ကြိုးပေးခံရလုဆဲဆဲအချိန်မှာ ဂဋ္ဌုန်ဆရာစံတောင်းသွားတဲ့ ဆု – The Geek Text

Post Views:
457

(၂၈ ၁၁ ၁၉၃၁)နံက် ၆နာရီခန့်တွင် ကြိုးပေးကွပ်မျက်ခံရမည့်ဆဲဆဲတွင် ဂဋ္ဌုန်ဆရာစံ ၏ ၃ ပေခန့်အကွာအဝေးတွင် တာဝန်ထမ်းဆောင်နေရသော သာယာဝတီထောင် လက်ထောက် ထောင်မှုကြီး ဦးစိန် က ဆရာစံ ကြိုးပေးကွပ်မျက်ခံရမှုကို ထောင်မှတ်တမ်းတင်နေရသည်။ဆရာစံကို ကြိုးပေးတဲ့စင်ဟာ ယခုလက်ရှိ c ထောင်က ကြိုးစင် နှစ်စင်ရှိတဲ့အနက် ဝဲဘက်အခြမ်းက စင်ဖြစ်ပါတယ်။ဆရာစံကို ကြိုးပေးတဲ့အခါမှာ တက်ရောက်ကြည့်ရှုခဲ့သူတွေထဲမှာ သာယာဝတီခရိုင် ဒုတိယ အရေးပိုင်မင်း ဦးကျော် ( A.D.M) နောင်တွင် ရခိုင်တိုင်းမင်းကြီး (B.A.K S.M.A.T.M) အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ)နှင့်လက်ပံတန်း မြူနီစီပါယ် လူကြီးမင်းများသုံးဆယ်သူကြီးမင်းများ အထူးအာဏာရ သူကြီးမင်းများ အားလုံး လူ၂၀ခန့် တက်ရောက် ကြည့်ရှုခဲ့ပါတယ်။နိုဝင်ဘာ(၂၈)နံက် ၅နာရီ ၄၅မိနစ်လောက်တွင် ဆရာစံ အား အကျဉ်းသား နှစ်ယောက်က ကြိုးတိုက်မှ ကြိုးတုပ် အင်္ကျီကို ဝတ်ပေးပြီး လက်ထိပ်ကို နောက်ပြန်ခတ်ပြီး တံတောင်ဆစ် ကွေးကနေကြိုးထပ်ချည်လိုက်ပါတယ်…

အားလုံး အစီအစဉ်အတိုင်းဆောင်ရွက်ပြီး ဆရာစံကို ကြိုးစင်ရှိရာသို့ တွဲ၍ ခေါ်လာသည် …ကြိုးစင်ပေါ်တက်ခါနီးတွင် တွဲလာသူ အကျဉ်း သားနှစ်ဦးကို ဆရာစံမှ ခန္ဓာကိုယ်နှင့်တွန်းတိုက်ဖယ်ပြီး အမျိုးဘာသာ သာသနာ ပညာကြီးပွားရာ ကြီးပွားကြောင်းဆောင်ရွက်လို့ ယခုလို ကြုံတွေ့ရတာကို သုခ လို့မှတ်ပါတယ်။အနားရှိ အကျဉ်းသားနှစ်ဦးကိုလည်း“ဖယ်ပေး ငါ့ဟာငါ တက်မယ်”..ဆိုပြီး ကြိုးစင်ပေါ်တက်သွားပါတယ်။ကြိုးစင်ပေါ်ရောက်သည်နှင့် ဆရာစံက သူ၏ ကြိုးပေးကွပ် မျက်ခံရမှုကို တက်ရောက်ကြည့်ရှုရသော ဗြိတိသျှ ကိုလိုနီ လက် အောက်ခံ အမှုထမ်း အရာထမ်း လူကြီးမင်းများအားနှုတ်ဆက်၍ အားလုံးပဲ ကျုပ်တော့ သွားပြီ ဖြစ်လေရာ ဘဝတိုင်းမှာ နယ်ချဲ့ကိုလိုနီ အင်္ဂလိပ်တွေကို နိုင်ရတဲ့ကိုယ် ဖြစ်ရပါစေလို၏ ဟု ဆုတောင်းသွားပါတယ်။ဆရာစံလည်း ဆုတောင်းပြီး မျက်နှာဖုံး အိတ်ကြီးကို စွပ်ပေးကာ လည်ပင်းကို ကြိုးတပ်ပြီးတော့ ဆရာစံ ရပ်နေသည့်ခြေထောက်အစုံအောက်က ကြိုးစင် ကြမ်းခင်းဒေါက်ကိုဖြုတ်ချ ကွပ်မျက်လိုက်ပါတယ်။ မိတ်ဆွေများကို လေးစားလျက်..။

