အဖေမှာထားသလိုကိုယ်ကအရင်ဦးအောင်အမြဲဆော်တတ်တဲ့အစ္စရေး(ခုနစ်နှစ်အတွင်း ပထမဆုံးအဖြစ် လက်ဘနွန်ပိုင်နက်ထဲ အစ္စရေး လေကြောင်းတိုက်ခိုက်)

ခုနစ်နှစ်အတွင်း ပထမဆုံးအဖြစ် လက်ဘနွန်ပိုင်နက်ထဲ အစ္စရေး လေကြောင်းတိုက်ခိုက်

နယ်စပ်တစ်ဖက်ကနေ ဒုံးကျည်တွေ နှစ်ရက်မြောက် ပစ်ခတ်ခံရပြီးနောက်မှာ အိမ်နီးချင်း လက်ဘနွန်နိုင်ငံကို ခုနစ်နှစ်အတွင်းမှာ ပထမဆုံးအဖြစ် ကြာသပတေးနေ့က လေကြောင်းတိုက်ခိုက်မှု ဆင်နွှဲခဲ့တယ်လို့ အစ္စရေးလေတပ်က ပြောပါတယ်။ ဒါဟာ အစ္စရေးနိုင်ငံရဲ့ နည်းဗျူဟာ အပြောင်းအလဲ ဖော်ဆောင်တာဖြစ်ပြီး ‘အခြေအနေကို ပိုပြင်းထန်လာစေတဲ့ လုပ်ရပ်’ပဲလို့ လက်ဘနွန်နိုင်ငံက ရှုတ်ချပြောဆိုပြီး ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းရေးသမားတွေကလည်း သည်းခံထိန်းချုပ်ကြဖို့ တိုက်တွန်းပြောဆိုပါတယ်။ “ဒီကနေ့ ကြာသပတေးနေ့ အစောပိုင်းမှ

ာ လက်ဘနွန်ဖက်ကနေ အစ္စရေးပိုင်နက်ဆီ ဒုံးကျည်တွေ ပစ်ခတ်လာခဲ့တယ်”လို့ အစ္စရေးလေတပ်က တွစ်တာမှာ ရေးသားပါတယ်။ “ဒါကို လက်တုံ့ပြန်ပြီး ဒုံးကျည်ပစ်လွှတ်ရာ နေရာတွေနဲ့ လက်ဘနွန်က အကြမ်းဖက်တွေ အသုံးပြုတဲ့ အခြေခံအဆောက်အအုံတွေကို တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့ရတာ ဖြစ်တယ်”လို့ တွစ်တာရေးသားချက်မှာ ဆိုပါတယ်။ “ပြီးခဲ့တဲ့ရက်ကလည်းဒုံးကျည်တွေ ပစ်လွှတ်တိုက်ခိုက်လာတာဖြစ်ပြီး

အဲဒီ ဧရိယာက နောက်ထပ် ပစ်မှတ်တစ်ခုကိုပါ တိုက်ခိုက်ခဲ့တယ်”လို့ အစ္စရေးလေတပ် တွစ်တာမှာ ဖော်ပြပါတယ်။ အစ္စရေး လေယာဉ်တွေဟာ ဂါဇာက ပါလက်စတိုင်း လက်နက်ကိုင်ပစ်မှတ်တွေနဲ့ ဆီးရီးယားက ဟဇ်ဘိုလာနဲ့ အီရန်ပစ်မှတ်တွေကို ပုံမှန်ဆိုသလို လေကြောင်းတိုက်ခိုက်လေ့ရှိပေမယ့် လက်ဘနွန်က ပစ်မှတ်တွေကို တိုက်ခိုက်တာဟာ ၂၀၁၄ နောက်ပိုင်း ပထမဆုံးပဲ ဖြစ်တယ်လို့ လေတပ်က အတည်ပြုပါတယ်။

နံနက် ၁၂ နာရီ မိနစ် ၄၀ ဝန်းကျင်မှာ နယ်စပ်ကနေ ၁၁ ကီလိုမီတာ(ခုနစ်မိုင်)အကွာက မာမူဒီယာမြို့အပြင်ဖက်မှာ အစ္စရေးလေယာဉ်တွေ လာရောက်တိုက်ခိုက်တာဖြစ်တယ်လို့ ဩဇာကြီး ရှီယိုက်အုပ်စု ဟဇ်ဘိုလာ ထိန်းချုပ်တဲ့ လက်ဘနွန်က Al-Manar ရုပ်သံက ထုတ်လွှင့်ပါတယ်။ အခု လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး လက်ဘနွန်နိုင်ငံပိုင် National News Agency သတင်းဌာနက ထုတ်ပြန်ပေမယ့်

