ကြီးမားတဲ့ဖောက်ထွင်းခိုးယူမှု့များ

အားလုံးပဲမင်္ဂလာပါရှင် ကြီးမားတဲ့ဖောက်ထွင်းမှုတွေကို ပြုလုပ်ဖို့အသင့်ဖြစ်နေတဲ့ ဓားပြတွေဟာ ရူးမိုက်တဲ့ဇာတ်လမ်းတွေကိုအကောင်ထည်ပေါ်အောင်လုပ်နိုင်စွမ်းရှိကြပါတယ်။ဘရားဇီးလူမျိုးဖောက်ထွင်းရေးသမားတွေဟာ ဘဏ်တစ်ခုအနီးက အိမ်တစ်လုံးကို ငှားရမ်းခဲ့ပြီး ဘဏ်ရဲ့မြေအောက်ခန်းဆီသွားတဲ့ မီတာ ရှစ်ဆယ်ရှည်တဲ့ လိုဏ်ခေါင်းတစ်ခုကို ဖောက်လုပ်ခဲ့တာပါ။လိုဏ်ခေါင်းကို သစ်သားတွေနဲ့ထောက်ကန်ထားပြီး ပလတ်စတစ်နဲ့ဖုံးထားပါတယ်။အဲ့ဒီမှာ လျှပ်စစ်မီးတောင်ရှိနေတာပါ။သက်တောင့်သက်သာ ခိုးယူခြင်းဆိုတာ ဒါပါပဲ။ရဲတွေမြင်နိုင်တဲ့နေရာမှာရှိတဲ့ မြေအောက်လုပ်ငန်းက သုံးလကြာမြင့်ခဲ့တယ်လေ။ရလဒ်အနေနဲ့ ဓားပြတွေဟာ တန်ချိန် ၃.၅ တန်ရှိတဲ့ ပိုက်ဆံတွေကို ခိုးယူနိုင်ခဲ့တာပါ။ဆွီဒင်ကရာဇဝတ်သားတွေကတော့ ဟောလိဝုဒ်စတိုင် ဓားပြတိုက်မှုတစ်ခုကို စီစဉ်ခဲ့ခြင်းဖြစ်ပါတယ်ရှင်။သူတို့က ဘဏ်တစ်ခုရဲ့အမိုးပေါ်ကို ဟယ်လီကော်ပတာနဲ့ဆင်းသက်ခဲ့တာပါ။ ပြတင်းပေါက်ကိုဖောက်ထွင်းပြီး ဒေါ်လာငါးသန်းယူဆောင်သွားခဲ့ပါတယ်။အထင်ကြီးလောက်စရာပဲမဟုတ်လား။ဒီနေ့မှာတော့ ကျွန်မတို့က အခိုးခံခဲ့ရတဲ့ တကယ်ကြီးမားတဲ့အရာတွေအကြောင်း ပြောပြပေးသွားပါမယ်။တင့်ကားတွေ ဆယ်တန်လောက်လေးတဲ့တံတား နဲ့ ကမ်းခြေလိုအရာတောင်ပါဝင်ပါတယ်။

ပင်လယ်ဓားပြတွေရဲ့ခေတ်က ကုန်သွားပြီလို့ သင်ထားပါသလား။ကံမကောင်းစွာနဲ့ ယနေ့ခေတ်မှာလည်း သင်္ဘောတွေအခိုးခံနေရဆဲပါပဲ။ဆီအများကြီးသယ်ဆောင်လာတဲ့သင်္ဘောတစ်စင်းကို ခိုးယူဖို့ ငါးဖမ်းလှေလေးပေါ်က သေနတ်ကိုင်ဆောင်ထားတဲ့လူအနည်းငယ်နဲ့လုံလောက်ပါတယ်။ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ဒီလိုပစ္စည်းတွေခိုးယူရာမှာစံချိန်တင်ထားတဲ့သူတွေကတော့ ဆိုမာလီဓားပြတွေပဲဖြစ်ပါတယ်။သူတို့တွေက အဖွဲ့လိုက်ပေါင်းပြီး သင်္ဘောတော်တော်များများကို မောင်ပိုင်စီးနေခဲ့ကြတာလေ။ရုရှား၊ဂျပန် ရေနံတင်သင်္ဘောတွေ၊ အပျော်စီးသင်္ဘောတွေ၊ ဒုံးကျည်တင်စစ်သင်္ဘောတွေ၊ဆွဲသင်္ဘော၊ကုန်တင်သင်္ဘောနဲ့လူစီးသင်္ဘောစတာတွေပါဝင်ပါတယ်။၂၀၁၁ ခုနှစ်တုန်းက ဆိုမာလီဓားပြတွေကြောင့်ဖြစ်ပေါ်ခဲ့တဲ့ ဆုံးရှုံးမှုဟာဆိုရင် ခုနစ် ဘီလီလံအထိ ရှိခဲ့တာပါ။သူတို့ကတော့ လှေငယ်လေးတွေ မော်တော်တွေနဲ့ ငါးဖမ်းလှေလေးတွေကိုပဲ သုံးခဲ့တာပါ။ခြေရာလက်ရာတစ်ခုလေးတောင်မကျန်ခဲ့ဘဲ သင်္ဘောတစ်ခုလုံးကို သိမ်းပိုက်ဖို့ ဖြစ်နိုင်မယ်ထင်ပါသလား။ဥပမာ လေကြောင်းကိုအသုံးပြုပြီးတော့ပေါ့။mi-26 ဟယ်လီကော်ပတာတစ်စီးရဲ့ သယ်ဆောင်နိုင်စွမ်းက ၂၅ တန်ဖြစ်ပါတယ်။ဒီသဘောတရားအတိုင်းဆိုရင် ဟော်လီကော်ပတာလေးစင်းဟာ တန် ၁၀၀ လေးတဲ့သင်္ဘောတစ်စင်းကို မနိုင်ပြီး ဘယ်နေရာကိုမဆို သယ်ဆောင်သွားနိုင်မှာပါ။ဒါပေမဲ့ လက်တွေ့မှာတော့  ကုန်ပစ္စည်းနဲ့ တွဲချည်ထားတဲ့ကြိုးဟာ မ လို့မရတာကြောင့် ဒါဟာမဖြစ်နိုင်ပါဘူး။တကယ်လို့လုပ်မယ်ဆိုရင် သင်္ဘောကိုအပိုင်းပိုင်းဖြတ်ပြီး ဟယ်လီကော်ပတာနဲ့ သယ်ရမှာဖြစ်ပါတယ်။ဆိုမာလီဓားပြတွေမှာ ဟယ်လီကော်ပတာလည်းမရှိပါဘူး။ဒါပေမဲ့ သူတို့မှာ ခိုးယူလာတဲ့သင်္ဘောတွေကို ဆွဲယူသွားပြီးထားဖို့ ဆိပ််ကမ်းရှိပါတယ်။အဲ့ဒီဆိပ်ကမ်းတွေကို မာဖီးယားဂိုဏ်းတွေက ထိန်းချုပ်ထားတာပါ။သူတို့ကတော့ ကုန်ပစ္စည်းနဲ့ဓားစာခံတွေကို ၈၅ ရာခိုင်နှုန်းအထိယူလေ့ရှိပါတယ်။တစ်ခါတလေကျရင် ကုန်ပစ္စည်းတွေက တကယ်ကိုအဖိုးတန်တယ်လေ။ဥပမာအနေနဲ့ ၂၀၀၈ ခုနှစ်မှာ ပင်လယ်ဓားပြတွေဟာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ တန်ဖိုးရှိတဲ့ ရေနံစိမ်းသင်္ဘောကို သိမ်းယူခဲ့တာမျိုးပေါ့။

တိုက်ပွဲအတွက်မဟူတ်ဘဲ မြို့ထဲလှည့်လည်စီးဖို့ရာအတွက်နဲ့ တန် ၄၀ရှိတဲ့ တင့်ကားကို ခိုးယူခဲ့တဲ့ လူရဲ့ ရဲတင်းမှုကို သင် ဘယ်လိုများမှတ်ချက်ပြုမလဲ။ဒီရူးကြောင်ကြောင်ဖြစ်ရပ်က ပိုလန်နိုင်ငံမှာ ဖြစ်ပွားခဲ့တာပါ။အဲဒီနိုင်ငံမှာ လက်နက်မပါတော့ပေမဲ့ မောင်းလို့ရနေသေးတဲ့ ဆိုဗီယက်ခေတ်က တင့်ကားဟောင်းအနည်းငယ်ရှိပါတယ်။အလုပ်သမားတစ်ယောက်က T-55 တင့်ကားကို