“ဂ်ပန္ႏိုင္ငံေပၚကေန ေျမာက္ကိုရီးယားက တိုက္ခ်င္းပစ္ဒုံးက်ည္စမ္းသပ္ပစ္ခတ္ခဲ့တဲ့ျပႆနာအတြက္ တံခါးကို ဖြင့္ရမလား ပိတ္ရမလားမသိျဖစ္ေနသည့္ ကုလလုံၿခဳံေရးေကာင္စီ”

“ဂ်ပန္ႏိုင္ငံေပၚကေန ေျမာက္ကိုရီးယားက တိုက္ခ်င္းပစ္ဒုံးက်ည္စမ္းသပ္ပစ္ခတ္ခဲ့တဲ့ျပႆနာအတြက္ တံခါးကို ဖြင့္ရမလား ပိတ္ရမလားမသိျဖစ္ေနသည့္ ကုလလုံၿခဳံေရးေကာင္စီ”
ဂ်ပန္ႏိုင္ငံေပၚကေန ေျမာက္ကိုရီးယားက တိုက္ခ်င္းပစ္ဒုံးက်ည္စမ္းသပ္ပစ္ခတ္ခဲ့တဲ့အေပၚ အေရးယူဖို႔ အေမရိကန္နဲ႔ ျပင္သစ္က ဦးေဆာင္ၿပီး ေအာက္တိုဘာ ၅ ရက္ေန႔မွာ လုံၿခဳံေရးေကာင္စီ အေရးေပၚအစည္းအေဝးလုပ္မဲ့ အဆိုျပဳခ်က္ကို အဖြဲ႕ဝင္ ၁၅ ႏိုင္ငံလုံးက လက္ခံေပမဲ့ တံခါးပိတ္ေဆြးေႏြးမလား အမ်ားသိေအာင္ဖြင့္ေဆြးေႏြးမလားဆိုတဲ့အေပၚ သေဘာတူညီမႈ မရပဲျဖစ္ေနပါတယ္။
အေမရိကန္နဲ႔ တျခားအဖြဲ႕ဝင္ႏိုင္ငံေတြက အမ်ားသိေအာင္တံခါးဖြင့္ေဆြးေႏြးဖို႔ ဆႏၵရွိေပမဲ့ တ႐ုတ္နဲ႔ ႐ုရွား ႏွစ္ႏိုင္ငံကေတာ့ ေဆြးေႏြးပြဲမွာ ေျပာဆိုၾကမဲ့အေၾကာင္းအရာေတြဟာ ေျမာက္ကိုရီးယားကို ပိုမို ေဒါသထြက္ေစမဲ့အရာေတြပါခဲ့ရင္ အေျခအေနပိုဆိုးလာႏိုင္တဲ့အတြက္ အဖြဲ႕ဝင္ႏိုင္ငံေတြပဲ တံခါးပိတ္ေဆြးေႏြးဖို႔ အဆိုျပဳထားပါတယ္။
ေျမာက္ကိုရီးယားႏိုင္ငံအေနနဲ႔ န်ဴကလီးယားစမ္းသပ္မႈနဲ႔ တိုက္ခ်င္းပစ္ဒုံးက်ည္စမ္းသပ္ ပစ္ခတ္တာေတြ မလုပ္ဖို႔ လုံၿခဳံေရးေကာင္စီဆုံးျဖတ္ခ်က္နဲ႔ တားျမစ္ထားခဲ့တာျဖစ္ပါတယ္။ လုံၿခဳံေရးေကာင္စီဆုံးျဖတ္ခ်က္နဲ႔ စီးပြါးေရးပိတ္ဆို႔တာေတြပါလုပ္ထားတာပါ။ ေအာက္တိုဘာ ၄ ရက္ေန႔ ကေတာ့ ေျမာက္ကိုရီးယားက လုံၿခဳံေရးေကာင္စီဆုံးျဖတ္ခ်က္ကို ခ်ိဳးေဖါက္႐ုံမက ဂ်ပန္ႏိုင္ငံေပၚကပါ ေက်ာ္ျဖတ္ စမ္းသပ္ပစ္ခတ္ခဲ့လို႔ အေရးေပၚအစည္းအေဝးေခၚဖို႔ျဖစ္လာတာပါ။
ေျမာက္ကိုရီးယား ျမန္မာ ဆီးရီးယား အီရန္တို႔နဲ႔ပတ္သက္ရင္ တ႐ုတ္နဲ႔ ႐ုရွားက ဗီတိုအာဏာသုံးေလ့ရွိတာမို႔ အစည္းအေဝးမွာ ဘာေတြေျပာဆိုၾကတယ္ဆိုတာကို အမ်ားသိႏိုင္ဖို႔ အေမရိကန္နဲ႔က်န္အဖြဲ႕ဝင္ႏိုင္ငံေတြက တံခါးဖြင့္ေဆြးေႏြးလိုၾကတာျဖစ္ပါတယ္။
crd
#BNN #UNSC #NorthKorea
#BurmaNewsNetwork
Unicode
