ချောမောလှပတဲ့ရုပ်ရည်သွင်ပြင်နှင့် ယောင်္ကျားများနဲ့တန်းတူ အလုပ်ကြိုးစားမှုတို့ကြောင့် လူပြောများနေတဲ့ မိန်းကလေး

ကမ္ဘာပေါ်ရှိနေရာတိုင်း၌ အမျိုးသမီးများကို အမျိုးသားများနှင့်တန်းတူဆက်ဆံသည့် နိုင်ငံများရှိနေရင်တောင်မှ အမျိုးသမီးများအား ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုရှိပြီး အခက်အခဲများကိုကျော်လွှားနိုင်စွမ်း ပိုရှိတဲ့ယောက်ျားများအတွက် အသင့်တော်ဆုံး လက်စွဲအလုပ်ဖြစ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်နေကြတာကို မြင်တွေ့ရခဲပါတယ်။

ဆောက်လုပ်ရေးလောကမှာ ယောက်ျားတစ်ယောက်ရဲ့ အလုပ်ကိုလုပ်ကိုင်တဲ့ အမျိုးသမီးတစ်ဦးကို သင်တွေ့ကောင်းတွေ့ဖူးပါလိမ့်မယ်။ သို့ပေမဲ့ သူမရဲ့အသွင်အပြင်က ယောက်ျားလေးဆန်တဲ့ မိန်းမတစ်ယောက် ဒါမှမဟုတ် tomboy လို့ပုံစံဖြစ်နေတတ်တဲ့ဖြစ်နိုင်ချေပိုများပါတယ်။

မကြာသေးမီက အမျိုးသမီးတစ်ဦးဟာ ရုပ်ရည်ချောမောလှပပြီး ငယ်ရွယ်နုနယ်နေသေးသလို သူမဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်များစွာ၌ ယောက်ျားသားများကို အလွယ်တကူအနိုင်ယူနိုင်တဲ့ ခက်ထန်တဲ့ အမျိုးသမီးတစ်ဦးလည်းဖြစ်တာကြောင့် မကြာသေးခင်က လူသိများလာခဲ့ပါတယ်။

သူမလုပ်ရမည့်အလုပ်ကို မပျက်ကွက်ဘဲ ပြီးစီးအောင်လုပ်တတ်တဲ့ အဆိုပါလှပတဲ့ အမျိုးသမီးဟာ Xiao Mei လို့အမည်ရပါတယ်။ လူအချို့က သူမဟာ ရုပ်ရည်ရူပကာလှပရုံသာမက အုတ်ခဲနှင့်အခြားသော ဆောက်လုပ်ရေးပစ္စည်းများစွာကို သယ်ဆောင်နိုင်တာကြောင့် သူမအား“ လက်တွေ့ဘဝ Asian Wonder Woman” ဟု ခေါ်ဆိုကြပါတယ်။

Xiao ဟာသူမက အလုပ်ကြမ်းကို တကယ်လုပ်ကိုင်နိုင်တာကြောင့် သူမအားအမျိုးသားများက အလုပ်ခန့်ရန်အတွက် သူမရဲ့အမျိုးသမီးပါဝါကို ထုတ်မသုံးတတ်ပါဘူး။ သူမစစချင်းအလုပ်ဝင်လုပ်ခဲ့စဉ်က အမျိုးသားများက သူမအားကူညီဖို့ ဒါမှမဟုတ် စိတ်အနှောင့်အယှက် ဖြစ်ရမယ်လို့ထင်ခဲ့ကြပေမဲ့ သူမဟာ လွယ်လွယ်ကူကူမယိမ်းယိုင်ဘဲ ၎င်းတို့ရဲ့လုပ်ငန်းစဉ်အတိုင်းလိုက်လုပ်ကာ သူမဟာဘယ်အရာကိုမဆို ကိုင်တွယ်နိုင်တာကို နောက်ဆုံးမှာ သိသွားခဲ့ကြပါတယ်။