အသေးစိတ်တော့ မဖော်ပြပါ။ လက်ဘနွန် ကျေးရွာတွေကို ပစ်မှတ်ထားပြီး အစ္စရေးရဲ့ လေတပ်အသုံးချမှုဟာ ၂၀၀၆ နောက်ပိုင်းမှာ အဲဒီလို လုပ်ဆောင်မှုမျိုးက ပထမဆုံးဖြစ်လာပြန်တာဖြစ်ပြီး လက်ဘနွန်အပေါ် အရှိန်မြှင့် တိုက်ခိုက်မှုတွေအတွက် ရည်ရွယ်ချက်ကို ဖော်ပြနေတယ်ဆိုလို့ လက်ဘနွန် သမ္မတ မီရှဲလ်အောင်းက ပြောပါတယ်။ ၂၀၁၄ ခုနှစ်အတွင်းက ဆီးရီးယား နယ်စပ်အနီး လက်ဘနွန်ပိုင်နက်ထဲ အစ္စရေး စစ်လေယာဉ်တွေ

နောက်ဆုံး တိုက်ခိုက်မှု ဆင်နွှဲခဲ့တာ ဖြစ်ပေမယ့် ၂၀၀၆ ခုနှစ်တုန်းက ဟဇ်ဘိုလာတွေနဲ့ အစ္စရေးတို့ ပြင်းပြင်းထန်ထန် ထိပ်တိုက်တိုက်ပွဲတွေ နောက်ပိုင်းကတည်းက ဟဇ်ဘိုလာတွေရဲ့ လက်ဘနွန်က အမာခံနယ်မြေကို အစ္စရေးဟာ ပစ်မှတ်ထား တိုက်ခိုက်တာမျိုး မရှိခဲ့ပါ။ ကြာသပတေးနေ့မှာ နှစ်ရက်မြောက်အဖြစ် လက်ဘနွန်ဖက်ကနေ အစ္စရေးဆီ ဒုံးကျည်တွေ ပစ်ခတ်တိုက်ခိုက်တာဖြစ်ပြီး ဗုဒ္ဓဟူးနေ့ကလည်း ဒုံးကျည်သုံးစင်း ပစ်ခတ်တိုက်ခိုက်တာကြောင့် လက်တုံ့ပြန် လေကြောင်းထိုးစစ်ဆင်ရတာဖြစ်တယ်လို့ အစ္စရေးလေတပ်က ပြောခဲ့ပါတယ်။

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

ခုနစ္ႏွစ္အတြင္း ပထမဆုံးအျဖစ္ လက္ဘႏြန္ပိုင္နက္ထဲ အစၥေရး ေလေၾကာင္းတိုက္ခိုက္

နယ္စပ္တစ္ဖက္ကေန ဒုံးက်ည္ေတြ ႏွစ္ရက္ေျမာက္ ပစ္ခတ္ခံရၿပီးေနာက္မွာ အိမ္နီးခ်င္း လက္ဘႏြန္နိုင္ငံကို ခုနစ္ႏွစ္အတြင္းမွာ ပထမဆုံးအျဖစ္ ၾကာသပေတးေန႔က ေလေၾကာင္းတိုက္ခိုက္မႈ ဆင္ႏႊဲခဲ့တယ္လို႔ အစၥေရးေလတပ္က ေျပာပါတယ္။ ဒါဟာ အစၥေရးနိုင္ငံရဲ့ နည္းဗ်ဴဟာ အေျပာင္းအလဲ ေဖာ္ေဆာင္တာျဖစ္ၿပီး ‘အေျခအေနကို ပိုျပင္းထန္လာေစတဲ့ လုပ္ရပ္’ပဲလို႔ လက္ဘႏြန္နိုင္ငံက ရႈတ္ခ်ေျပာဆိုၿပီး ကုလသမဂၢ ၿငိမ္းခ်မ္းေရးထိန္းသိမ္းေရးသမားေတြကလည္း သည္းခံထိန္းခ်ဳပ္ၾကဖို႔ တိုက္တြန္းေျပာဆိုပါတယ္။ “ဒီကေန႔ ၾကာသပေတးေန႔ အေစာပိုင္းမွ

ာ လက္ဘႏြန္ဖက္ကေန အစၥေရးပိုင္နက္ဆီ ဒုံးက်ည္ေတြ ပစ္ခတ္လာခဲ့တယ္”လို႔ အစၥေရးေလတပ္က တြစ္တာမွာ ေရးသားပါတယ္။ “ဒါကို လက္တုံ႔ျပန္ၿပီး ဒုံးက်ည္ပစ္လႊတ္ရာ ေနရာေတြနဲ႔ လက္ဘႏြန္က အၾကမ္းဖက္ေတြ အသုံးျပဳတဲ့ အေျခခံအေဆာက္အအုံေတြကို တိုက္ေလယာဥ္ေတြနဲ႔ တိုက္ခိုက္ခဲ့ရတာ ျဖစ္တယ္”လို႔ တြစ္တာေရးသားခ်က္မွာ ဆိုပါတယ္။ “ၿပီးခဲ့တဲ့ရက္ကလည္းဒုံးက်ည္ေတြ ပစ္လႊတ္တိုက္ခိုက္လာတာျဖစ္ၿပီး