နောက်တွဲယာဥ်ကနေဖြုတ်ခဲ့တာပါ။အဲ့ဒီနေ့မှာ သူကအရက်သောက်မိခဲ့ပြီး မြို့ရဲ့လမ်းမကြီးတွေပေါ်မှာ ဒီတင့်ကားစီးမယ်ဆိုတဲ့ ထူးဆန်းတဲ့အကြံဉာဏ်ဖြစ်ပေါ်ခဲ့တာပါ။ဒီလို စတန့်ထွင်မှုဟာ နိုင်ငံရဲ့ဥပဒေနဲ့ညှိစွန်းခဲ့ပါတယ်။ထောင်ဒဏ်ရှစ်နှစ်ကျခဲ့ပေမယ့် သူက ကားကို အနည်းငယ်မျှမပျက်စီးစေခဲ့တဲ့အတွက်ကြောင့် အရက်မူးပြီးကားမောင်းတဲ့ပြစ်ဒဏ်အနေနဲ့ပဲ နှစ်နှစ်အထိ ထောင်ထဲမှာနေခဲ့ရပါတယ်။အမူးပြေတဲ့အခါ သူ့လုပ်ရပ်ကိုနောင်တ ရနေမှာအသေအချာပါပဲ။သင်တို့ရော ဘယ်လိုထင်ပါသလဲ။အခုတော့ တန် ၄၀ ရှိတဲ့ တင့်ကားကိုခိုးယူဖို့ မခက်ခဲဘူးဆိုတာ ကျွန်မတို့အားလုံး သိရပါပြီ။

ဟုတ်ကဲ့။ နောက်ထပ် အသက် ၁၉ နှစ်အရွယ် ဒီကောင်လေးကတော့ လေယာဉ် တစ်စင်းကို ခိုးယူခဲ့တာပါ။ရာဖာယာ မနပ်ကွီလိုဟာ တရုတ်ထုတ် သေနတ်နဲ့ကျည်အချို့ သုံးပြီး ဘိုးအင်း ၇၀၇ ကို အပိုင်စီးခဲ့တာပါပဲ။၆၀ ပြည့်နှစ်မှာဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်မှာ ခရီးသည်တွေကို လုံးဝ စစ်ဆေးမေးမြန်းခြင်းမရှိခဲ့တဲ့အတွက် သူက အဲ့တာကို အခွင့်ကောင်းယူပြီး ရောမကို ပျံသန်းခဲ့တာပါ။လောင်စာဖြည့်ဖို့ အကြိမ်အနည်းငယ်ရပ်ခဲ့ရပေမဲ့ သူက ရောမကိုရောက်အောင် သွားနိုင်ခဲ့ပါတယ်။ရာဖာယာက ခရီးသည်တွေကို ချက်ချင်းလွှတ်ပေးခဲ့ပြီး သူရဲ့ဓားစာခံတွေဖြစ်တဲ့ လေယာဥ်ဝန်ထမ်းတွေအပေါ်မှာလည်း တော်တော်လေးယဥ်ကျေးခဲ့တာပါ။သူက လေယာဥ်မယ်တစ်ယောက်ကိုတောင် ဆိုလာတဲလ် လို့ခေါ်တဲ့ ကစားနည်းတစ်မျိုးကို သင်ပေးခဲ့ပါသေးတယ်။အီတလီရောက်နေတဲ့ သူ့ကိုတော့ ဖမ်းမိခဲ့ပါတယ်။သူက ဒေါ်လာ နှစ်ရာအတွက် လေယာဥ်ကို ဘာကြောင့် ခိုးယူခဲ့တာလဲ။အဲ့ဒီငွေပမာဏဟာ သူ US ရေတပ်မှာ တစ်နှစ်တာဝန်ထမ်းဆောင်ပြီးတဲ့နောက် မရရှိခဲ့တဲ့ ငွေပမာဏ ပါ။သူဟာ ရှက်ရွံခဲ့ပြီး သူ့နည်းလမ်းနဲ့သူ တရားမျှတမှုရယူဖို့ ဆုံးဖြတ်ခဲ့တာပါပဲ။ကုန်လှောင်ရုံတစ်ခုကို ဖောက်ထွင်းပြီး ဒေါ်လာနှစ်ရာတန်ဖိုးရှိတဲ့ ရေဒီယိုစက်တစ်စုံကို ယူခဲ့ပါတယ်။အဲ့ဒီနောက် သူ့မွေးရပ်မြေကို ပြန်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ကံကောင်းထောက်မ စွာနဲ့ သူဟာ အပိုင်စီးထားတဲ့လေယာဥ်နဲ့ အတ္တလန်တိတ်သမုဒ္ဒရါကို ကျော်ဖြတ်နိုင်ခဲ့တာပါ။သမိုင်းမှာတော့ တကယ်ကို မှတ်တမ်းဝင်ဖြစ်ရပ် ပါပဲ။

