ မျိုးကို တည်ဆောက်ဖို့အတွက် ရည်မှန်းထားတယ်လို့ဆိုပါတယ်။ စမ်းသပ်မှုသာ အောင်မြင်မယ်ဆိုရင် အမြောက်အမြားထုတ်လုပ်ဖို့လည်း စီစဉ်ထားတယ်လို့ သိရှိရပါတယ်။တိုကျိုဟာ ခေတ်မီလေတပ်တစ်ခုတည်ဆောက်ဖို့အတွက် အမြဲတမ်းဆောင်ရွက်နေတာဖြစ်ပြီး လက်ရှိအချိန်မှာလည်း အက်ဖ်-၃၅ တိုက်လေယာဉ်တွေကို ပိုင်ဆိုင်ထားရှိတဲ့အပြင် မျိုးဆက်သစ်တိုက်လေယာဉ်စနစ်ကိုလည်း တည်ဆောက်လျက်ရှိပါတယ်။

အသစ်တည်ဆောက်မယ့် ဂျပန်တို့ရဲ့ အီလက်ထရောနစ်လေယာဉ်မှာ နိုင်ငံခြားထောက်ပံ့မှုတွေပါဝင်နိုင်တယ်လို့ ခန့်မှန်ထားကြပေမယ့်လည်း အတိအကျသတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။ နာမည်ကျော် Lockheed Martin အနေနဲ့ ပါဝင်နိုင်တယ်လို့လည်း ခန့်မှန်းထားကြောင်း သိရှိရပါတယ်။

Ref-MCT

Myanmarnews24