ချစ်သူက ကြိုးစားပမ်းစား ချစ်ခွင့်ပန်ခဲ့ရပေမဲ့ လက်စွပ်ပေါ်ရှိစိန်တုံးက သေးနေလို့ဆိုပြီး ဘာမှမပြောဘဲ လှည့်ထွက်သွားခဲ့တဲ့ မိန်းကလေးတစ်ဦး

မျက်မြင်သက်သေများရဲ့အဆိုအရ အမည်မသိအမျိုးသားတစ်ဦးဟာ တရုတ်နိုင်ငံ Sichuan ပြည်နယ် Chengdu မြို့ရှိ လမ်းတစ်လမ်းမှာ သူ့ရဲ့ချစ်သူကောင်မလေးအား ချစ်ခွင့်ပန်ရန်အတွက် dancer များကိုပါ ဌားရမ်းခဲ့ပါတယ်။

ပထမတော့ ချစ်သူကောင်မလေးက dance r များရဲ့လမ်းပေါ်ထွက်ပြဖျော်ဖြေမှုကြောင့် စိတ်ရှုပ်ထွေးနေခဲ့ပါတယ်။သို့ပေမဲ့ သူမရဲ့ချစ်သူကောင်လေးက သူမထံသို့ လမ်းလျှောက်လာနေတာကို မြင်လိုက်တော့ သူမဟာ မျက်ရည်များကျကာ ငိုနေခဲ့ပါတော့တယ်။ထို့နောက် အဆိုပါချစ်သူကောင်လေးက သူမရှေ့မှာ ဒူးထောက်လိုက်ကာ လက်စွပ် box ကို သူမအား ပြလိုက်တဲ့အခါ စိတ်လှုပ်ရှားပြီးပျော်ရွှင်နေခဲ့တဲ့သူမဟာ ချက်ချင်းပင် ရုပ်ပျက်သွားခဲ့ပါတယ်။

“ အစပိုင်းတော့ သူမက မျက်လုံးမျက်ဆံပြူးရင်း လက်နဲ့ပါးစပ်ကို အုပ်ထားခဲ့ပေမဲ့ ကောင်လေးက လက်စွပ်ကို ဖွင့်ပြလိုက်တော့ သူမက ဘာမှမပြောဘဲ လှည့်ထွက်သွားခဲ့တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဒေသခံ TV သတင်းသို့ ပြောကြားခဲ့ပါတယ်။၎င်းဖြစ်ရပ်ဖြစ်ပျက်သွားခဲ့ပြီးနောက်မှာ အဆိုပါချစ်သူကောင်မလေးနှင့် သူမရဲ့သူငယ်ချင်းဖြစ်သူတို့အကြားရှိ WeChat conversation ရဲ့ screenshot တစ်ခုဟာ online ပေါ်မှာ ပေါ်ထွက်လာခဲ့ပါတယ်။

၎င်းscreenshot အရ အဆိုပါချစ်သူကောင်မလေးက “ ဒါမဲ့ သူက ကာရက်တစ်လုံးလောက်ကြီးတဲ့စိန်လက်စွပ်တစ်ကွင်းကို ၀ယ်ပေးဖို့ ငါနဲ့ သဘောတူခဲ့တယ် ၊ဒါက ဘာလို့ဒီလောက်တောင် သေးငယ်နေရတာလဲ … ” လို့ ပြောဆိုနေခဲ့သလို သူငယ်ချင်းဖြစ်သူကလည်း သူမအား သူမရဲ့ချစ်သူကောင်လေးက သူမအတွက် နောက်တစ်ခေါက်မှာ ပိုကြီးတဲ့စိန်လက်စွပ်ပေးလိမ့်မယ်လို့ ပြောပုံရပြီး “ စိတ်မပူပါနဲ့ ၊ အဲ့ထက်ကြီးတဲ့စိန်လက်စွပ်က နင့်ကို စောင့်နေလိမ့်မယ် ဒါမှမဟုတ် အဲ့အချိန်တုံးက သူပြင်ဆင်ဖို့ အချိန်မလောက်တော့လို့ နေမှာပေါ့” လို့ ဆိုကာ ၎င်းကဲ့သို့ ပြန်ဖြေကြားပေးနေခဲ့ပါသေးတယ်။

၎င်းတို့စုံတွဲက ၎င်းကိစ္စပြီးနောက်မှ ပြတ်သွားတာလား ၊ ဘာတွေဆက်ဖြစ်သွားလဲဆိုတာကိုတော့ သေချာမသိရှိရသေးပါဘူး။စာဖတ်သုတို့ကော အခုကိစ္စကို ဘယ်လိုထင်မြင်မိပါသလဲ။စိန်တုံးကြီးကြီး ၊သေးသေး ဖြစ်နေပါစေ ကိုယ်ချစ်နေရင်တော့ လှမ်းဆွဲပြီး ပွေ့ဖက်ပစ်လိုက်မိမှာတော့ အမှန်ပါဘဲဗျာ။

Mia (KBdailynews)