၂၀၁၈ မှာလည်း ကျောင်းသားနှစ်ယောက်က လေယာဥ်တစ်စင်းကို ခိုးယူနိုင်ခဲ့တယ်ဆိုရင်ရော?အသက်ဆယ့်လေးနှစ်နဲ့ ဆယ့်ငါးနှစ်အရွယ်ကလေးနှစ်ယောက်ဟာ မိဘမဲ့ဂေဟါ ကထွက်ပြေးခဲ့ပြီး လယ်ထွန်စက်တစ်ခုကို မောင်းနှင်ပြီး ကိုယ်ပိုင်လေယာဥ်ကွင်းဆီ ရောက်ရှိခဲ့ပါတယ်။အဲ့ဒီနောက် လေယာဥ်အသေးတစ်စီးကို ခိုးယူခဲ့တာပါ။သူတို့ဟာ လေယာဥ်ကို ယူနိုင်ခဲ့ရုံသာမက မောင်းလည်းမောင်နိုင်ခဲ့ပါတယ်။၁၅ မိုင် (၂၄ ကီလိုမီတာ)လောက်ပျံသန်းခဲ့ပြီး အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့တာပါ။ချက်ချင်းကို အဖမ်းခံခဲ့ရတယ်လေ။ဒါပေမဲ့ ဒီကလေးနှစ်ယောက်ရဲ့ သတ္တိက အံသြစရာပါပဲ။

ကမ်းခြေတစ်ခုကို ခိုးယူမယ်ဆိုရင်ရော?ဒီဖြစ်ရပ်ကတော့ ဂျမေကာမှာ ဖြစ်ပွားခဲ့တာပါ။ကျွန်းရဲ့မြေအနအေထားရှုခင်း တွေကို ဘယ်သူမှ မပြုပြင်နိုင်ပါဘူး။ခရီးသွားဇုန်တစ်ခုရဲ့အလုပ်ခွင်ကပဲ ဖြစ်ပါတယ်။ဒေါ်လာ သန်း၁၈၀ လောက်ရှိတဲ့သဲတွေ ပျောက်ဆုံးခဲ့တာပါ။ရိုးရိုးသာမန်သဲမဟူတ်ဘဲ ကမ်းရိုးတန်းတွေကို ဖုံးလွှမ်းနိုင်တဲ့ အထူးသဲအမျိုးအစားဖြစ်ပါတယ်။ ကမ်းခြေတစ်ခုအတွက် သန့်ရှင်းပြီး ဖြူလွှနေတဲ့သဲတွေက တကယ်ကို တန်ဖိုးရှိတာပါ။၁၃၃၂ ပေ(၄၀၀ မီတာ)ရှည်လျားတဲ့ ပင်လယ်ကမ်းရိုးတန်းကို ဖုံးလွှမ်းနိုင်တဲ့ ပမာဏ အထိ ဆုံးရှုံးလိုက်ခဲ့ရတာပါ။သဲအပြည့်ထည့်ထားတဲ့ ကုန်တင်ကားငါးရာ အားနဲ့ အတူတူပါပဲ။ဘယ်သူက တရားခံဖြစ်နိုင်မလဲ။ရဲတွေကတော့ ဒီကိစ္စကို စုံစမ်းနေဆဲပါ။အဓိကသံသယ ရှိခံရတဲ့လူတွေကတော့ အပန်းဖြေစခန်းတည်ဆောက်ကြတဲ့ ဆောက်လုပ်ရေး ကုမ္မဏီတွေပါပဲ။ အဖြေမထုတ်နိုင်သေးတဲ့မေးခွန်းတစ်ခုကျန်နေပါသေးတယ်။ဒီလောက်များတဲ့သဲတွေဟာ သဲလွန်စတစ်ခုတစ်လေတောင်မကျန်ခဲ့ဘဲ ဘယ်လိုအခိုးခဲ့ရတာလဲ ဆိုတာပါ။သင့်မှာ အခြားစဥ်းစားမိတာများရှိသလား?

