ချစ်သူမိန်းကလေးရဲ့ မွေးနေ့မှာ Supriseဖြစ်ဖို့အတွက် ထရပ်ကားကို ကရိန်းကြီးနဲ့ ချစ်သူလေးနေထိုင်ရာ ၅ထပ်မြောက်တိုက်ခန်းဆီ ပို့ခိုင်းခဲ့သော လူငယ်တစ်ဦး

ရုရှားနိုင်ငံမှ လူငယ်လေးတစ်ဦးသည် ချစ်သူမိန်းကလေးကို မွေးနေ့မှာ Supriseအဖြစ်ဆုံးလက်ဆောင်ကို ပေးချင်တာကြောင့် သူ့ရဲ့ထရပ်ကားကို ပူဖောင်းတွေနဲ့ အလှဆင်ထားခဲ့သည်။

လူငယ်လေးသည် ချစ်သူမိန်းကလေးနေထိုင်ရာ အဆောက်အဦးရှေ့သို့ သွားရောက်ကာ ကရိန်းစက်ကြီးကို ဌားရမ်းပြီးတော့ သူ့ရဲ့ထရပ်ကားကို ချစ်သူလေးနေသည့် ၅ထပ်မြောက်တိုက်ခန်းဆီကို ဖြည်းဖြည်းချင်း မတင်ခိုင်းခဲ့သည်။

လူငယ်လေးသည် Supriseလုပ်ရာတွင် သီချင်းသံကို အကျယ်ကြီးဖွင့်ထား၍ ချစ်သူမိန်းကလေးရော အခြားသော တိုက်ခန်းဆီကလူတွေပါ ထွက်ကြည့်ကုန်ကြပြီး အချို့ကျတော့ ထရပ်ကားတစ်စီးလုံး အပေါ်ရောက်နေတာကို မြင်ပြီး ကြောက်အားလန့်အားနဲ့ ရဲစခန်းဆီဖုန်းဆက်တိုင်ကြားခဲ့ကြသည်။

Rain (For Ialinks)

Unicode





Rain (For Ialinks)

Crd