ကြော်ငြာတစ်ခုအတွက် နောက်ဆုံးပေါ် ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦးရဲ့ထိပ်ဆုံးပေါ်မှာ မကြောက်မလန့်နဲ့ရပ်ပြနေခဲ့တဲ့ လှပတဲ့လေယာဉ်မယ်တစ်ဦး

ကမ္ဘာ့အဆင့်မြင့် Airline တစ်ခုဖြစ်တဲ့ Emirates လေကြောင်းလိုင်းဟာ ၎င်းတို့ရဲ့လေယာဉ်အမှုထမ်းတစ်ဦးအား ကမ္ဘာ့ရဲ့အမိုက်ဆုံးကြေငြာစေခဲ့တဲ့ကြော်ငြာတစ်ခုနှင့်အတူ social media ပေါ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

၎င်းလေကြောင်းလိုင်းဟာ ကမ္ဘာပေါ်ရှိနောက်ဆုံးပေါ်အမြင့်ဆုံးအဆောက်အဦးဖြစ်တဲ့ Burj Khalifa တိုက်ရဲ့ထိပ်ဆုံးပေါ်မှာ ရပ်နေခဲ့တဲ့လေယာဉ်မယ်တစ်ဦးရဲ့ ဗီဒီယိုကို လူမှုကွန်ရက်သို့ ဖြန့်ဝေပေးခဲ့ပါတယ်။အဆိုပါလေယာဉ်မယ်ဟာ သတင်းကောင်းများကို ကြားသိခဲ့ရပြီးနောက် ကမ္ဘာရဲ့ထိပ်ဆုံးဖြစ်တဲ့၎င်းလေကြောင်းလိုင်းရဲ့ခံစားချက်က မည်သို့ရှိနေကြောင်းကို ရည်ညွှန်းဖော်ပြတဲ့စာသားများပါတဲ့ဆိုင်းဘုတ်များကို လက်မှာ ကိုင်ဆောင်ထားခဲ့ပါတယ်။

အကြောင်းက UAE နိုင်ငံဟာ UK နိုင်ငံရဲ့အနီရောင်စာရင်းမှပယ်ဖျက်ခံလိုက်ရပြီး အရှေ့အလယ်ပိုင်းမှလေယာဉ်များအား ၎င်းတို့ရဲ့နိုင်ငံ့မြေပြင်ပေါ်သို့ ဆင်းသက်ခွင့်ကို ခွင့်ပြုပေးလိုက်ခြင်းကြောင့် လေကြောင်းလိုင်းဟာ ကမ္ဘာပေါ်ရှိအမိုက်ဆုံးကြော်ငြာဖြင့် ဂုဏ်ပြုပေးလိုက်ခြင်းဘဲဖြစ်ပါတယ်။ထို့အပြင် ကမ္ဘာ့ရဲ့အမြင်ဆုံးတစ်နေရာမှာရောက်နေခဲ့တဲ့အဆိုပါလေယာဉ်မယ်ဟာ သူမရဲ့အမေအတွက် “ Hi အမေ သမီး အခု ကမ္ဘာ့ရဲ့အမြင့်ဆုံးနေရာမှာ ရောက်နေတယ် ” ဟု ချစ်စရာကောင်းတဲ့ မက်ဆေ့ချ်တစ်ခုကို ပေးခွင့်ရခဲ့ပါသေးတယ်။

ထို့နောက် netizen များက မှတ်ချက်များစွာဖြင့် တုံပြန်ပေးခဲ့ကြသလို Instagram အသုံးပြုသူ @lindseyplub21 က “ငါ့သားက ဒူဘိုင်းကနေအင်္ဂလန်ကို သွားလည်ဖို့ လပေါင်း ၂၀ အထိ စောင့်ခဲ့ရတယ် ၊ သူက သူ့မိသားစုတွေကို သွားတွေ့ဖို့ ဒီမနက်ဘဲ Emirates လေကြောင်းလိုင်းမှာ booking လုပ်ခဲ့တယ် ၊ ဒီနေ့အတွက် အရမ်းကောင်းတဲ့သတင်းဘဲ။ ” ၊ အသုံးပြုသူ @rockstarmalone_ က ” ပိုကောင်းအောင် ပျံသန်းလိုက်ပါ emirates ရေ .. ငါချစ်တဲ့ UAE မှာရှိတဲ့ အကောင်းဆုံးလေကြောင်းလိုင်း” ဟု စတဲ့ကောင်းမွန်တဲ့မှတ်ချက်များစွာဖြင့် တုံ့ပြန်ပေးခဲ့ကြပါတယ်။

Mia (KBdailynews)