၁၀ တန်လေးတဲ့တံတားစင်းကို ခိုးမယိဆိုရင်ရော။သင်ဟာ တံတားကို အလွယ်တကူယူပြီး သင်ထားချင်တဲ့နေရာကို ထားလိုက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။သင်ယုံမှာမဟုတ်ပေမဲ့ ဒါက  ချက်သမ္မတနိုင်ငံမှာရှိတဲ့ ဆိုကိုလာမြို့အနီးနားမှာ  တကယ်ဖြစ်ခဲ့တာပါ။တစ်ခုသော မနက်ခင်းမှာ မြို့ခံတွေက ရထားလမ်းအပေါ်မှာတည်ရှိတဲ့ တည်ရှိတဲ့တံတားကြီး ပျောက်ဆုံးနေတာကိုတွေ့ရှိခဲ့ကြပါတယ် အရည်ပျော်သွားသလိုမျိုးကို ပျောက်ကွယ်သွားတာပါ။ အဲ့ဒီတံတားဟာ ဆယ်တန် ကုန်တင်ကားတစ်စီးစာလောက်ကို လေးပါတယ်။ဒီလိုကြီးမားတဲ့တံတားကို ဘယ်လိုများခိုးယူပြီး တစ်ညတည်းနဲ့ ရွှေ့သွားနိုင်တာပါလိမ့်။ဒါတင်မက ပါဘူး။သူခိုးတွေဟာ ၆၅၆ ပေ (၂၀၀ မီတာ) ရှိတဲ့ သံလမ်းတွေနဲ့ ဝက်အူတွေလည်း ယူဆောင်သွားခဲ့တယ်လေ။အမှန်တော့ ဒီဖြစ်စဥ်က ရိုးရှင်းပါတယ်။သူတို့က ကရိန်းကိုအသုံးပြုခဲ့ပြီး တံတားကို တစ်စစီဖြုတ်ယူသွားခဲ့တာပါ။သူတို့ဟာ သတ္တုတွေကို အရည်ဖျော်ဖို့ ပေးခဲ့တာဖြစ်ပြီး အဲ့ဒီအတွက် ပိုက်ဆံအမြောက်အများ ရခဲ့ပါလိမ့်မယ်။

ဒီဖောက်ထွင်းရေးသမားတွေဟာ စက်ဆုပ်ဖွယ်ကောင်းတဲ့လုပ်ရပ်တွေကိုလည်း လုပ်နိုင်ကြပါတယ်။ဆန်ဖရန်စစ်စကိုမှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းရဲ့ ခေါင်းလောင်းတစ်လုံးဟာ အခိုးခံရဖူးပါတယ်။အဲ့ဒီခေါင်းလောင်းက တကယ်ကိုကြီးပြီး ၂.၇ တန်အလေးချိန်ရှိတာပါ။ဒါဟာ အယ်ဒိုရာဒို ကဲဒီးလစ်ခ် ကို မောင်းပြေးသွားသလိုပါပဲ။ဒီခေါင်းလောင်းက သမိုင်းကြောင်းအရ အရေးပါမှု ရှိပါတယ်။၁၉၈၉ ခုနှစ် ဗာတီမော့မှာ သွန်းလုပ်ခဲ့တာဖြစ်ပြီး ၁၉၆၂ ခုနှစ်မှာ ဖြစ်ပွားတဲ့ မီးဘေးကနေ ကင်းလွတ်ခဲ့ပါတယ်။ခေါင်းလောင်းကို ထိန်းသိမ်းထားနိုင်ဖို့ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ခဲ့ပေမယ့် သူခိုးတွေရန်ကတော့ မလွတ်ခဲ့ပါဘူး။၁၉၇၀ ပြည့်နှစ်ကစပြီး ခရစ်ယာန် ဘုန်းတော်ကြီးတွေက ခေါင်းလောင်းမြည်သံကို တုပနိုင်နဲ့ အော်ဒီရို စနစ်ကို သုံးခဲ့ပါတယ်။တစ်နေ့မှာတော့ သဲလွန်စတစ်ခုလေးတောင်မကျန်ခဲ့ဘဲ  သစ်သားစင်မြင့်ကနေ အခိုးခံလိုက်ရတာပါ။ ဘုန်းတော်ကြီးတွေနဲ့ ဝတ်ပြုဆုတောင်းတဲ့သူတွေဟာ ခေါင်းလောင်းဘယ်အချိန်မှာ အခိုးခံခဲ့ရတယ်ဆိုတာ အတိအကျ မသိခဲ့ပါဘူး။အားလုံးဟာ သတိမထားမိဘဲ ပုံမှန်အတိုင်းထင်ခဲ့ကြပုံပါပဲ။ဒါကြောင့် ခေါင်းလောင်းအခိုးခံရတဲ့အချိန်ဟာ ပဟေဠိ တစ်ခုအဖြစ် ကျန်ရှိနေဆဲပါ။

အလားတူဖြစ်ရပ်မျိုး စကော့တလန်နိုင်ငံက ဖနင်နာ ကျွန်းမှာလည်း ဖြစ်ပွားခဲ့ပါသေးတယ်။အဲ့ဒီကျွန်းမှာ ပျက်စီးလုနီးပါးဖြစ်နေပြီး ကျောက်သားနဲ့ပြုလုပ်ထားတဲ့ ခရစ်ယာန်ဝတ်ပြုဆုတောင်းရာ နေရာတစ်ခု ရှိပါတယ်။ဒီဘုရားကျောင်းက ခေါင်းလောင်းဟာလည်း အခိုးခံခဲ့ရတာပါ။ အလယ်ပိုင်းခေတ်အစောပိုင်းလောက်က သွန်းလုပ်ခဲ့တာဖြစ်ပြီး ရက်အတိအကျကိုတော့ မသိကြပါဘူး။ဒါပေမဲ့ တချို့ အထောက်အထားတွေအရ နှစ်ပေါင်း တစ်ထောင်ခန့်ကြာမြင့်နေပါပြီ။ယုံတမ်းစကားတွေအရတော့ ဒီခေါင်းလောင်းကြီးက ကျိန်စာသင့်တတ်တယ်လို့ ဆိုပါတယ်။ဖောက်ထွင်းရေးသမားတွေဟာ သူတို့လုပ်ခဲ့တဲ့လုပ်ရပ်အတွက် အပြစ်ပေးခံရမယ်လို့ သင်ထင်ပါသလား။

ယနေ့ခေတ်မှာ ကားခိုးခံရတယ်ဆိုတဲ့ကိစ္စမျိုးဟာ ဘယ်သူ့ကိုမှ အံသြစေမှာမဟုတ်ပါဘူး။ဒါပေမဲ့ ကျွန်မတို့က သင့်ကို အံအားသင့်စေဖို့ ကြည့်ပါ့မယ်။၂၀၀၁ ခုနှစ်မှာ ရုရှားနိုင်ငံ ကက်ဘိုရာ့စ် မြို့က တိုရိုတာ ကန်မီ ကားတစ်စီး အခိုးယူခံခဲ့ရပါတယ်။ဘာမှမထူးခြားဘူးမလား။ဟူတ်ပါတယ် ထူးဆန်းတဲ့အချက်ကတော့ ကားဟာ ကားဂိုဒေါင်နဲ့အတူ ခိုးခံလိုက်ရတာပါပဲ။ဒီကားကို တန်နှစ်ဆယ်လေးတဲ့ ရေကြောင်းသယ်ယူပို့ဆောင်ရာမှာသုံးတဲ့ကွန်တိန်နာတစ်ခုထဲမှာ သိမ်းထားခဲ့တာပါ။ဒီဟာကို ခိုးယူနိုင်ဖို့ ကုန်တင်ကားတစ်စီးနဲ့ ကရိန်းတစ်ခု