ကြက်သွန်နီစျေး (၁) ပိသာ (၅၀၀၀) ကျော်ပြီးနောက် စျေးကွက်ထဲက ပေးတဲ့ သင်ခန်းစာတခု

ကြက်သွန်နီစျေး (၁) ပိသာ (၅၀၀၀) ကျော်ပြီးနောက် စျေးကွက်ထဲက ပေးတဲ့ သင်ခန်းစာတခု






Post Views:
9

ကြက်သွန်နီစျေး (၁) ပိသာ (၅၀၀၀) ကျော်ပြီးနောက် စျေးကွက်ထဲက ပေးတဲ့ သင်ခန်းစာတခု..

ပြည်တွင်းကြက်သွန်နီစျေး ၁ ပိသာ ၅၀၀၀ ကျော်ပြီးနောက် နယ်စပ်မှ ကြက်သွန်နီများ ၁ ပိသာ ၁၅၀၀ ကျပ်ဝန်းကျင်ဖြင့် ဝင်ရောက်လာပါတယ်။ ဒီဖြစ်စဉ်ကို ကြည့်ရင် စားသုံးသူတွေအတွက် စျေးချိုစွာနဲ့ ဝယ်ယူခွင့်ရလို့ ကောင်းပေမယ့် ပြည်တွင်းကြက်သွန်နီစျေးကွက်ကို ပြည်ပကိုအစားထိုးယူသွားမယ်ဆိုရင် ကြက်သွန်နီတောင်သူတွေ ရေရှည်ထိခိုက်နစ်နာပါလိမ့်မယ်..

ဒါ့ကြောင့်စျေးကွက်တခုမှာ စျေးနူန်းအလွန်အကျွံတက်ခြင်းဟာ စျေးကွက်ထဲက ပစ္စည်းရှိတဲ့ သူတွေအနေနဲ့ ယာယီ အကျိုးအမြတ်ရှိနေပေမယ့် ရေရှည်အတွက်ဆို ကိုယ့်စျေးကွက် ပျောက်သွားပြီး စျေးကွက်ထဲ ပါဝင်ပတ်သက်နေတဲ့သူတွေ အတွက် အခွင့်အလမ်းတွေ ဆုတ်လျော့သွားနိုင်တယ်ဆိုတာ သတိပြုစေချင်ပါတယ်..

စျေးကွက်တခုမှ စျေးမြင့်လာလေ အရောင်းအဝယ်အေးလာလေဆိုတာ ထဲထဲဝင်ဝင်လုပ် နေတဲ့သူတွေဆိုသိကြပါတယ်.. အရောင်းဝယ်အေးလာရင် စျေးကပြန်အေးလာရစမြဲ ဆိုတာလဲ သိကြပါတယ်.. စျေးကအေးလာပြီး ရှိသင့်တဲ့ စျေးထက် နိမ့်ကျသွားရင်လဲ ဝယ်သူများလာပြီး စျေးပြန် တက်တယ်ဆိုတာလဲ သိကြပါတယ်..

မသိကြသူများကသာ ပိုက်ဘောမိပြီး စျေးကွက် အတက်ကျဒဏ်ကို မခံနိုင်လို့ အရှုံးကြီးအရှုံးခံပြီး ထိုစျေးကွက်ထဲမှ ထွက်သွားရစမြဲပါပဲ..။ အားလုံး Good Luck ပါ.. မောင်သူရ (TRT)

Crd




Crd

arkarta