Reference : legit

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

Zawgyi

ကမာၻ႔အဆင့္ျမင့္ Airline တစ္ခုျဖစ္တဲ့ Emirates ေလေၾကာင္းလိုင္းဟာ ၎တို႔ရဲ႕ေလယာဥ္အမႈထမ္းတစ္ဦးအား ကမာၻ႔ရဲ႕အမိုက္ဆုံးေၾကျငာေစခဲ့တဲ့ေၾကာ္ျငာတစ္ခုႏွင့္အတူ social media ေပၚသို႔ ျပန္လည္ေရာက္ရွိလာခဲ့ပါတယ္။၎ေလေၾကာင္းလိုင္းဟာ ကမာၻေပၚရွိေနာက္ဆုံးေပၚအျမင့္ဆုံးအေဆာက္အဦးျဖစ္တဲ့ Burj Khalifa တိုက္ရဲ႕ထိပ္ဆုံးေပၚမွာ ရပ္ေနခဲ့တဲ့ေလယာဥ္မယ္တစ္ဦးရဲ႕ ဗီဒီယိုကို လူမႈကြန္ရက္သို႔ ျဖန္႔ေဝေပးခဲ့ပါတယ္။အဆိုပါေလယာဥ္မယ္ဟာ သတင္းေကာင္းမ်ားကို ၾကားသိခဲ့ရၿပီးေနာက္ ကမာၻရဲ႕ထိပ္ဆုံးျဖစ္တဲ့၎ေလေၾကာင္းလိုင္းရဲ႕ခံစားခ်က္က မည္သို႔ရွိေနေၾကာင္းကို ရည္ၫႊန္းေဖာ္ျပတဲ့စာသားမ်ားပါတဲ့ဆိုင္းဘုတ္မ်ားကို လက္မွာ ကိုင္ေဆာင္ထားခဲ့ပါတယ္။

အေၾကာင္းက UAE ႏိုင္ငံဟာ UK ႏိုင္ငံရဲ႕အနီေရာင္စာရင္းမွပယ္ဖ်က္ခံလိုက္ရၿပီး အေရွ႕အလယ္ပိုင္းမွေလယာဥ္မ်ားအား ၎တို႔ရဲ႕ႏိုင္ငံ့ေျမျပင္ေပၚသို႔ ဆင္းသက္ခြင့္ကို ခြင့္ျပဳေပးလိုက္ျခင္းေၾကာင့္ ေလေၾကာင္းလိုင္းဟာ ကမာၻေပၚရွိအမိုက္ဆုံးေၾကာ္ျငာျဖင့္ ဂုဏ္ျပဳေပးလိုက္ျခင္းဘဲျဖစ္ပါတယ္။ထို႔အျပင္ ကမာၻ႔ရဲ႕အျမင္ဆုံးတစ္ေနရာမွာေရာက္ေနခဲ့တဲ့အဆိုပါေလယာဥ္မယ္ဟာ သူမရဲ႕အေမအတြက္ “ Hi အေမ သမီး အခု ကမာၻ႔ရဲ႕အျမင့္ဆုံးေနရာမွာ ေရာက္ေနတယ္ ” ဟုတဲ့ ခ်စ္စရာေကာင္းတဲ့ မက္ေဆ့ခ်္တစ္ခုကို ေပးခြင့္ရခဲ့ပါေသးတယ္။

ထို႔ေနာက္ netizen မ်ားက မွတ္ခ်က္မ်ားစြာျဖင့္ တုံျပန္ေပးခဲ့ၾကသလို Instagram အသုံးျပဳသူ @lindseyplub21 က “ငါ့သားက ဒူဘိုင္းကေနအဂၤလန္ကို သြားလည္ဖို႔ လေပါင္း ၂၀ အထိ ေစာင့္ခဲ့ရတယ္ ၊ သူက သူ႔မိသားစုေတြကို သြားေတြ႕ဖို႔ ဒီမနက္ဘဲ Emirates ေလေၾကာင္းလိုင္းမွာ booking လုပ္ခဲ့တယ္ ၊ ဒီေန႔အတြက္ အရမ္းေကာင္းတဲ့သတင္းဘဲ။ ” ၊ အသုံးျပဳသူ @rockstarmalone_ က ” ပိုေကာင္းေအာင္ ပ်ံသန္းလိုက္ပါ emirates ေရ .. ငါခ်စ္တဲ့ UAE မွာရွိတဲ့ အေကာင္းဆုံးေလေၾကာင္းလိုင္း” ဟု စတဲ့ေကာင္းမြန္တဲ့မွတ္ခ်က္မ်ားစြာျဖင့္ တုံ႔ျပန္ေပးခဲ့ၾကပါတယ္။

Mia (KBdailynews)

မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။