Michael Andile Dlamini လို့အမည်ရတဲ့ တောင်အာဖရိကနိုင်ငံ Nongoma မှ အမျိုးသားတစ်ဦးဟာ သူချမ်း သာကြောင်းလူသိဖို့ ပိုက်ဆံတွေ၊ဘဏ်စာရွက်တွေကို အဝတ်လိုသီဝတ်ပြီး လမ်းပေါ်မှာ လျှေက်သွားပြခဲ့ပါတယ်။
သူဟာလွန်ခဲ့တဲ့(၃)နှစ်က ကုသပေးသူတစ်ယောက်အဖြစ် စတင်အလုပ်လုပ်ကိုင်ခဲ့ပါတယ်။အသက်(၃၃)နှစ် အရွယ် ရှိနေပြီဖြစ်တဲ့ Dlamini ဟာဆေးဖက်ဝင်အပင်များ ရောင်းချသူဖြစ်ပြီး၊နောက်ဆုံးမှာတော့ သူရဲ့တစ်နေ့ဝင်ငွေဟာ အမေရိကန်ဒေါ်လာတစ်ထောင်ကနေ (၁၅၀၀)ကြားအထိ ရှိပါတယ်။
လူတွေက ကျေးဇူးတင်လို့ပေးထားတဲ့ ကျွန်တော့်ကိုပေးထားတဲ့ ဒီပိုက်ဆံတွေကို ကိုယ်ပေါ်မှာအဝတ်လိုသီဝတ်ပါတာပါ။ ကျွန်တော် ဘယ်နေရာသွားသွား လူတွေက ကျွန်တော့်ကို ကြည့်နေကြတယ်လို့ Dlamini ကပြောပါတယ်။
ပိုက်ဆံတွေ၊ ဘဏ်စာရွက်တွေကို သီဝတ်ပြီး သွားလာနေတဲ့ Dlamini ဟာ သူ့ရဲ့လုံခြုံရေးအရ အပြင်သွားရင် သက်တော်စောင့်တွေနဲ့ ခြံရံပြီးသွားလာနေရတယ်လို့ odditycentral.com မှာဖော်ပြထားပါတယ်။