လိုအပ်ပါလိမ့်မယ်။ကရိန်းက ဆူညံသံဖြစ်စေမှာအမှန်ပါပဲ။ဒါပေမဲ့ ကားဂိုဒေါင်အနီးမှာ အဲ့လိုအရာတွေတစ်ခုမှမတွေ့ရဘူးလို့ ဆိုပါတယ်။ကားဂိုဒေါင်နဲ့ကားဟာ ဒေးဗစ်ကော်ပါဖီးရဲ့ မျက်လှည့်လိုပဲ ခြေရာလက်ရာမကျန်ဘဲ ပျောက်သွားခဲ့တာပါ။ရုရှားဖောက်ထွင်းရေးသမားတွေအတွက် ဒါဟာ မီးခြစ်ဆံကို အိတ်ကပ်ထဲ ထည့်ရသလိုမျိုးကို လွယ်ကူခဲ့တာပါပဲ။အခုခါမှာ ကားတန်ဖိုးဟာ အမေရိကန်ဒေါ်လာ နှစ်သောင်းခုနှစ်ထောင်ကစရှိပြီး အရင်ကတော့ ပိုပြီးစျေးကြီးခဲ့မှာပါ။

ဓားပြတွေရဲ့ ရဲတင်းမှုနဲ့ပါးနပ်မှုဟာ တစ်ခါတစ်ရံမှာ လက်ဖျားခါရလောက်ပါတယ်။အက်ရှင်ဇာတ်လမ်းတွေတောင် သူတို့ကို နမူနာယူပြီး ရိုက်ကူးနိုင်မှာပါ။တစ်နေ့မှာ မတ်မားရပ်စ်ပင်လယ်ဆိပ်ကမ်းက ဂို့စ် သရီး ရွက်လှေတစ်စင်း အခိုးခံရမှု ဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီလှေရဲ့တန်ဖိုးက အမေရိကန်ဒေါ်လာ နှစ်သန်းရှိတာပါ။အခြားနိုင်ငံက ပင်လယ်ဓားပြတစ်စုဟာ ရွက်လှေကို ငှားရမ်းခဲ့ကာ ခြေရာခံစနစ်ကို ဖြုတ်ပြီး ခိုးယူခဲ့ခြင်းဖြစ်ပါတယ်။သူတို့ လွတ်မြောက်သွားတယ်လို့ သင်ထင်ပါလား။ဖမ်းမိခဲ့ပြီး ရွက်လှေပေါင်း ၄၉ ခု ခိုးယူထားတာကို တွေ့ရှိခဲ့ရပါတယ်။သူတို့ရဲ့ ဉာဏ်နီဉာဏ်နက်ကို သင် အံအားသင့်နေပါသလား။သူတို့ရဲ့ ထောင်သက်တမ်းကိုလည်းစဥ်းစားကြည့်ပါဦး။

ဟုတ်ကဲ့ပါ။နောက်ထပ် အထင်ကြီးစရာလူတွေကတော့ အော်ရဂွန် ပြည်နယ်က အိမ်သူခိုးတွေပါပဲ။သူတို့ကတော့ အိမ်တစ်အိမ်လုံးကို ခိုးယူခဲ့တာဖြစ်ပါတယ်။ပိုင်ရှင်က အိမ်မှာ ပုံမှန်နေထိုင်လေ့ရှိသူမဟုတ်ပါဘူး။ သူလာတဲ့အခါ သူ့မြေပေါ်က နေရာအလွတ်တစ်ခုကိုပဲတွေ့ခဲ့ရတာပါ။အိမ်ဟာ ၁၁၉၄ စတုရန်း ပေ(၁၁၁ စတုရန်းမီတာ) ကျယ်ဝန်းပါတယ်။အိမ်ကို မ ဖို့ တကယ်ကိုသန်မာတဲ့ ကြမ်းပြင် မြင့်တင် ပေးတဲ့ ဂျိုက်နဲ့ ကရိန်းကို အသုံးပြုပြီးအထူး ပလက်ဖောင်းပေါ်ကို