Credit-မြတ်သွေးငယ်
[zawgy]
(၂၈ ၁၁ ၁၉၃၁)နံက္ ၆နာရီခန႔္တြင္ ႀကိဳးေပးကြပ္မ်က္ခံရမည့္ဆဲဆဲတြင္ ဂ႒ဳန္ဆရာစံ ၏ ၃ ေပခန႔္အကြာအေဝးတြင္ တာဝန္ထမ္းေဆာင္ေနရေသာ သာယာဝတီေထာင္ လက္ေထာက္ ေထာင္မႈႀကီး ဦးစိန္ က ဆရာစံ ႀကိဳးေပးကြပ္မ်က္ခံရမႈကို ေထာင္မွတ္တမ္းတင္ေနရသည္။ဆရာစံကို ႀကိဳးေပးတဲ့စင္ဟာ ယခုလက္ရွိ c ေထာင္က ႀကိဳးစင္ ႏွစ္စင္ရွိတဲ့အနက္ ဝဲဘက္အျခမ္းက စင္ျဖစ္ပါတယ္။ဆရာစံကို ႀကိဳးေပးတဲ့အခါမွာ တက္ေရာက္ၾကည့္ရႈခဲ့သူေတြထဲမွာ သာယာဝတီခ႐ိုင္ ဒုတိယ အေရးပိုင္မင္း ဦးေက်ာ္ ( A.D.M) ေနာင္တြင္ ရခိုင္တိုင္းမင္းႀကီး (B.A.K S.M.A.T.M) အျဖစ္တာဝန္ထမ္းေဆာင္ခဲ့သူ)ႏွင့္လက္ပံတန္း ျမဴနီစီပါယ္ လူႀကီးမင္းမ်ားသုံးဆယ္သူႀကီးမင္းမ်ား အထူးအာဏာရ သူႀကီးမင္းမ်ား အားလုံး လူ၂၀ခန႔္ တက္ေရာက္ ၾကည့္ရႈခဲ့ပါတယ္။ႏိုဝင္ဘာ(၂၈)နံက္ ၅နာရီ ၄၅မိနစ္ေလာက္တြင္ ဆရာစံ အား အက်ဥ္းသား ႏွစ္ေယာက္က ႀကိဳးတိုက္မွ ႀကိဳးတုပ္ အက်ႌကို ဝတ္ေပးၿပီး လက္ထိပ္ကို ေနာက္ျပန္ခတ္ၿပီး တံေတာင္ဆစ္ ေကြးကေနႀကိဳးထပ္ခ်ည္လိုက္ပါတယ္…အားလုံး အစီအစဥ္အတိုင္းေဆာင္႐ြက္ၿပီး ဆရာစံကို ႀကိဳးစင္ရွိရာသို႔ တြဲ၍ ေခၚလာသည္ …ႀကိဳးစင္ေပၚတက္ခါနီးတြင္ တြဲလာသူ အက်ဥ္းသားႏွစ္ဦးကို ဆရာစံမွ ခႏၶာကိုယ္ႏွင့္တြန္းတိုက္ဖယ္ၿပီး အမ်ိဳးဘာသာ သာသနာ ပညာႀကီးပြားရာ ႀကီးပြားေၾကာင္းေဆာင္႐ြက္လို႔ ယခုလို ႀကဳံေတြ႕ရတာကို သုခ လို႔မွတ္ပါတယ္။အနားရွိ အက်ဥ္းသားႏွစ္ဦးကိုလည္း“ဖယ္ေပး ငါ့ဟာငါ တက္မယ္”..ဆိုၿပီး ႀကိဳးစင္ေပၚတက္သြားပါတယ္။ႀကိဳးစင္ေပၚေရာက္သည္ႏွင့္ ဆရာစံက သူ၏ ႀကိဳးေပးကြပ္ မ်က္ခံရမႈကို တက္ေရာက္ၾကည့္ရႈရေသာ ၿဗိတိသွ် ကိုလိုနီ လက္ေအာက္ခံ အမႈထမ္း အရာထမ္း လူႀကီးမင္းမ်ားအားႏႈတ္ဆက္၍ အားလုံးပဲ က်ဳပ္ေတာ့ သြားၿပီ ျဖစ္ေလရာ ဘဝတိုင္းမွာ နယ္ခ်ဲ႕ကိုလိုနီ အဂၤလိပ္ေတြကို ႏိုင္ရတဲ့ကိုယ္ ျဖစ္ရပါေစလို၏ ဟု ဆုေတာင္းသြားပါတယ္။ဆရာစံလည္း ဆုေတာင္းၿပီး မ်က္ႏွာဖုံး အိတ္ႀကီးကို စြပ္ေပးကာ လည္ပင္းကို ႀကိဳးတပ္ၿပီးေတာ့ ဆရာစံ ရပ္ေနသည့္ေျခေထာက္အစုံေအာက္က ႀကိဳးစင္ ၾကမ္းခင္းေဒါက္ကိုျဖဳတ္ခ် ကြပ္မ်က္လိုက္ပါတယ္။ မိတ္ေဆြမ်ားကို ေလးစားလ်က္..။
Crd
Crd