ကြတ္ခိုင္မွာ အမ်ိဳးသမီးတစ္ဦးကို အဓမၼျပဳက်င့္ခဲ့တဲ့ စစ္သားကို ေထာင္ဒဏ္ ၂၀ႏွစ္ ခ်မွတ္လိုက္တယ္လို႔ စစ္ေကာင္စီ ထုတ္ျပန္

ကြတ္ခိုင္မွာ အမ်ိဳးသမီးတစ္ဦးကို အဓမၼျပဳက်င့္ခဲ့တဲ့ စစ္သားကို ေထာင္ဒဏ္ ၂၀ႏွစ္ ခ်မွတ္လိုက္တယ္လို႔ စစ္ေကာင္စီ ထုတ္ျပန္

ကြတ္ခိုင္ၿမိဳ႕နယ္၊ ဖာခတ္ေက်း႐ြာရွိ အမ်ိဳးသမီးတစ္ဦးကို အဓမၼျပဳက်င့္ခဲ့တဲ့ စစ္သားကို အျမင့္ဆုံးျပစ္ဒဏ္ ေထာင္ဒဏ္ ၂၀ႏွစ္ ခ်မွတ္လိုက္တယ္လို႔ စစ္ေကာင္စီရဲ႕ ထုတ္ျပန္ခ်က္အရ သိရပါတယ္။ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ ၇ရက္ေန႔က ကြတ္ခိုင္ၿမိဳ႕နယ္၊ ဖာခတ္ေက်း႐ြာမွ ေတာင္ယာတဲအတြင္းရွိ ၿခံေစာင့္အမ်ိဳးသမီးတစ္ဦးကို တပ္သားအဆင့္ရွိ မင္းမင္းစိုးက အလိုမတူဘဲ အဓမၼျပဳက်င့္မႈ ျဖစ္ပြားခဲ့တာ ျဖစ္ပါတယ္။ အဆိုပါ ျဖစ္စဥ္နဲ႔စပ္လ်ဥ္းၿပီး

စစ္ေဆးစီရင္ဖို႔အတြက္ တပ္မေတာ္အက္ဥပေဒ၊ တပ္မေတာ္ နည္းဥပေဒမ်ားနဲ႔အညီ ဖြဲ႕စည္းခဲ့တဲ့ စစ္တရား႐ုံးဥကၠ႒နဲ႔ အဖြဲ႕ဝင္မ်ားက လုပ္ထုံးလုပ္နည္းမ်ားနဲ႔အညီ ဒီဇင္ဘာ ၉ ရက္က ကြတ္ခိုင္ၿမိဳ႕ရွိ နယ္ေျမခံတပ္မွာ အက်ဥ္းစစ္တရား႐ုံးခ်ဳပ္ျဖင့္ ႐ုံးထိုင္စစ္ေဆးျခင္းကို စတင္စစ္ေဆး ေဆာင္႐ြက္ခဲ့တယ္လို႔ သိရပါတယ္။ ယင္းကဲ့သို႔ အက်ဥ္းစစ္တရား႐ုံးခ်ဳပ္ျဖင့္ ႐ုံးထိုင္ စစ္ေဆးျခင္းကို ဒီဇင္ဘာ ၁၀ရက္ေန႔မွာလည္း

ဆက္လက္ျပဳလုပ္ၿပီး တပ္မေတာ္သား တရားလို ဘက္သက္ေသမ်ားနဲ႔ အရပ္သား တရားလိုဘက္ သက္ေသမ်ားကို စစ္ေမးျခင္းမ်ား ျပဳလုပ္ခဲ့တယ္လို႔ ဆိုပါတယ္။ အဆိုပါ ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ျပစ္မႈက်ဴးလြန္ေၾကာင္း စစ္ေဆးေတြ႕ရွိရတာေၾကာင့္ ျပစ္မႈက်ဴးလြန္သူ စစ္သည္ကို ျပစ္မႈရဲ႕ အျမင့္ဆုံးျပစ္ဒဏ္ျဖစ္တဲ့ နယ္ဘက္ အက်ဥ္းေထာင္မွာ ေထာင္ဒဏ္ ၂၀ ႏွစ္နဲ႔ ျဖစ္စဥ္အတြက္ တာဝန္ရွိတဲ့ အရာရွိႀကီး ၁ ဦးအပါအဝင္ အရာရွိ၊ စစ္သည္မ်ားကို

