ကွန်တိန်နာတွေကို အသုံးပြုပြီး မိသားစုအတွက် နေချင်စရာကောင်းတဲ့ နှစ်ထပ်အိမ်လေး ပြုလုပ်ပေးခဲ့တဲ့ အမျိုးသမီး

ဖိလစ်ပိုင်နိုင်ငံမှာနေထိုင်တဲ့ Maria Victoria Evangelista အမည်ရှိတဲ့ အမျိုးသမီးဟာ ကွန်တိန်နာတွေကို အသုံးပြုပြီး တည်ဆောက်ခဲ့တဲ့သူမအိမ်လေးရဲ့အကြောင်းကို ပြီးခဲ့တဲ့ရက်ပိုင်းကမှ facebook group တစ်ခုမှာ ဝေမျှသွားခဲ့ပါတယ် ။

သူမအစီအစဉ်လေး စတင်ဖြစ်ခဲ့တာကတော့ သူမဟာ lockdown ချထားတဲ့ကာလမှာ ဘယ်နေရာမှသွားလို့မရလို့ မိသားစုအတွက် အနားယူနိုင်မဲ့အိမ်လေးတစ်လုံး ဆောက်လုပ်ဖို့အကြံရခဲ့တာပါ ။

ကွန်တိန်နာတွေကတော့ ပေ 20 နဲ့ ပေ 40 အရှည်ရှိတဲ့ ကွန်တိန်နာတွေပါ ။ Maria ရဲ့ ပြောပြချက်အရ ကွန်တိန်နာအိမ်လေး ဆောက်လုပ်ရတာဟာ လျင်မြန်ပြီး အတော့်ကို ဈေးသက်သာလွန်းကြောင်း သိရှိရပါတယ် ။

အိမ်အတွင်းပိုင်ကို အိမ်အလှဆင်ပစ္စည်း ၊ ပရိဘောဂတွေ နဲ့ အိမ်ကို သေချာလေးဆေးသုတ်ပြီး ပြင်ဆင်ခဲ့တာပါ ။

သစ်သား နှင့် စတီးချောင်းလေးတွေကိုတော့ ထပ်ပြီး အသုံးပြုခဲ့ကြောင်း သိရပါတယ် ။ သူမရဲ့နေအိမ်မှာဆိုရင် သန့်စင်ခန်း ၊ အိပ်ခန်း ၊ မီးဖိုချောင် ၊ ကလေး ရေကူးကန်အသေး ၊ ရေချိုခန်း ၊ ဧည့်ခန်း ၊ ဝရံတာ စတာတွေက အစစုံစုံလင်လင်ပါရှိပါတယ် ။

သူမရဲ့အိမ်အပြင်ပိုင်း နှင့် အတွင်းပိုင်းပုံစံတွေကို အသေးစိတ်ဖော်ပြပေးသွားခဲ့ကြောင်း သိရှိရပါတယ် ။

JRose (KBdailynews)

Reference : thesmartlocal

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

Zawgyi

ဖိလစ်ပိုင်နိုင်ငံမှာနေထိုင်တဲ့ Maria Victoria Evangelista အမည်ရှိတဲ့ အမျိုးသမီးဟာ ကွန်တိန်နာတွေကို အသုံးပြုပြီး တည်ဆောက်ခဲ့တဲ့သူမအိမ်လေးရဲ့အကြောင်းကို ပြီးခဲ့တဲ့ရက်ပိုင်းကမှ facebook group တစ်ခုမှာ ဝေမျှသွားခဲ့ပါတယ် ။

သူမအစီအစဉ်လေး စတင်ဖြစ်ခဲ့တာကတော့ သူမဟာ lockdown ချထားတဲ့ကာလမှာ ဘယ်နေရာမှသွားလို့မရလို့ မိသားစုအတွက် အနားယူနိုင်မဲ့အိမ်လေးတစ်လုံး ဆောက်လုပ်ဖို့အကြံရခဲ့တာပါ ။

ကွန်တိန်နာတွေကတော့ ပေ 20 နဲ့ ပေ 40 အရှည်ရှိတဲ့ ကွန်တိန်နာတွေပါ ။ Maria ရဲ့ ပြောပြချက်အရ ကွန်တိန်နာအိမ်လေး ဆောက်လုပ်ရတာဟာ လျင်မြန်ပြီး အတော့်ကို ဈေးသက်သာလွန်းကြောင်း သိရှိရပါတယ် ။

အိမ်အတွင်းပိုင်ကို အိမ်အလှဆင်ပစ္စည်း ၊ ပရိဘောဂတွေ နဲ့ အိမ်ကို သေချာလေးဆေးသုတ်ပြီး ပြင်ဆင်ခဲ့တာပါ ။ သစ်သား နှင့် စတီးချောင်းလေးတွေကိုတော့ ထပ်ပြီး အသုံးပြုခဲ့ကြောင်း သိရပါတယ် ။

သူမရဲ့နေအိမ်မှာဆိုရင် သန့်စင်ခန်း ၊ အိပ်ခန်း ၊ မီးဖိုချောင် ၊ ကလေး ရေကူးကန်အသေး ၊ ရေချိုခန်း ၊ ဧည့်ခန်း ၊ ဝရံတာ စတာတွေက အစစုံစုံလင်လင်ပါရှိပါတယ် ။ သူမရဲ့အိမ်အပြင်ပိုင်း နှင့် အတွင်းပိုင်းပုံစံတွေကို အသေးစိတ်ဖော်ပြပေးသွားခဲ့ကြောင်း သိရှိရပါတယ် ။

JRose (KBdailynews)

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။