Reference : rachfeed

Zawgyi

မ်က္ျမင္သက္ေသမ်ားရဲ႕အဆိုအရ အမည္မသိအမ်ိဳးသားတစ္ဦးဟာ တ႐ုတ္ႏိုင္ငံ Sichuan ျပည္နယ္ Chengdu ၿမိဳ႕ရွိ လမ္းတစ္လမ္းမွာ သူ႔ရဲ႕ခ်စ္သူေကာင္မေလးအား ခ်စ္ခြင့္ပန္ရန္အတြက္ dancer မ်ားကိုပါ ဌားရမ္းခဲ့ပါတယ္။

ပထမေတာ့ ခ်စ္သူေကာင္မေလးက dance r မ်ားရဲ႕လမ္းေပၚထြက္ျပေဖ်ာ္ေျဖမႈေၾကာင့္ စိတ္ရႈပ္ေထြးေနခဲ့ပါတယ္။သို႔ေပမဲ့ သူမရဲ႕ခ်စ္သူေကာင္ေလးက သူမထံသို႔ လမ္းေလွ်ာက္လာေနတာကို ျမင္လိုက္ေတာ့ သူမဟာ မ်က္ရည္မ်ားက်ကာ ငိုေနခဲ့ပါေတာ့တယ္။ထို႔ေနာက္ အဆိုပါခ်စ္သူေကာင္ေလးက သူမေရွ႕မွာ ဒူးေထာက္လိုက္ကာ လက္စြပ္ box ကို သူမအား ျပလိုက္တဲ့အခါ စိတ္လႈပ္ရွားၿပီးေပ်ာ္႐ႊင္ေနခဲ့တဲ့သူမဟာ ခ်က္ခ်င္းပင္ ႐ုပ္ပ်က္သြားခဲ့ပါတယ္။

“ အစပိုင္းေတာ့ သူမက မ်က္လုံးမ်က္ဆံျပဴးရင္း လက္နဲ႔ပါးစပ္ကို အုပ္ထားခဲ့ေပမဲ့ ေကာင္ေလးက လက္စြပ္ကို ဖြင့္ျပလိုက္ေတာ့ သူမက ဘာမွမေျပာဘဲ လွည့္ထြက္သြားခဲ့တယ္ ” ဟု မ်က္ျမင္သက္ေသတစ္ဦးက ေဒသခံ TV သတင္းသို႔ ေျပာၾကားခဲ့ပါတယ္။၎ျဖစ္ရပ္ျဖစ္ပ်က္သြားခဲ့ၿပီးေနာက္မွာ အဆိုပါခ်စ္သူေကာင္မေလးႏွင့္ သူမရဲ႕သူငယ္ခ်င္းျဖစ္သူတို႔အၾကားရွိ WeChat conversation ရဲ႕ screenshot တစ္ခုဟာ online ေပၚမွာ ေပၚထြက္လာခဲ့ပါတယ္။

၎screenshot အရ အဆိုပါခ်စ္သူေကာင္မေလးက “ ဒါမဲ့ သူက ကာရက္တစ္လုံးေလာက္ႀကီးတဲ့စိန္လက္စြပ္တစ္ကြင္းကို ၀ယ္ေပးဖို႔ ငါနဲ႔ သေဘာတူခဲ့တယ္ ၊ဒါက ဘာလို႔ဒီေလာက္ေတာင္ ေသးငယ္ေနရတာလဲ … ” လို႔ ေျပာဆိုေနခဲ့သလို သူငယ္ခ်င္းျဖစ္သူကလည္း သူမအား သူမရဲ႕ခ်စ္သူေကာင္ေလးက သူမအတြက္ ေနာက္တစ္ေခါက္မွာ ပိုႀကီးတဲ့စိန္လက္စြပ္ေပးလိမ့္မယ္လို႔ ေျပာပုံရၿပီး “ စိတ္မပူပါနဲ႔ ၊ အဲ့ထက္ႀကီးတဲ့စိန္လက္စြပ္က နင့္ကို ေစာင့္ေနလိမ့္မယ္ ဒါမွမဟုတ္ အဲ့အခ်ိန္တုံးက သူျပင္ဆင္ဖို႔ အခ်ိန္မေလာက္ေတာ့လို႔ ေနမွာေပါ့” လို႔ ဆိုကာ ၎ကဲ့သို႔ ျပန္ေျဖၾကားေပးေနခဲ့ပါေသးတယ္။

၎တို႔စုံတြဲက ၎ကိစၥၿပီးေနာက္မွ ျပတ္သြားတာလား ၊ ဘာေတြဆက္ျဖစ္သြားလဲဆိုတာကိုေတာ့ ေသခ်ာမသိရွိရေသးပါဘူး။စာဖတ္သုတို႔ေကာ အခုကိစၥကို ဘယ္လိုထင္ျမင္မိပါသလဲ။ကြၽန္ေတာ္သာဆိုရင္ေတာ့ စိန္တုံးႀကီးႀကီး ၊ေသးေသး ျဖစ္ေနပါေစ ကိုယ္ခ်စ္ေနရင္ေတာ့ လွမ္းဆြဲၿပီး ေပြ႕ဖက္ပစ္လိုက္မိမွာေတာ့ အမွန္ပါဘဲဗ်ာ။

Mia (KBdailynews)