အဲဒီ ဧရိယာက ေနာက္ထပ္ ပစ္မွတ္တစ္ခုကိုပါ တိုက္ခိုက္ခဲ့တယ္”လို႔ အစၥေရးေလတပ္ တြစ္တာမွာ ေဖာ္ျပပါတယ္။ အစၥေရး ေလယာဥ္ေတြဟာ ဂါဇာက ပါလက္စတိုင္း လက္နက္ကိုင္ပစ္မွတ္ေတြနဲ႔ ဆီးရီးယားက ဟဇ္ဘိုလာနဲ႔ အီရန္ပစ္မွတ္ေတြကို ပုံမွန္ဆိုသလို ေလေၾကာင္းတိုက္ခိုက္ေလ့ရွိေပမယ့္ လက္ဘႏြန္က ပစ္မွတ္ေတြကို တိုက္ခိုက္တာဟာ ၂၀၁၄ ေနာက္ပိုင္း ပထမဆုံးပဲ ျဖစ္တယ္လို႔ ေလတပ္က အတည္ျပဳပါတယ္။

နံနက္ ၁၂ နာရီ မိနစ္ ၄၀ ဝန္းက်င္မွာ နယ္စပ္ကေန ၁၁ ကီလိုမီတာ(ခုနစ္မိုင္)အကြာက မာမူဒီယာၿမိဳ႕အျပင္ဖက္မွာ အစၥေရးေလယာဥ္ေတြ လာေရာက္တိုက္ခိုက္တာျဖစ္တယ္လို႔ ဩဇာႀကီး ရွီယိုက္အုပ္စု ဟဇ္ဘိုလာ ထိန္းခ်ဳပ္တဲ့ လက္ဘႏြန္က Al-Manar ႐ုပ္သံက ထုတ္လႊင့္ပါတယ္။ အခု ေလေၾကာင္းတိုက္ခိုက္မႈနဲ႔ ပတ္သက္ၿပီး လက္ဘႏြန္နိုင္ငံပိုင္ National News Agency သတင္းဌာနက ထုတ္ျပန္ေပမယ့္

အေသးစိတ္ေတာ့ မေဖာ္ျပပါ။ လက္ဘႏြန္ ေက်းရြာေတြကို ပစ္မွတ္ထားၿပီး အစၥေရးရဲ့ ေလတပ္အသုံးခ်မႈဟာ ၂၀၀၆ ေနာက္ပိုင္းမွာ အဲဒီလို လုပ္ေဆာင္မႈမ်ိဳးက ပထမဆုံးျဖစ္လာျပန္တာျဖစ္ၿပီး လက္ဘႏြန္အေပၚ အရွိန္ျမႇင့္ တိုက္ခိုက္မႈေတြအတြက္ ရည္ရြယ္ခ်က္ကို ေဖာ္ျပေနတယ္ဆိုလို႔ လက္ဘႏြန္ သမၼတ မီရွဲလ္ေအာင္းက ေျပာပါတယ္။ ၂၀၁၄ ခုႏွစ္အတြင္းက ဆီးရီးယား နယ္စပ္အနီး လက္ဘႏြန္ပိုင္နက္ထဲ အစၥေရး စစ္ေလယာဥ္ေတြ

ေနာက္ဆုံး တိုက္ခိုက္မႈ ဆင္ႏႊဲခဲ့တာ ျဖစ္ေပမယ့္ ၂၀၀၆ ခုႏွစ္တုန္းက ဟဇ္ဘိုလာေတြနဲ႔ အစၥေရးတို႔ ျပင္းျပင္းထန္ထန္ ထိပ္တိုက္တိုက္ပြဲေတြ ေနာက္ပိုင္းကတည္းက ဟဇ္ဘိုလာေတြရဲ့ လက္ဘႏြန္က အမာခံနယ္ေျမကို အစၥေရးဟာ ပစ္မွတ္ထား တိုက္ခိုက္တာမ်ိဳး မရွိခဲ့ပါ။ ၾကာသပေတးေန႔မွာ ႏွစ္ရက္ေျမာက္အျဖစ္ လက္ဘႏြန္ဖက္ကေန အစၥေရးဆီ ဒုံးက်ည္ေတြ ပစ္ခတ္တိုက္ခိုက္တာျဖစ္ၿပီး ဗုဒၶဟူးေန႔ကလည္း ဒုံးက်ည္သုံးစင္း ပစ္ခတ္တိုက္ခိုက္တာေၾကာင့္ လက္တုံ႔ျပန္ ေလေၾကာင္းထိုးစစ္ဆင္ရတာျဖစ္တယ္လို႔ အစၥေရးေလတပ္က ေျပာခဲ့ပါတယ္။

မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။