ခေတ်ကုန်သွားတဲ့ Supersonica‌ နယူးယောက်နဲ့လန်ဒန်သွားဖို့ကို တစ်နာရီတောင်မကြာ‌မယ့်Hypersonicဂျက်လေယာဉ်

Supersonica‌ခေတ်ကုန်ပီ နယူးယောက်နဲ့လန်ဒန်သွားဖို့ကို တစ်နာရီမကြာတော့မယ့် Hypersonicဂျက်လေယာဉ်

အသံထက်မြန်တဲ့ လေယာဉ်မကြာခင် ထွက်ပေါ်လာပါတော့မယ်၊လွန်ခဲ့သော 18လက Boom ဟာ XB-1 သရုပ်ဖော်လေယာဉ်ကို အောင်အောင်မြင်မြင်နဲ့ စမ်းသပ်နိုင်ခဲ့ပြီး အယောက်30ဆန့်သည့် Overture မော်ဒယ်15ခုကို United Airline အား ကြိုတင်ရောင်းချခဲ့ပါတယ်၊ Virgin Galactic နဲ့ Rolls Rayceကလည်း 19 စီးခုံတမျိုးတည်ဆောက်ရန် ပူးပေါင်းမှုကိုစတင်ခဲ့ပါတယ်၊ ရုရှားပြည်ထောင်စုကတောင်မှ အသံထက်မြန်တဲ့ဂျက်လေယာဉ်ကို စီးပွားဖြစ် တည်ဆောက်ရန်စီစဉ်ခဲ့ပါတယ်၊

ဒါ့အပြင် Hermeus Quarterhorse အမျိုးအစားလည်းရှိပါသေးတယ်၊ အသံထက် 5ဆမြန်တဲ့ အမျိုးအစားကိုစဉ်းစားနေတယ်ဆိုရင် Hermeus Quarterhorse ရှိပါတယ်

လွန်ခဲ့တဲ့ အပတ်တွင် အတ္တလန္တာ အခြေစိုက်ကုမ္ပဏီက အမေရိကန်လေတပ်မှ ဒေါ်လာ သန်း60အား လေယာဉ်စမ်းသပ်ရန် ဆုကြေးငွေအဖြစ်ရရှိခဲ့ကြောင်းကြေညာခဲ့ပါတယ်၊ဂရိနတ်ဘုရားHermesကဲ့သို့ ယခု Hermeusဟာဆိုရင် Mach 5.5 (သို့မဟုတ်) 4,219 mph နှုန်းဖြင့် ကမ္ဘာအနှံ့အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရန်ဒီဇိုင်းဆွဲထားတာဖြစ်ပါတယ်၊ ၎င်းသည်ပြန်လည် အသုံးပြုနိုင်သော အမြန်ဆုံးလေယာဉ်ဖြစ်ပြီး နယူးယောက်နဲ့ လန်ဒန် သို့ သွားရန် တစ်နာရီတောင်မကြာပါဘူး၊

ထိုကဲ့သို့သော အမြန်နှုန်းဟာ တာဘိုင်အခြေပြုပေါင်းစပ်လည်ပတ်သော တွန်းကန်စနစ်ပါဝင်သည့် အင်ဂျင် တပ်ဆင်ခြင်းမှ ဖြစ်လာတာဖြစ်ပြီး ထိုစနစ်ကို အဆင့်မြင့်ဂျက်လေယာဉ် ပျံသန်းဖို့နဲ့ ဆင်းသက်ရာတွင် အသုံးပြုပြီး ramjet သို့မဟုတ် scramjetအတွက် လုံလောက်တဲ့ အမြန်နှုန်းတည်ဆောက်ရန် ဒုတိယတာဘိုင်အင်ဂျင်အဖြစ်အသုံးပြုကြပါတယ်၊ဒါပေမယ့် လောင်ကျွမ်း စေဖို့အတွက် များပြားတဲ့လေစီးဆင်းမှု လိုအပ်ပါတယ်၊အခက်အခဲကတော့ တာဘိုင် အကူးအပြောင်းကြား စီမံရန်နှင့် လိုအပ်သော လေခွင်းအားရရှိရန်ဖြစ်ပါတယ်၊

Hermeusဟာကောင်းမွန်တဲ့ စတင်မှုတခုဖြစ်ပြီးကိုးလအတွင်း GE J85 turbo ဂျက်လေယာဉ်အားအခြေခံကာ ဒီဇိုင်းဆွဲတည်ဆောက်ရင်း စမ်းသပ်မှုတွေပြုလုပ်ခဲ့ပါတယ်၊ ထိုသို့စမ်းသပ်ရာတွင် အားသာချက်2မျိုးတွေ့ရပါတယ်၊ Quarterhorseဟာ အလိုအလျောက်ပျံသန်းနိုင်တာကြောင့် ဖွံ့ဖြိုးရေးအဖွဲ့ဟာ လေယာဉ်မောင်းသူတို့အား အသက် အန္တရာယ်မရှိစေပဲလေ့လာနိုင်ပါတယ်၊

