ကြောင်မရှိကြွက်ထဆိုသလိုဖြစ်နေပီ (အာဖဂန်ရဲ့အဓိကမြို့ကြီးတွေကို တို က်ခို က်နေတဲ့ တာ လီဘန်တွေကို ပ စ်မှ တ်ထားတို က်ခို က်ဖို့ ဗုံးကြဲလေယာဉ်တွေစေလွှတ်ခိုင်းခဲ့တဲ့ ဂျိုးဘိုင်ဒင်)
အာဖဂန်ရဲ့အဓိကမြို့ကြီးတွေကို တို က်ခို က်နေတဲ့ တာ လီဘန်တွေကို ပ စ်မှ တ်ထားတို က်ခို က်ဖို့ ဗုံးကြဲလေယာဉ်တွေစေလွှတ်ခိုင်းခဲ့တဲ့ ဂျိုးဘိုင်ဒင်
B-52 ဗုံးကြဲလေယာဉ်တွေနဲ့ အမြောက်၊ သေနတ်တွေတပ်ဆင်ထားတဲ့ AC-130 လေယာဉ်တွေကို အာဖဂန်မြို့ကြီး ၃ မျိုးကို တို က်ခို က်ဖို့ ဦးတည်နေတဲ့ တာ လီဘန်အကြမ်းဖက်တွေကို ပ စ်မှ တ်ထားတို က်ခို က်ဖို့အတွက် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က အမိန့်ပေးခဲ့တယ်လို့ သိရပါတယ်။စစ်အေးခေတ်မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေကို ၁၉၅၀ မှာ စတင်ပျံသန်းခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ အသုံးပြုနေသေးတာဖြစ်ပါတယ်။
အဆိုပါဗုံးကြဲလေယာဉ်တွေကိုတော့၂၅ မီလီမီတာ Galtling သေနတ်၊ ၄၀ မီလီမီတာ Bofors အမြောက်တွေနဲ့ ၁၀၅ မီလီမီတာ M102 အမြောက်တွေပါဝင်တဲ့ AC-130 Spectre gunships တွေက ထော က်ပံ့ပေးတာဖြစ်ပါတယ်။အမေရိကန်ဦးဆောင်တဲ့ နိုင် ငံတကာတပ်ဖွဲ့တွေ အာဖဂန်က ထွက်ခွာနေခဲ့ပြီးနောက် တာလီဘန်တွေဟာ နိုင်ငံတဝှမ်းမှာ စခန်းသိမ်းတို က်ပွဲတွေ ဆင်နွှဲနေခဲ့တာဖြစ်ပါတယ်။
မနေ့ကအစောပိုင်းမှာပဲ တာလီဘန်တွေဟာ Jawzjan ပြည်နယ်တွင်းက Sheberghan မြို့ကို သိမ်းပိုက်ခဲ့တယ်လို့ ဒေသဒုတိယအုပ်ချုပ်ရေးမှူးက AFP ကို အတည်ပြုပြောဆိုခဲ့ပါတယ်။ ဒါဟာ ၂၄ နာရီအတွင်း တာလီဘန်တို့လက်အောက်ကို ကျရောက်ခဲ့တဲ့ ဒုတိယမြောက်ပြည်နယ်မြို့တော်လည်းဖြစ်ကာ မြို့ တော်အတွင်းက အကျဉ်းထောင်ကို တာလီဘန်တို့ထိန်းချုပ်ခဲ့ပြီးနောက် အကျဉ်းသားတွေထွက်ပြေးတဲ့ ဗီဒီယိုတစ်ခုလည်း လူမှုကွန်ရက်ပေါ်မှာ ထွက်ပေါ်လာခဲ့ပါတယ်။
အမေရိကန်ကာကွယ်ရေးသတင်းရင်းမြစ်တွေက B-52 နဲ့ AC-130s လေယာဉ်တွေဟာ Helmand ပြည်နယ်အတွင်းက Kandahar, Herat နဲ့ Lashkar Gar တဝိုက်က အကြ မ်းဖ က်သမားတွေကို ပ စ်မှ တ်ထားနေကြောင်း ဖော်ပြခဲ့ပါတယ်။ B-52 တို က်လေယာဉ်တွေဟာ ကာတာကနေ ထွက်ခွာလာခဲ့ကြပြီး လေယာဉ်တင်သင်္ဘောကြီးရော်နယ်ရေဂင်ကတော့ အာရေဗျပင်လယ်မှာ တပ်ဖြန့်ထားတယ်လို့လည်း ဆိုပါတယ်။…
အာဖဂန်လေတပ်ကတော့ A-29 Super Tucano လို တာဘိုလောင်စာသုံးတို က်ခို က်ရေးလေယာဉ်တွေကို တပ်ဆင်ထားပေမယ့်လည်း ၂၀၁၅ ခုနှစ်စတင်ကာ အဆိုပါလေယာဉ်ကို မောင်းနှင်ဖို့အတွက် လေယာဉ်မှူး ၃၀ ဦးသာ မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ သောကြာနေ့မှာ တာလီဘန်တွေက အနောက်တောင်ပိုင်း Nimroz ပြည်န်ရဲ့ မြို့တော် Zaranj ကို ထိန်းချုပ်နိုင်ခဲ့ပြီး အစိုးရကတော့ မြို့အတွင်းမှာ သူပုန်တွေကို တို က်ခို က်နေဆဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။…
တိုင်းပြည်ကိုထိန်းချုပ်ဖို့အားထုတ်နေတဲ့ တာလီဘန်တွေကို အာဖဂန်လုံခြုံရေးတပ်ဖွဲ့တွေက ဟန့်တားဖို့ကြိုးပမ်းနေရပြီး အာဖဂန်လေတပ်က Helmand နဲ့ Kandahar စီရင်စုခရိုင်အတွင်း ဗုံးကြဲတိုက်ခိုက်မှုတွေကို အမေရိကန်လေတပ်က ဆက်လက်ကူညီပေးနေတာဖြစ်ပါတယ်။…
TRNs
zawgyi
TRNs