ခရီးထွက်နေတဲ့ ခင်ပွန်းအား စနောက်ရန် Hello Kitty အပြင်အဆင်အပြည့်ပါတဲ့ဟိုတယ်ခန်းတစ်ခန်းအား ကြိုတင်စာရင်းပေးခဲ့တဲ့ ဇနီးသည်တစ်ဦး





Zawgyi

ခရီးထွက်နေတဲ့ ခင်ပွန်းအား စနောက်ရန် Hello Kitty အပြင်အဆင်အပြည့်ပါတဲ့ဟိုတယ်ခန်းတစ်ခန်းအား ကြိုတင်စာရင်းပေးခဲ့တဲ့ ဇနီးသည်တစ်ဦး

မလေးရှားနိုင်ငံရှိ ဗီဒီယိုရိုက်ကူးခြင်းနှင့်ဓာတ်ပုံဆရာတစ်ဦးဖြစ်တဲ့ Amy Medusa အမည်ရှိအမျိုးသားတစ်ဦး ဟာ မကြာသေးမီက ဇနီးဖြစ်သူက Hello Kitty wallpaper ဖြင့်အခန်းတစ်ခုလုံးကိုအပြည့်ဖုံးထားတဲ့ ဟိုတယ်အခန်းအား သူ့အတွက် ကြိုတင်စာရင်းပေးကာ နောက်ပြောင်ခဲ့တဲ့အကြောင်းကို Twitter မှာ ပြန်လည်မျှဝေခဲ့ပါတယ်။ Amy ဟာ ဇူလိုင်လ ၁၀ ရက်နေ့ နံနက်မှာ သူငယ်ချင်းဖြစ်သူနှင့် Malacca မြို့သို့ ခရီးထွက်ခဲ့ကြပြီး ၎င်းတို့ဟာ ဇနီးဖြစ်သူက ကြိုတင်စာရင်းပေးထားခဲ့တဲ့ဟိုတယ်မှာတည်းခိုရန်အတွက် စိတ်အားထက်သန်နေခဲ့ကြကြောင်း ဆိုခဲ့ပါတယ်။ သို့ပေမဲ့ Amy ရဲ့ဇနီးဖြစ်သူက ကြိုတင်စာရင်းပေးထားတဲ့ဟိုတယ်အခန်းသို့ ၀င်လိုက်တဲ့အခါမှာ ဇနီးဖြစ်သူက ၎င်းတို့အား နောက်ပြောင်နေတာကို ချက်ချင်းသိသွားခဲ့ရကြောင်းလည်း ပြောပြခဲ့ပါတယ်။

ဟုတ်ပါတယ်၊ ၎င်းတို့အဲဒီနေ့ညမှာ တည်းခိုခဲ့ရတဲ့ဟိုတယ်အခန်းကတော့ အပန်းရောင်ခြုံလွှမ်းနေတဲ့ Hello Kitty အခန်းလေးဘဲဖြစ်ပါတယ်။ Amy ဟာ ဇနီးဖြစ်သူရဲ့လက်ချက်ကြောင့် သူငယ်ချင်းကို အားဘဲနာရမလို အော်ဘဲရယ်လိုက်ရမလိုနဲ့ ဘုံပျောက်နေခဲ့ရပါတယ်။ Malacca မြို့ရှိ အဆိုပါ Fantasy Hotel ဟာ ထူးခြားတဲ့ကာတွန်းဇာတ်ကောင်ဒီဇိုင်းအပြင်အဆင်အခန်းများကြောင့်လည်း နာမည်ကြီးပါတယ်။ မည်သို့ပင်ဖြစ်စေ Amy ဇနီးဖြစ်သူရဲ့ နောက်ပြောင်မှုက သေချာပေါက်အောင်မြင်ခဲ့ပုံရပါတယ်။ တစ်ကယ်လည်း Amy တို့စုံတွဲဟာလည်း ပန်းရောင်မျက်နှာသုတ်ပုဝါနှင့် Hello Kitty plush အရုပ်ကို တကယ်နှစ်သက်တဲ့စုံတွဲဖြစ်ပုံပေါ်ပါတယ်။

ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့သွားပြီးနောက် Amy ရဲ့ Twitter မှာ လူအများက ဇနီးသည်အား ဟာသဉာဏ်အလွန်ကောင်းကြောင်းမှတ်ချက်ပေးခဲ့ကြပြီး ခင်ပွန်းအား ပျော်ရွှင်အောင် ဘယ်လိုနောက်ပြောင်တန်ကြောင်းပြောဆိုကာ ရယ်မောနေခဲ့ကြပါတယ်။ အချို့သော ကာတွန်း fan တွေကလည်း ၎င်း ဟိုတယ်ရဲ့တည်နေရာကို မေးမြန်းခဲ့ကြပါတယ်။ ရက်အနည်းငယ်အတွင်းမှာပင် ၎င်း post ဟာ Retweet ပေါင်း၂၀,၉၇၄ နှင့် Like ပေါင်း ၁၃,၉၆၀ အထိ ရရှိခဲ့ပါတယ်။ ထို့အပြင် Amy ရဲ့ဇနီးကျေးဇူးကြောင့် ထိုဟိုတယ်လည်း မကြာမီမှာ ဧည့်သည်အများအပြားဝင်ရောက်လာနိုင်ဖွယ်ရှိပုံရနေပါတယ်ဗျာ။

Crd