တပ္မေတာ္မွ ျပ႒ာန္းထားတဲ့ ဥပေဒမ်ားနဲ႔အညီ ျပစ္ဒဏ္မ်ားကို ခ်မွတ္ခဲ့တယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။ အဆိုပါျဖစ္စဥ္ကို စစ္တရား႐ုံးျဖင့္ စတင္စစ္ေဆးစီရင္ခဲ့စဥ္က နယ္ဘက္ဌာနဆိုင္ရာမ်ား၊ သက္ဆိုင္ရာ ေက်း႐ြာမွ ရပ္မိ၊ ရပ္ဖမ်ား၊ တရားလိုဘက္ေဆြမ်ိဳးမ်ား၊

ရွမ္းျပည္နယ္၊ ကခ်င္စာေပႏွင့္ ယဥ္ေက်းမႈအမ်ိဳးသမီးအဖြဲ႕နဲ႔ ဘာသာေရးအသင္းအဖြဲ႕မ်ားကို ဖိတ္ၾကားတက္ေရာက္ေစကာ ပြင့္လင္း ျမင္သာစြာ စစ္ေဆးေဆာင္႐ြက္ခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။

crd-

ယူနီကုတ္

ကွတ်ခိုင်မှာ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တဲ့ စစ်သားကို ထောင်ဒဏ် ၂၀နှစ် ချမှတ်လိုက်တယ်လို့ စစ်ကောင်စီ ထုတ်ပြန်

ကွတ်ခိုင်မြို့နယ်၊ ဖာခတ်ကျေးရွာရှိ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တဲ့ စစ်သားကို အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၂၀နှစ် ချမှတ်လိုက်တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ရက်နေ့က ကွတ်ခိုင်မြို့နယ်၊ ဖာခတ်ကျေးရွာမှ တောင်ယာတဲအတွင်းရှိ ခြံစောင့်အမျိုးသမီးတစ်ဦးကို တပ်သားအဆင့်ရှိ မင်းမင်းစိုးက အလိုမတူဘဲ အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဖြစ်စဉ်နဲ့စပ်လျဉ်းပြီး

စစ်ဆေးစီရင်ဖို့အတွက် တပ်မတော်အက်ဥပဒေ၊ တပ်မတော် နည်းဥပဒေများနဲ့အညီ ဖွဲ့စည်းခဲ့တဲ့ စစ်တရားရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်များက လုပ်ထုံးလုပ်နည်းများနဲ့အညီ ဒီဇင်ဘာ ၉ ရက်က ကွတ်ခိုင်မြို့ရှိ နယ်မြေခံတပ်မှာ အကျဉ်းစစ်တရားရုံးချုပ်ဖြင့် ရုံးထိုင်စစ်ဆေးခြင်းကို စတင်စစ်ဆေး ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ ယင်းကဲ့သို့ အကျဉ်းစစ်တရားရုံးချုပ်ဖြင့် ရုံးထိုင် စစ်ဆေးခြင်းကို ဒီဇင်ဘာ ၁၀ရက်နေ့မှာလည်း

ဆက်လက်ပြုလုပ်ပြီး တပ်မတော်သား တရားလို ဘက်သက်သေများနဲ့ အရပ်သား တရားလိုဘက် သက်သေများကို စစ်မေးခြင်းများ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိရတာကြောင့် ပြစ်မှုကျူးလွန်သူ စစ်သည်ကို ပြစ်မှုရဲ့ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ နယ်ဘက် အကျဉ်းထောင်မှာ ထောင်ဒဏ် ၂၀ နှစ်နဲ့ ဖြစ်စဉ်အတွက် တာဝန်ရှိတဲ့ အရာရှိကြီး ၁ ဦးအပါအဝင် အရာရှိ၊ စစ်သည်များကို

တပ်မတော်မှ ပြဋ္ဌာန်းထားတဲ့ ဥပဒေများနဲ့အညီ ပြစ်ဒဏ်များကို ချမှတ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ အဆိုပါဖြစ်စဉ်ကို စစ်တရားရုံးဖြင့် စတင်စစ်ဆေးစီရင်ခဲ့စဉ်က နယ်ဘက်ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ ကျေးရွာမှ ရပ်မိ၊ ရပ်ဖများ၊ တရားလိုဘက်ဆွေမျိုးများ၊

ရှမ်းပြည်နယ်၊ ကချင်စာပေနှင့် ယဉ်ကျေးမှုအမျိုးသမီးအဖွဲ့နဲ့ ဘာသာရေးအသင်းအဖွဲ့များကို ဖိတ်ကြားတက်ရောက်စေကာ ပွင့်လင်း မြင်သာစွာ စစ်ဆေးဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

crd-