“ဂျပန်နိုင်ငံပေါ်ကနေ မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်ပစ်ခတ်ခဲ့တဲ့ပြဿနာအတွက် တံခါးကို ဖွင့်ရမလား ပိတ်ရမလားမသိဖြစ်နေသည့် ကုလလုံခြုံရေးကောင်စီ”
ဂျပန်နိုင်ငံပေါ်ကနေ မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်ပစ်ခတ်ခဲ့တဲ့အပေါ် အရေးယူဖို့ အမေရိကန်နဲ့ ပြင်သစ်က ဦးဆောင်ပြီး အောက်တိုဘာ ၅ ရက်နေ့မှာ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးလုပ်မဲ့ အဆိုပြုချက်ကို အဖွဲ့ဝင် ၁၅ နိုင်ငံလုံးက လက်ခံပေမဲ့ တံခါးပိတ်ဆွေးနွေးမလား အများသိအောင်ဖွင့်ဆွေးနွေးမလားဆိုတဲ့အပေါ် သဘောတူညီမှု မရပဲဖြစ်နေပါတယ်။
အမေရိကန်နဲ့ တခြားအဖွဲ့ဝင်နိုင်ငံတွေက အများသိအောင်တံခါးဖွင့်ဆွေးနွေးဖို့ ဆန္ဒရှိပေမဲ့ တရုတ်နဲ့ ရုရှား နှစ်နိုင်ငံကတော့ ဆွေးနွေးပွဲမှာ ပြောဆိုကြမဲ့အကြောင်းအရာတွေဟာ မြောက်ကိုရီးယားကို ပိုမို ဒေါသထွက်စေမဲ့အရာတွေပါခဲ့ရင် အခြေအနေပိုဆိုးလာနိုင်တဲ့အတွက် အဖွဲ့ဝင်နိုင်ငံတွေပဲ တံခါးပိတ်ဆွေးနွေးဖို့ အဆိုပြုထားပါတယ်။
မြောက်ကိုရီးယားနိုင်ငံအနေနဲ့ နျူကလီးယားစမ်းသပ်မှုနဲ့ တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ် ပစ်ခတ်တာတွေ မလုပ်ဖို့ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်နဲ့ တားမြစ်ထားခဲ့တာဖြစ်ပါတယ်။ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်နဲ့ စီးပွါးရေးပိတ်ဆို့တာတွေပါလုပ်ထားတာပါ။ အောက်တိုဘာ ၄ ရက်နေ့ ကတော့ မြောက်ကိုရီးယားက လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို ချိုးဖေါက်ရုံမက ဂျပန်နိုင်ငံပေါ်ကပါ ကျော်ဖြတ် စမ်းသပ်ပစ်ခတ်ခဲ့လို့ အရေးပေါ်အစည်းအဝေးခေါ်ဖို့ဖြစ်လာတာပါ။
မြောက်ကိုရီးယား မြန်မာ ဆီးရီးယား အီရန်တို့နဲ့ပတ်သက်ရင် တရုတ်နဲ့ ရုရှားက ဗီတိုအာဏာသုံးလေ့ရှိတာမို့ အစည်းအဝေးမှာ ဘာတွေပြောဆိုကြတယ်ဆိုတာကို အများသိနိုင်ဖို့ အမေရိကန်နဲ့ကျန်အဖွဲ့ဝင်နိုင်ငံတွေက တံခါးဖွင့်ဆွေးနွေးလိုကြတာဖြစ်ပါတယ်။
crd
#BNN #UNSC #NorthKorea
#BurmaNewsNetwork
Crd
Crd