“ခ႐ိုင္းမီးယား ဆီဗာစတိုပိုလ္ဆိပ္ကမ္းကို ဒ႐ုန္းေတြတိုက္ခိုက္ခဲ့လို႔ ယူကရိန္းလုံၿခဳံေရးေကာင္စီ အေရးေပၚအစည္းအေဝး အျမန္ေခၚေပးဖို႔ ႐ုရွားကေတာင္းဆို”


“ခ႐ိုင္းမီးယား ဆီဗာစတိုပိုလ္ဆိပ္ကမ္းကို ဒ႐ုန္းေတြတိုက္ခိုက္ခဲ့လို႔ ယူကရိန္းလုံၿခဳံေရးေကာင္စီ အေရးေပၚအစည္းအေဝး အျမန္ေခၚေပးဖို႔ ႐ုရွားကေတာင္းဆို”
၃၀/၁၀/၂၀၂၂ကမာၻႀကီးအတြက္ အစားအစာဖူလုံေစဖို႔ တာဝန္ထမ္းေဆာင္ေပးေနတဲ့ ပင္လယ္နက္ေရတပ္ သေဘၤာ ေတြကို ယူကရိန္းက အၾကမ္းဖက္တိုက္ခိုက္ခဲ့တဲ့အေပၚ လုံၿခဳံေရးေကာင္စီက အေရးေပၚ အစည္း အေဝးေခၚယူဖို႔ ကုလသမဂၢဆိုင္ရာ ႐ုရွားအၿမဲတမ္းကိုယ္စားလွယ္က ေတာင္းဆိုပါတယ္။
ယူကရိန္းကအၾကမ္းဖက္တိုက္ခိုက္ခဲ့တဲ့အတြက္ ပင္လယ္နက္ကေန ေကာက္ပဲသီးႏွံ တင္ပို႔ေရး သေဘာတူညီခ်က္ေတြကို အကန္႔အသတ္မရွိ ဆိုင္းငံ့ထားေၾကာင္းကို ကုလသမဂၢ အေထြေထြ အတြင္းေရးမႉးခ်ဳပ္ အန္တိုနီယို ဂူတာရက္စ္ကိုလည္း တရားဝင္ အေၾကာင္းၾကားၿပီးၿပီလို႔ ႐ုရွား အၿမဲတမ္းကိုယ္စားလွယ္က ေျပာပါတယ္။
ခ႐ိုင္းမီးယား ဆီဗာစတိုပိုလ္ဆိပ္ကမ္းကို ယူကရိန္းက ေအာက္တိုဘာ ၂၉ ရက္မနက္အေစာပိုင္းမွာ ဒ႐ုန္းေတြနဲ႔ တိုက္ခိုက္ခဲ့ေၾကာင္း ႐ုရွားအစိုးရသတင္းေတြက ေဖၚျပပါတယ္။ဆိပ္ကမ္းကို ေကာင္းကင္ေန ဒ႐ုန္းေတြနဲ႔ တိုက္ခိုက္ဖို႔က်ိဳးစားခဲ့႐ုံသာမက ဆီဗာစတိုပိုလ္ ပင္လယ္ေအာ္ေရျပင္ကေန ေရေအာက္ ဒ႐ုန္းေတြအသုံးျပဳၿပီး တိုက္ခိုက္ခဲ့တာလို႔ ၿမိဳ႕ေတာ္ဝန္ မီေခးလ္ ရာဇဗိုရွက္ဗ္က ေျပာပါတယ္။
အထူးစစ္ဆင္ေရး စတင္ခ်ိန္ကစၿပီး ယူကရိန္းရဲ႕ အႀကီးက်ယ္ဆုံးတိုက္ခိုက္မႈျဖစ္တယ္လို႔လည္း ၿမိဳ႕ေတာ္ဝန္ မီေခးလ္ ရာဇဗိုရွက္ဗ္က ေျပာပါတယ္။ ယူကရိန္းတပ္ေတြဟာ ပင္လယ္နက္ေရယာဥ္ရဲ႕ အဓိက တိုက္ သေဘၤာ “Admiral Makarov”နဲ႔ စစ္ဘက္ဆိုင္ရာ အေဆာက္အအုံေတြကို ပစ္မွတ္ထားတိုက္ခိုက္ ႀကိဳးပမ္းခဲ့တာလို႔လည္း မီေခးလ္ ရာဇဗိုရွက္ဗ္က ဆိုပါတယ္။ ဒ႐ုန္းအမ်ားစုကို ႐ုရွားေရတပ္က ပစ္ခတ္ဖ်က္ဆီးႏိုင္ခဲ့တယ္လို႔လည္း မီေခးလ္ ရာဇဗိုရွက္ဗ္က ေျပာပါတယ္။
ယူကရိန္းရဲ႕ ေရေပၚေရအာက္ဒ႐ုန္းတိုက္ခိုက္မႈေတြေၾကာင့္ ဘာေတြပ်က္စီးခဲ့သလဲဆိုတာေတာ့ ႐ုရွာၿမိဳ႕ေတာ္ဝန္က ေျပာမသြားပါဘူး။ ဆီဗာစတိုပိုလ္လူမႈကြန္ယက္ေတြမွာေတာ့ ေရတပ္စခန္းေနရာတခ်ိဳ႕မွာ ေပါက္ကြဲမီးေလာင္ေနတဲ့ ဗီဒီယို ဓါတ္ပုံေတြ ေဖၚျပေနတာေတြ႕ရပါတယ္။ ယူကရိန္းတပ္မေတာ္ကေတာ့ ဘာသတင္းမွ ထုတ္ျပန္ေျပာဆိုတာမေတြ႕ရပါဘူး။
crd#BNN#BurmaNewsNetwork