ရွေ့ယူခဲ့ပုံပါပဲ။အိမ်က ပကတိအတိုင်းကျန်ခဲ့ပြီး အဝေးကိုမောင်းနှင်သွားနိုင်ခဲ့တာလားဆိုတာကတော့ ပဟေဠိ တစ်ခုလိုပါပဲ။အစပိုင်းမှာတော့ ဒီကိစ္စဖြစ်ခဲ့တယ်ဆိုတာ ရဲတွေက မယုံခဲ့ပါဘူး။နောက်ပိုင်းကျမှသာ အိမ်ပျောက်ကြောင်း ကြေညာခဲ့ပြီး အိမ်ကို ရှာတွေ့ခဲ့တာပါ။ခိုးယူသွားတဲ့သူတွေကိုတော့ မဖမ်းမိခဲ့ပါဘူး။သူတို့ဟာ အိမ်ကို အခင်းဖြစ်ပွားရာနေရာရဲ့ ၁၂.၄ မိုင်(၂၀ ကီလိုမီတာ) မှာ ထားပစ်ခဲ့ပါတယ်။ဘာလို့အဲ့တာကို ချန်ထားခဲ့ကြတာလဲ။သင်တို့ရော ဘယ်လိုထင်ပါသလဲ။

ကဲ အခုတော့ တကယ့်ကို ရှော့ခ်ရစေမယ့် အကြောင်းအရာတစ်ခုကို နားထောင်ရမှာပါ။ရုရှားနိုင်ငံရှိ ချီးတက်မြို့မှာ သူခိုးတွေက စစ်ဒုံးကျည် သုံးခုကို ခိုးယူပြီး သံတိုသံစတွေအဖြစ် သုံးဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ဒီ S 200 တွေက ၆၀ ပြည့်နှစ်နောက်ပိုင်းမှာ သုံးခဲ့တဲ့ လေယာဥ်ပစ်ဒုံးကျည်တွေပါ။ကျယ်ပြန့်တဲ့နယ်မြေတွေကို ဗုံးကျဲလေယာဥ်ရဲ့အန္တရာယ်ကနေ ကာကွယ်ဖို့ အချို့ဒေသတွေမှာ အသုံးပြုနေဆဲပါ။ဒါကြောင့် ဒီဒုံးကျည်တွေမှာ ကြီးမားတဲ့ဧရိယာတစ်ခုကို ပြင်းထန်စွာပေါက်ကွဲဖျက်ဆီးနိုင်တဲ့ ထိပ်ဖူးရှိနေပါတယ်။သံတိုသံစအဖြစ်ပြောင်းလဲနေတဲ့အချိန်မှာ ဒုံးကျည်တစ်ခုက ပြင်းထန်စွာပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုက အသက်ရှူမှားလောက်အောင်ကြောက်စရာကောင်းခဲ့တာပါ။လူနစ်ယောက်သေဆုံးခဲ့ကာ1ယောက်ကတော့ဒဏ်ရာအပြင်းအထန်ရသွားခဲ့ပါတယ်ကျန်ဒုံးကျည်နှစ်ခုမှာတော့ထူးဆန်းစွာဖြင့်မပေါက်ကွဲခဲ့ပါဘူး။ထူးဆန်းပြီးရဲတင်းလွန်းတဲ့ဖောက်ထွင်းခိုးယူမှုတွေအကြောင်း ရှာဖွေရတာက တော်တော်လေးစိတ်ဝင်စားဖို့ ကောင်းပါတယ်။သူတို့နောက်ထပ်ပုံစံတူတွေ ထပ်မလုပ်သင့်ဘူးလို့ထင်ပါတယ်။သင့်အနေနဲ့ ဘယ်ဖြစ်ရပ်ကိုအထင်ကြီးဆုံးပါလဲ။သင့်ရဲ့အမြင်ကိုကော့မန့်မှာရေးခဲ့ပါဦး။ဘိုင့်ဘိုင်။