ဂိုးသွင်းယူပြီးစစ်အာဏာရှင်ဆန့်ကျင်ရေးလက်သုံးချောင်းထောင်၍ အောင်ပွဲခံခဲ့သည့် ဟိန်းထက်အောင်

“ဂိုးသွင်းယူပြီးစစ်အာဏာရှင်ဆန့်ကျင်ရေးလက်သုံးချောင်းထောင်၍ အောင်ပွဲခံခဲ့သည့် ဟိန်းထက်အောင်”

ရန်ကုန် − မလေးရှားကလပ် ဆီလန်ဂေါလူငယ်အသင်းတွင် ကစားနေသည့် မြန်မာဘောလုံးသမား ဟိန်းထက်အောင်က အသင်းအတွက် ဂိုးသွင်းယူပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေးအမှတ်အသားဖြစ်သည့်လက် သုံးချောင်းထောင်ကာ အောင်ပွဲခံခဲ့သည်။

မတ်လ ၆ ရက်က ယှဉ်ပြိုင်သည့် ဆီလန်ဂေါလူငယ်အသင်း နှင့် PDRM အသင်းတို့ပွဲစဉ်တွင် ဟိန်းထက်အောင် အနိုင်ဂိုးတစ် ဂိုးသွင်းယူခဲ့သည်။ အဆိုပါပွဲတွင် ဆီလန်ဂေါလူငယ်အသင်းက ၃- ၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ယင်း ပွဲတွင် ဟိန်းထက်အောင်သည် ဆီလန်ဂေါ လူငယ်အသင်းအ တွက် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး ၄၂ မိနစ်တွင် ပြစ်ဒဏ် ဘောမှတစ်ဆင့် တိုက်ရိုက်ဂိုး သွင်းခဲ့ခြင်းဖြစ်သည်။

ဟိန်းထက်အောင်သည် ပထမဆုံးလိဂ်ပွဲ တွင် ဂိုးသွင်းယူနိုင်ခြင်းဖြစ်သည်။မြန်မာ ယူ-၁၉ တောင်ပံ တိုက်စစ်ကစားသမား ဟိန်းထက် အောင်သည် မလေးရှားစူပါလိဂ် ကလပ် ဆီလန်ဂေါအသင်းနှင့် ၂၀၂၃ ရာသီအထိ သုံးနှစ်စာချုပ် ဆိုထားသည်။ ဟိန်းထက်အောင်သည် ယခုနှစ်ရာသီတွင် ဆီလန်ဂေါလူ ငယ်အသင်း (ဆီလန်ဂေါ-၂ အ သင်း) တွင် ခြောက်လ (သို့မ ဟုတ်) တစ်နှစ်ခန့် စတင်ကစားရ မည်ဖြစ်ပြီး ၎င်း၏ ခြေစွမ်းအပေါ် မူတည်၍ စီနီယာအသင်းကြီးသို့ ခေါ်ဆောင်ရန် ဆီလန်ဂေါအသင်းက စီစဉ်ထားသည်။

ဓာတ်ပုံ – Selangor FC