ဆိုရှယ်မီဒီယာတွင် ပြန့်နှံ့နေခဲ့တဲ့ ဗီဒီယိုတစ်ခုမှာ Xiao ဟာ လေးလံတဲ့ ဘိလပ်မြေနှင့်အုတ်ခဲများကို ထမ်းနေခဲ့ပြီး ၎င်းကိုလုပ်ရသည်မှာ လွယ်ကူသည်ဟုထင်ရသော်လည်း အမှန်မှာ ထိုပစ္စည်းများဟာ အတော်လေးကို လေးလံလှပါတယ်။

သူမဟာ ဆောက်လုပ်ရေးသုံးပစ္စည်းများကို လွယ်လွယ်ကူကူကိုင်တွယ်နိုင်ပြီး ဘိလပ်မြေရောစပ်ပုံကိုလည်း ကောင်းစွာသိနေပါတယ်။ ၎င်း Xiao ရဲ့အလုပ်အား လွယ်လွယ်ကူကူလုပ်ကိုင်နေပုံကို ပြသတဲ့ဗီဒီယိုမှာ သူမဟာ သူမရဲ့အလုပ်ကို အလွန် ရေလည် ကျွမ်းကျင်နေပြီဖြစ်သလို သူမဟာ ကင်မရာအတွက်သာ ဓာတ်ပုံရိုက်နေခဲ့ခြင်းမဟုတ်ပါဘူး။

အမျိုးသားကဲ့သို့ တန်းတူကြမ်းတမ်းတဲ့အလုပ်များကို သေသပ်စွာလုပ်ကိုင်နိုင်တဲ့သူမဟာ လက်ရှိမှာ လူပြောများပြီး နာမည်ကြီးနေလျက်ရှိပါတယ်။

Zawgyi

ကမာၻေပၚရွိေနရာတိုင္း၌ အမ်ိဳးသမီးမ်ားကို အမ်ိဳးသားမ်ားႏွင့္တန္းတူဆက္ဆံသည့္ ႏိုင္ငံမ်ားရွိေနရင္ေတာင္မွ အမ်ိဳးသမီးမ်ားအား ႐ုပ္ပိုင္းဆိုင္ရာႀကံ့ခိုင္မႈရွိၿပီး အခက္အခဲမ်ားကိုေက်ာ္လႊားႏိုင္စြမ္း ပိုရွိတဲ့ေယာက္်ားမ်ားအတြက္ အသင့္ေတာ္ဆုံး လက္စြဲအလုပ္ျဖစ္တဲ့ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား လုပ္ကိုင္ေနၾကတာကို ျမင္ေတြ႕ရခဲပါတယ္။

ေဆာက္လုပ္ေရးေလာကမွာ ေယာက္်ားတစ္ေယာက္ရဲ႕ အလုပ္ကိုလုပ္ကိုင္တဲ့ အမ်ိဳးသမီးတစ္ဦးကို သင္ေတြ႕ေကာင္းေတြ႕ဖူးပါလိမ့္မယ္။ သို႔ေပမဲ့ သူမရဲ႕အသြင္အျပင္က ေယာက္်ားေလးဆန္တဲ့ မိန္းမတစ္ေယာက္ ဒါမွမဟုတ္ tomboy လို႔ပုံစံျဖစ္ေနတတ္တဲ့ျဖစ္ႏိုင္ေခ်ပိုမ်ားပါတယ္။

မၾကာေသးမီက အမ်ိဳးသမီးတစ္ဦးဟာ ႐ုပ္ရည္ေခ်ာေမာလွပၿပီး ငယ္႐ြယ္ႏုနယ္ေနေသးသလို သူမဟာ ေဆာက္လုပ္ေရးလုပ္ငန္းခြင္မ်ားစြာ၌ ေယာက္်ားသားမ်ားကို အလြယ္တကူအႏိုင္ယူႏိုင္တဲ့ ခက္ထန္တဲ့ အမ်ိဳးသမီးတစ္ဦးလည္းျဖစ္တာေၾကာင့္ မၾကာေသးခင္က လူသိမ်ားလာခဲ့ပါတယ္။

