Post Views:
11
“ဂျာမဏီကို ရုရှကနေဓါတ်ငွေ့ပို့တဲ့ ရေအောက်ဓါတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုဟာ စစ်ဖြစ်နိုင်တယ်”လို့ပြောလိုက်တဲ့ အမေရိကန် သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်
ဘောလတစ်ပင်လယ်အောက်ကဖြတ်ပြီး ဂျာမဏီကို ရုရှကနေဓါတ်ငွေ့ပို့တဲ့ ပိုက်လိုင်းပေါက်တာတွေဟာ နိုင်ငံတစ်ခုခုက ထောက်ပံ့ပေးထားတဲ့အကြမ်းဖက်မှု ဖြစ်တယ်လို့ ရုရှက ပြောပါတယ်
အီးယူ အရာရှိတွေကတော့ သည်ဖြစ်ရပ်ဟာ ယူကရိန်းအရေးအခင်းရဲ့ သဘောသဘာဝကို အခြေခံအားဖြင့် ပြောင်းလဲစေခဲ့တယ်လို့ဆိုကြပါတယ်
crd
Unicode
“ဂျာမဏီကို ရုရှကနေဓါတ်ငွေ့ပို့တဲ့ ရေအောက်ဓါတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုဟာ စစ်ဖြစ်နိုင်တယ်”လို့ပြောလိုက်တဲ့ အမေရိကန် သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်
ဘောလတစ်ပင်လယ်အောက်ကဖြတ်ပြီး ဂျာမဏီကို ရုရှကနေဓါတ်ငွေ့ပို့တဲ့ ပိုက်လိုင်းပေါက်တာတွေဟာ နိုင်ငံတစ်ခုခုက ထောက်ပံ့ပေးထားတဲ့အကြမ်းဖက်မှု ဖြစ်တယ်လို့ ရုရှက ပြောပါတယ်
အီးယူ အရာရှိတွေကတော့ သည်ဖြစ်ရပ်ဟာ ယူကရိန်းအရေးအခင်းရဲ့ သဘောသဘာဝကို အခြေခံအားဖြင့် ပြောင်းလဲစေခဲ့တယ်လို့ဆိုကြပါတယ်
Gazprom-led ကုမ္ပဏီရဲ့ Nord Stream 1 နဲ့ 2 ပိုက်လိုင်းတွေပေါက်တာကို အီးယူသမဂ္ဂက စစ်ဆေးနေပြီး ဒိန်းမတ်နဲ့ ဆွီဒင်ကမ်းလွန်နေရာက ပိုက်လိုင်းတွေအခုလိုပေါက်ပြီး ယိုစိမ့်မှုဖြစ်ရတာရဲ့နောက်ကွယ်မှာ အဖျက်အမှောင့်လုပ်ရပ်ရှိမယ်ဆိုပြီး သံသယဖြစ်နေတယ်လို့လည်းပြောပါတယ်
ဖြစ်စဉ်ဖြစ်ပြီး ၄ရက်အကြာမှာ ပေါက်တဲ့နေရာတွေကို တွေ့ခဲ့ပါတယ် ရုရှနဲ့ဥရောပက ပါတနာတွေ
ဘီလျံနဲ့ချီပြီးအကုန်အကျခံလုပ်ထားခဲ့ကြတဲ့ ပိုက်လိုင်းကြီးကို ဘယ်သူကတိုက်ခိုက်ခဲ့သလဲ ဆိုတာကိုတော့ မသိကြသေးပါဘူးတဲ့
” ဒါဟာ အကြမ်းဖက် လုပ်ရပ်ပုံစံပဲ နိုင်ငံနဲ့ချီပြီးလုပ်တဲ့ အနေအထားဖြစ်နိုင်တယ် ” လို့ ကရင်မလင် ပြောခွင့်ရ Dmitry Peskov ကပြောပါတယ်
သည်လို အကြမ်းဖက်မှုမျိုးကို နိုင်ငံတနိုင်ငံကနေ
မထောက်ပံ့ဘဲနဲ့ ဒါမျိုးလုပ်လို့မရဘူး တဲ့
အမေရိကန်က စစ်ပွဲအပေါ်အမြတ်ထုတ်လို့ရတဲ့ ဖက်မှာဘဲရပ်တည်မှာလို့ရုရှကပြောထားခဲ့ဖူးပြီး
သူတို့က အမေရိကန်ထောက်လှမ်းရေးအေဂျင်စီ ရဲ့ အကြံအစည်ဘဲလို့ ဆိုပါတယ်
“ဖလော်ရီဒါကို ရောက်ရှိလာတဲ့ ဟာရီကိန်းမုန်တိုင်းအကြောင်း လူတွေက စိုးရိမ်တကြီး ပြောဆိုနေကြပေမဲ့ ရေရှည်မှာ ပိုပြီးစိုးရိမ်ရမဲ့အရာကတော့ ရေအောက် ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုတွေပဲ။ ကျုပ် သမ္မတဖြစ်တုန်းက ရုရှားနိုင်ငံက Nord Stream 1 နဲ့ 2 ပိုက်လိုင်းတွေဟာ ဂျာမနီနဲ့ ကျန် ဥရောပနိုင်ငံတွေကို ဘယ်လို ထိခိုက်နစ်နာစေမယ်ဆိုတာ ရှင်းပြခဲ့ချိန်တုန်းက လူတွေက ဟာသ လုပ်ခဲ့ကြတယ်။
အခု သူတို့ ဟာသ မလုပ်နိုင်ကြတော့ဘူး။ အခု ပေါက်ကွဲမှုတွေကြောင့် တင်းမာမှုတွေ ပိုဆိုးလာမှာဖြစ်သလို စစ်ပွဲကြီးတောင် ဖြစ်ကောင်း ဖြစ်သွားနိုင်တယ်။”
– (အမေရိကန် သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်)
crd
Crd
Crd
arkarta