ဂ်ပန္နိုင္ငံက ပညာရွင္ေတြ ျပဳလုပ္ဖန္တီးခဲ့ၾကတဲ့ အခြံပါဝါးစားနိုင္မယ့္ စူပါငွက္ေပ်ာ္သီး

ဂ်ပန္နိုင္ငံက ပညာရွင္ေတြ ျပဳလုပ္ဖန္တီးခဲ့ၾကတဲ့ အခြံပါဝါးစားနိုင္မယ့္ စူပါငွက္ေပ်ာ္သီး

အေစ့မဲ့ေထာပတ္သီးစိုက္ပ်ိဳးထုတ္လုပ္ခဲ့ၿပီးေနာက္ယခုအခါဂ်ပန္ႏိုင္ငံကD&Tစိုက္ပ်ိဳးေရးလုပ္ငန္းဟာအခြံခြာရန္မလိုဘဲအခြံပါတပါးတည္းစားႏိုင္တဲ့ ငွက္ေပ်ာသီးကို စိုက္ပ်ိဳး ထုတ္လုပ္ေနၿပီလို႔ ဂ်ပန္ႏိုင္ငံကဆိုပါတယ္။

ဒီငွက္ေပ်ာသီးေတြကို’မြန္ဂီ’ငွက္ေပ်ာသီးလို႔နာမည္ေပးထားၿပီး လြန္ခဲ့တဲ့ႏွစ္ကတည္းက အိုကာယာမာၿမိဳ႕က ကုန္တိုက္တစ္တိုက္မွာ စတင္ေရာင္းခ်မႈျပဳခဲ့ပါတယ္။

အခြံကို ႏူးႏူးညံ့ညံ့ျဖစ္ေအာင္ ငွက္ေပ်ာသီးရဲ႕ႀကီးထြားဆဲလ္ေတြကို အႏုတ္ေျခာက္ဆယ္စင္တီဂရိတ္အထိ တေျဖးေျဖး အေအးဓာတ္ ေပးရတယ္လို႔မြန္ဂီငွက္ေပ်ာသီးကိုသုေသသနျပဳစမ္းသပ္ထုတ္လုပ္လာခဲ့တဲ့ဆက္ဆူဇိုတာနာကာကဆိုပါတယ္။

စိုက္ပ်ိဳးရာမွာလည္း သဘာဝဓာတ္ေျမဩဇာကိုပဲ သုံးတဲ့အတြက္ဓာတုဓာတ္ပစၥည္းေတြအႏၲရာယ္ကိုလုံးဝစိုးရိမ္စရာမရွိဘူးလို႔သူကေျပာၾကားခဲ့ပါတယ္။မြန္ဂီငွက္ေပ်ာသီးရဲ႕အခြံက စားရတာညက္ၿပီး ငွက္ေပ်ာသီးရဲ႕အရသာဟာ နာနတ္သီးအရသာ ေရးေရးေလးရွိတယ္

လို႔ငွက္ေပ်ာသီးကို စမ္းသပ္စားၾကည့္ခဲ့တဲ့သူကဆိုပါတယ္။ငွက္ေပ်ာသီးတစ္ဖီးကိုေျခာက္ရာရွစ္ဆယ့္ေလးယန္းျဖစ္တဲ့အတြက္ေဈးႀကီးသလိုေတာ့ရွိတယ္လို႔ ဆိုပါတယ္။

လတ္တေလာမွာေတာ့ မြန္ဂီငွက္ေပ်ာသီးကို ဂ်ပန္ေဈးကြက္အတြက္ပဲ စိုက္ပ်ိဳးထုတ္လုပ္ေနၿပီး အနာဂတ္မွာေတာ့ ျပည္ပကို လွမ္းဖို႔ ရည္႐ြယ္တယ္လို႔ D&T စိုက္ပ်ိဳးေရးလုပ္ငန္းက တာဝန္ရွိပုဂၢိဳလ္တစ္ဦးက ေျပာၾကားခဲ့ပါတယ္။

Crd..Htoo Htoo San San
👇Unicode👇

ဂျပန်နိုင်ငံက ပညာရှင်တွေ ပြုလုပ်ဖန်တီးခဲ့ကြတဲ့ အခွံပါဝါးစားနိုင်မယ့် စူပါငှက်ပျော်သီး

အစေ့မဲ့ထောပတ်သီးစိုက်ပျိုးထုတ်လုပ်ခဲ့ပြီးနောက်ယခုအခါဂျပန်နိုင်ငံကD&Tစိုက်ပျိုးရေးလုပ်ငန်းဟာအခွံခွာရန်မလိုဘဲအခွံပါတပါးတည်းစားနိုင်တဲ့ ငှက်ပျောသီးကို စိုက်ပျိုး ထုတ်လုပ်နေပြီလို့ ဂျပန်နိုင်ငံကဆိုပါတယ်။

ဒီငှက်ပျောသီးတွေကို’မွန်ဂီ’ငှက်ပျောသီးလို့နာမည်ပေးထားပြီး လွန်ခဲ့တဲ့နှစ်ကတည်းက အိုကာယာမာမြို့က ကုန်တိုက်တစ်တိုက်မှာ စတင်ရောင်းချမှုပြုခဲ့ပါတယ်။

အခွံကို နူးနူးညံ့ညံ့ဖြစ်အောင် ငှက်ပျောသီးရဲ့ကြီးထွားဆဲလ်တွေကို အနုတ်ခြောက်ဆယ်စင်တီဂရိတ်အထိ တဖြေးဖြေး အအေးဓာတ် ပေးရတယ်လို့မွန်ဂီငှက်ပျောသီးကိုသုသေသနပြုစမ်းသပ်ထုတ်လုပ်လာခဲ့တဲ့ဆက်ဆူဇိုတာနာကာကဆိုပါတယ်။

စိုက်ပျိုးရာမှာလည်း သဘာဝဓာတ်မြေဩဇာကိုပဲ သုံးတဲ့အတွက်ဓာတုဓာတ်ပစ္စည်းတွေအန္တရာယ်ကိုလုံးဝစိုးရိမ်စရာမရှိဘူးလို့သူကပြောကြားခဲ့ပါတယ်။မွန်ဂီငှက်ပျောသီးရဲ့အခွံက စားရတာညက်ပြီး ငှက်ပျောသီးရဲ့အရသာဟာ နာနတ်သီးအရသာ ရေးရေးလေးရှိတယ်

လို့ငှက်ပျောသီးကို စမ်းသပ်စားကြည့်ခဲ့တဲ့သူကဆိုပါတယ်။ငှက်ပျောသီးတစ်ဖီးကိုခြောက်ရာရှစ်ဆယ့်လေးယန်းဖြစ်တဲ့အတွက်ဈေးကြီးသလိုတော့ရှိတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ မွန်ဂီငှက်ပျောသီးကို ဂျပန်ဈေးကွက်အတွက်ပဲ စိုက်ပျိုးထုတ်လုပ်နေပြီး အနာဂတ်မှာတော့ ပြည်ပကို လှမ်းဖို့ ရည်ရွယ်တယ်လို့ D&T စိုက်ပျိုးရေးလုပ်ငန်းက တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့ပါတယ်။
Crd..Htoo Htoo San San