သူမလုပ္ရမည့္အလုပ္ကို မပ်က္ကြက္ဘဲ ၿပီးစီးေအာင္လုပ္တတ္တဲ့ အဆိုပါလွပတဲ့ အမ်ိဳးသမီးဟာ Xiao Mei လို႔အမည္ရပါတယ္။ လူအခ်ိဳ႕က သူမဟာ ႐ုပ္ရည္႐ူပကာလွပ႐ုံသာမက အုတ္ခဲႏွင့္အျခားေသာ ေဆာက္လုပ္ေရးပစၥည္းမ်ားစြာကို သယ္ေဆာင္ႏိုင္တာေၾကာင့္ သူမအား“ လက္ေတြ႕ဘဝ Asian Wonder Woman” ဟု ေခၚဆိုၾကပါတယ္။

Xiao ဟာသူမက အလုပ္ၾကမ္းကို တကယ္လုပ္ကိုင္ႏိုင္တာေၾကာင့္ သူမအားအမ်ိဳးသားမ်ားက အလုပ္ခန႔္ရန္အတြက္ သူမရဲ႕အမ်ိဳးသမီးပါဝါကို ထုတ္မသုံးတတ္ပါဘူး။ သူမစစခ်င္းအလုပ္ဝင္လုပ္ခဲ့စဥ္က အမ်ိဳးသားမ်ားက သူမအားကူညီဖို႔ ဒါမွမဟုတ္ စိတ္အေႏွာင့္အယွက္ ျဖစ္ရမယ္လို႔ထင္ခဲ့ၾကေပမဲ့ သူမဟာ လြယ္လြယ္ကူကူမယိမ္းယိုင္ဘဲ ၎တို႔ရဲ႕လုပ္ငန္းစဥ္အတိုင္းလိုက္လုပ္ကာ သူမဟာဘယ္အရာကိုမဆို ကိုင္တြယ္ႏိုင္တာကို ေနာက္ဆုံးမွာ သိသြားခဲ့ၾကပါတယ္။

ဆိုရွယ္မီဒီယာတြင္ ျပန႔္ႏွံ႔ေနခဲ့တဲ့ ဗီဒီယိုတစ္ခုမွာ Xiao ဟာ ေလးလံတဲ့ ဘိလပ္ေျမႏွင့္အုတ္ခဲမ်ားကို ထမ္းေနခဲ့ၿပီး ၎ကိုလုပ္ရသည္မွာ လြယ္ကူသည္ဟုထင္ရေသာ္လည္း အမွန္မွာ ထိုပစၥည္းမ်ားဟာ အေတာ္ေလးကို ေလးလံလွပါတယ္။

သူမဟာ ေဆာက္လုပ္ေရးသုံးပစၥည္းမ်ားကို လြယ္လြယ္ကူကူကိုင္တြယ္ႏိုင္ၿပီး ဘိလပ္ေျမေရာစပ္ပုံကိုလည္း ေကာင္းစြာသိေနပါတယ္။ ၎ Xiao ရဲ႕အလုပ္အား လြယ္လြယ္ကူကူလုပ္ကိုင္ေနပုံကို ျပသတဲ့ဗီဒီယိုမွာ သူမဟာ သူမရဲ႕အလုပ္ကို အလြန္ ေရလည္ ကြၽမ္းက်င္ေနၿပီျဖစ္သလို သူမဟာ ကင္မရာအတြက္သာ ဓာတ္ပုံ႐ိုက္ေနခဲ့ျခင္းမဟုတ္ပါဘူး။

အမ်ိဳးသားကဲ့သို႔ တန္းတူၾကမ္းတမ္းတဲ့အလုပ္မ်ားကို ေသသပ္စြာလုပ္ကိုင္ႏိုင္တဲ့သူမဟာ လက္ရွိမွာ လူေျပာမ်ားၿပီး နာမည္ႀကီးေနလ်က္ရွိပါတယ္။

crd