Unicode“ခရိုင်းမီးယား ဆီဗာစတိုပိုလ်ဆိပ်ကမ်းကို ဒရုန်းတွေတိုက်ခိုက်ခဲ့လို့ ယူကရိန်းလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး အမြန်ခေါ်ပေးဖို့ ရုရှားကတောင်းဆို”
၃၀/၁၀/၂၀၂၂ကမ္ဘာကြီးအတွက် အစားအစာဖူလုံစေဖို့ တာဝန်ထမ်းဆောင်ပေးနေတဲ့ ပင်လယ်နက်ရေတပ် သင်္ဘော တွေကို ယူကရိန်းက အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့အပေါ် လုံခြုံရေးကောင်စီက အရေးပေါ် အစည်း အဝေးခေါ်ယူဖို့ ကုလသမဂ္ဂဆိုင်ရာ ရုရှားအမြဲတမ်းကိုယ်စားလှယ်က တောင်းဆိုပါတယ်။
ယူကရိန်းကအကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့အတွက် ပင်လယ်နက်ကနေ ကောက်ပဲသီးနှံ တင်ပို့ရေး သဘောတူညီချက်တွေကို အကန့်အသတ်မရှိ ဆိုင်းငံ့ထားကြောင်းကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကိုလည်း တရားဝင် အကြောင်းကြားပြီးပြီလို့ ရုရှား အမြဲတမ်းကိုယ်စားလှယ်က ပြောပါတယ်။
ခရိုင်းမီးယား ဆီဗာစတိုပိုလ်ဆိပ်ကမ်းကို ယူကရိန်းက အောက်တိုဘာ ၂၉ ရက်မနက်အစောပိုင်းမှာ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ရုရှားအစိုးရသတင်းတွေက ဖေါ်ပြပါတယ်။ဆိပ်ကမ်းကို ကောင်းကင်နေ ဒရုန်းတွေနဲ့ တိုက်ခိုက်ဖို့ကျိုးစားခဲ့ရုံသာမက ဆီဗာစတိုပိုလ် ပင်လယ်အော်ရေပြင်ကနေ ရေအောက် ဒရုန်းတွေအသုံးပြုပြီး တိုက်ခိုက်ခဲ့တာလို့ မြို့တော်ဝန် မီခေးလ် ရာဇဗိုရှက်ဗ်က ပြောပါတယ်။
အထူးစစ်ဆင်ရေး စတင်ချိန်ကစပြီး ယူကရိန်းရဲ့ အကြီးကျယ်ဆုံးတိုက်ခိုက်မှုဖြစ်တယ်လို့လည်း မြို့တော်ဝန် မီခေးလ် ရာဇဗိုရှက်ဗ်က ပြောပါတယ်။ ယူကရိန်းတပ်တွေဟာ ပင်လယ်နက်ရေယာဉ်ရဲ့ အဓိက တိုက် သင်္ဘော “Admiral Makarov”နဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက် ကြိုးပမ်းခဲ့တာလို့လည်း မီခေးလ် ရာဇဗိုရှက်ဗ်က ဆိုပါတယ်။ ဒရုန်းအများစုကို ရုရှားရေတပ်က ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့လည်း မီခေးလ် ရာဇဗိုရှက်ဗ်က ပြောပါတယ်။
ယူကရိန်းရဲ့ ရေပေါ်ရေအာက်ဒရုန်းတိုက်ခိုက်မှုတွေကြောင့် ဘာတွေပျက်စီးခဲ့သလဲဆိုတာတော့ ရုရှာမြို့တော်ဝန်က ပြောမသွားပါဘူး။ ဆီဗာစတိုပိုလ်လူမှုကွန်ယက်တွေမှာတော့ ရေတပ်စခန်းနေရာတချို့မှာ ပေါက်ကွဲမီးလောင်နေတဲ့ ဗီဒီယို ဓါတ်ပုံတွေ ဖေါ်ပြနေတာတွေ့ရပါတယ်။ ယူကရိန်းတပ်မတော်ကတော့ ဘာသတင်းမှ ထုတ်ပြန်ပြောဆိုတာမတွေ့ရပါဘူး။
crd#BNN#BurmaNewsNetwork
Crd
10
Crd