ကွယ်လွန်သွားသောသခင်ဖြစ်သူရဲ့ ဈာပနာအခမ်းအနားကို ဝမ်းနည်းစွာနဲ့ရောက်ရှိလာပြီး ထိုင်ကန်တော့ခဲ့သည့် ဆင်လိမ္မာလေး

ကွယ်လွန်သွားသောသခင်ဖြစ်သူရဲ့ ဈာပနာအခမ်းအနားကို ဝမ်းနည်းစွာနဲ့ရောက်ရှိလာပြီး ထိုင်ကန်တော့ခဲ့သည့် ဆင်လိမ္မာလေး

တိရစ္ဆာန်လေးများရဲ့ ချစ်ခြင်းမေတ္တာသည် သခင်ဖြစ်သူအပေါ် ကြီးမားပြီး ပျော်စရာရှိတဲ့အခါမှ ပျော်ပေးကာ ဒုက္ခရောက်နေချိန်မှာလည်း ထားမသွားပဲ တူတူ ဒုက္ခခံပေးတတ်ကြပြီး နောက်ဆုံး တစ်ဦးနဲ့တစ်ဦး ခွဲခွာရသည့်အခါ ဝမ်းနည်းကြေကွဲတတ်ကြပြန်သည်။

ယခုတွင်လည်း ထိုင်းနိုင်ငံမှ အသက်၈၄နှစ်အရွယ် အဖိုးအိုတစ်ဦးသည် ယာဉ်မတော်တဆဖြစ်ပြီး ဆုံးပါးသွားခဲ့ရာ သူ့ရဲ့သစ္စာရှိသော ဆင်လေးသည် စျာပနာအခမ်းအနားကို တက်ရောက်ပြီး ဝမ်းနည်းငိုကြွေးနေခဲ့သည်။

အဖိုးအိုသည် ထိုဆင်လေးကို လွန်ခဲ့သော ၁၀နှစ်ကျော်လောက်က ဆပ်ကပ်အဖွဲ့ကနေ ဝယ်ယူခဲ့ပြီး မွေးစားခဲ့ရာ အိမ်မှာလည်းအားကိုးရသည့်အတွက် အဖိုးအိုက ဆင်လေးကိုအရမ်းချစ်ပေးပြီး ဂရုစိုက်စောင့်ရှောက်ခဲ့သည်။

ထို့ကြောင့် ဆင်လေးသည် သူ့ရဲ့သခင်ဖြစ်သူ ဆုံးပါးသွားတာကို သိသိချင်းမှာပဲ မျက်နှာလေးညှိုးငယ်စွာနဲ့ မျက်ရည်တွေပါ ကျနေခဲ့ပြီး နောက်ဆုံးနှုတ်ဆက်သည့်အနေနဲ့ သခင်ဖြစ်သူအား ထိုင်ကန်တော့ခဲ့သေးသည်။

Rain (For Ialinks)

Unicode






Rain (For Ialinks)

Crd

Crd

arkarta