အခုဆိုရင် အသေးစားဗားရှင်းကို 2023ခုနှစ်တွင် စမ်းသပ်ရန်စီစဉ်နေပြီး 2025တွင် ကုန်ပစ္စည်းသယ်ဆောင်ရန်အလတ်စားဗားရှင်းနှင့် 2029တွင် စီးပွားဖြစ် လူတင်ဆောင်ရန် အကြီးစားဗားရှင်းတည်ဆောက်ဖို့ အစီအစဉ်ရှိပါတယ်၊

တခြား အားသာချက်ကတော့ အစိုးရဝင်ငွေပဲဖြစ်ပါတယ်၊US လေတပ်နဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့ပူးပေါင်းမှုသည် အသံထက်မြန်တဲ့ လေယာဉ်ကိုစိတ်ဝင်စားကြောင်းပြသနေပြီး Hermeusနဲ့ NASAတို့ ပူးပေါင်းနေချိန်2021 ဖေဖော်ဝါရီလတွင်ကြေညာခဲ့ပါတယ်၊”ကျွန်တော်တို့ယခုတည်ဆောက်နေတာဟာ စီးပွားရေးအရရော ကာကွယ်ရေးအရပါအသုံးချဖို့ဖြစ်ပါတယ်”လို့ Hermeus CEO AJ Piplica က ပြောပါတယ်၊

ဟုတ်ပါတယ်၊ကာကွယ်ရေးကအရေးကြီးပါတယ်၊ဒါပေမယ့်ကျွန်တော်တို့မနက်ခင်းမှာနိုးပြီး နေ့လည်နောက်ပိုင်း လက်ဖက်ရည်သောက်ချိန် St.Andrews မှာရောက်‌နေရင် သတိပေးပါအုံး။
writer:Evelyn

Arkarta.com Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

zawgyi
Supersonica‌ေခတ္ကုန္ပီ နယူးေယာက္နဲ႔လန္ဒန္သြားဖို႔ကို တစ္နာရီမၾကာေတာ့မယ့္ Hypersonicဂ်က္ေလယာဥ္

အသံထက္ျမန္တဲ့ ေလယာဥ္မၾကာခင္ ထြက္ေပၚလာပါေတာ့မယ္၊လြန္ခဲ့ေသာ 18လက Boom ဟာ XB-1 သ႐ုပ္ေဖာ္ေလယာဥ္ကို ေအာင္ေအာင္ျမင္ျမင္နဲ႔ စမ္းသပ္နိုင္ခဲ့ၿပီး အေယာက္30ဆန႔္သည့္ Overture ေမာ္ဒယ္15ခုကို United Airline အား ႀကိဳတင္ေရာင္းခ်ခဲ့ပါတယ္၊ Virgin Galactic နဲ႔ Rolls Rayceကလည္း 19 စီးခုံတမ်ိဳးတည္ေဆာက္ရန္ ပူးေပါင္းမႈကိုစတင္ခဲ့ပါတယ္၊ ႐ုရွားျပည္ေထာင္စုကေတာင္မွ အသံထက္ျမန္တဲ့ဂ်က္ေလယာဥ္ကို စီးပြားျဖစ္ တည္ေဆာက္ရန္စီစဥ္ခဲ့ပါတယ္၊

ဒါ့အျပင္ Hermeus Quarterhorse အမ်ိဳးအစားလည္းရွိပါေသးတယ္၊ အသံထက္ 5ဆျမန္တဲ့ အမ်ိဳးအစားကိုစဥ္းစားေနတယ္ဆိုရင္ Hermeus Quarterhorse ရွိပါတယ္

လြန္ခဲ့တဲ့ အပတ္တြင္ အတၱလႏၲာ အေျခစိုက္ကုမၸဏီက အေမရိကန္ေလတပ္မွ ေဒၚလာ သန္း60အား ေလယာဥ္စမ္းသပ္ရန္ ဆုေၾကးေငြအျဖစ္ရရွိခဲ့ေၾကာင္းေၾကညာခဲ့ပါတယ္၊ဂရိနတ္ဘုရားHermesကဲ့သို႔ ယခု Hermeusဟာဆိုရင္ Mach 5.5 (သို႔မဟုတ္) 4,219 mph ႏႈန္းျဖင့္ ကမၻာအႏွံ့အဆင္ေျပေခ်ာေမြ႕စြာ သြားလာနိုင္ေစရန္ဒီဇိုင္းဆြဲထားတာျဖစ္ပါတယ္၊ ၎သည္ျပန္လည္ အသုံးျပဳနိုင္ေသာ အျမန္ဆုံးေလယာဥ္ျဖစ္ၿပီး နယူးေယာက္နဲ႔ လန္ဒန္ သို႔ သြားရန္ တစ္နာရီေတာင္မၾကာပါဘူး၊

ထိုကဲ့သို႔ေသာ အျမန္ႏႈန္းဟာ တာဘိုင္အေျချပဳေပါင္းစပ္လည္ပတ္ေသာ တြန္းကန္စနစ္ပါဝင္သည့္ အင္ဂ်င္ တပ္ဆင္ျခင္းမွ ျဖစ္လာတာျဖစ္ၿပီး ထိုစနစ္ကို အဆင့္ျမင့္ဂ်က္ေလယာဥ္ ပ်ံသန္းဖို႔နဲ႔ ဆင္းသက္ရာတြင္ အသုံးျပဳၿပီး ramjet သို႔မဟုတ္ scramjetအတြက္ လုံေလာက္တဲ့ အျမန္ႏႈန္းတည္ေဆာက္ရန္ ဒုတိယတာဘိုင္အင္ဂ်င္အျဖစ္အသုံးျပဳၾကပါတယ္၊ဒါေပမယ့္ ေလာင္ကၽြမ္း ေစဖို႔အတြက္ မ်ားျပားတဲ့ေလစီးဆင္းမႈ လိုအပ္ပါတယ္၊အခက္အခဲကေတာ့ တာဘိုင္ အကူးအေျပာင္းၾကား စီမံရန္ႏွင့္ လိုအပ္ေသာ ေလခြင္းအားရရွိရန္ျဖစ္ပါတယ္၊

Hermeusဟာေကာင္းမြန္တဲ့ စတင္မႈတခုျဖစ္ၿပီးကိုးလအတြင္း GE J85 turbo ဂ်က္ေလယာဥ္အားအေျခခံကာ ဒီဇိုင္းဆြဲတည္ေဆာက္ရင္း စမ္းသပ္မႈေတြျပဳလုပ္ခဲ့ပါတယ္၊ ထိုသို႔စမ္းသပ္ရာတြင္ အားသာခ်က္2မ်ိဳးေတြ႕ရပါတယ္၊ Quarterhorseဟာ အလိုအေလ်ာက္ပ်ံသန္းနိုင္တာေၾကာင့္ ဖြံ့ၿဖိဳးေရးအဖြဲ႕ဟာ ေလယာဥ္ေမာင္းသူတို႔အား အသက္ အႏၲရာယ္မရွိေစပဲေလ့လာနိုင္ပါတယ္၊

အခုဆိုရင္ အေသးစားဗားရွင္းကို 2023ခုႏွစ္တြင္ စမ္းသပ္ရန္စီစဥ္ေနၿပီး 2025တြင္ ကုန္ပစၥည္းသယ္ေဆာင္ရန္အလတ္စားဗားရွင္းႏွင့္ 2029တြင္ စီးပြားျဖစ္ လူတင္ေဆာင္ရန္ အႀကီးစားဗားရွင္းတည္ေဆာက္ဖို႔ အစီအစဥ္ရွိပါတယ္၊

တျခား အားသာခ်က္ကေတာ့ အစိုးရဝင္ေငြပဲျဖစ္ပါတယ္၊US ေလတပ္နဲ႔ ကာကြယ္ေရးဝန္ႀကီးဌာနတို႔ပူးေပါင္းမႈသည္ အသံထက္ျမန္တဲ့ ေလယာဥ္ကိုစိတ္ဝင္စားေၾကာင္းျပသေနၿပီး Hermeusနဲ႔ NASAတို႔ ပူးေပါင္းေနခ်ိန္2021 ေဖေဖာ္ဝါရီလတြင္ေၾကညာခဲ့ပါတယ္၊”ကၽြန္ေတာ္တို႔ယခုတည္ေဆာက္ေနတာဟာ စီးပြားေရးအရေရာ ကာကြယ္ေရးအရပါအသုံးခ်ဖို႔ျဖစ္ပါတယ္”လို႔ Hermeus CEO AJ Piplica က ေျပာပါတယ္၊

ဟုတ္ပါတယ္၊ကာကြယ္ေရးကအေရးႀကီးပါတယ္၊ဒါေပမယ့္ကၽြန္ေတာ္တို႔မနက္ခင္းမွာနိုးၿပီး ေန႔လည္ေနာက္ပိုင္း လက္ဖက္ရည္ေသာက္ခ်ိန္ St.Andrews မွာေရာက္‌ေနရင္ သတိေပးပါအုံး။
writer:Evelyn

Arkarta.com Copyright © 2021 ကူးယူ ေဖာ္ျပခြင့္ လုံးဝ ခြင့္မျပဳပါ။