ကိုယ်မျက်ချေးကိုယ်မမြင်တဲ့ သမတ Biden (သူတို့လုပ်ရင်တော့အမှန်‌တွေဆိုတာကြီးဘဲ)
ကိုယ်မျက်ချေးကိုယ်မမြင်တဲ့ သမတ Biden (သူတို့လုပ်ရင်တော့အမှန်‌တွေဆိုတာကြီးဘဲ)
2020 ဖေဖော်ဝါရီလ၊ ပထမဆုံး ကိုဗစ် စတင်ပြန်နှံ့တုန်းက သမတ Trump က တရုတ်နိုင်ငံနဲ့ အခြားသောနိုင်ငံတချို့က လေယာဉ်တွေဝင်ခွင့်မပြုပဲ ခရီးသွားလာခွင့် ပိတ်ပင်တားမြစ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက Biden က Trump ကိုအပြစ်တင်တဲ့ ကြေညာချက်ကို အောက်ပါအတိုင်းထုတ်ပြန်ခဲ့ပါတယ်။ Twitter ကနေလည်း tweet ခဲ့ပါတယ်။ (ပုံ ၁)
“Trump သည် ၎င်း၏ ခရီးသွားလာမှု ပိတ်ပင်မှုကို တိုးချဲ့ခြင်းဖြင့် ကမ္ဘာ၏အမြင်တွင် အမေရိကန်၏ပုံရိပ်ကို ပိုမို ကျဆင်းအထင်သေးအောင်ပြုလုပ်ခဲ့ပါသည်။ ဤ “အာဖရိက တားမြစ်ချက်” အသစ်သည် လူမည်းနှင့် အသားညိုသူများအတွက် အမေရိကန်သို့ ရွှေ့ပြောင်းနေထိုင်ရန် ပိုမိုခက်ခဲစေရန် ဖန်တီးဒီဇိုင်းထုတ်ထားခြင်းဖြစ်သည်။ ဒါဟာ အရှက်နည်းတဲ့ လုပ်ရပ်ဖြစ်ပြီး Trump ရဲ့လုပ်ရပ်ကို အောင်မြင်အောင် ခွင့်မပြုနိုင်ပါဘူး” ဆိုတဲ့ ကြေညာချက်ထုတ်ပြန်ပြီး Trump ကို လူဖြူမဟုတ်သူတွေရဲ့ ဆန့်ကျင်မှုခံရအောင် Trump ဟာ racist ဖြစ်တယ်ဆိုပီး Biden တို့ ဒီမိုကရက်တွေ အကြီးအကျယ် ဝါဒဖြန့်ခဲ့ကြပါတယ်။
အခုမျိုးကွဲဗိုင်းရပ်စ်အသစ်ပြန့်ပြီလည်းဆိုရော တောင်အာဖရိကနဲ့ အခြား ခုနှစ်နိုင်ငံကို U.S. ကိုဝင်ခွင့်မပြုဆိုတဲ့ travel ban ကို သမတ Biden ကထုတ်ပြန်လိုက်ပါတယ်။ (ပုံ ၂)
သူများလုပ်ရင် အမှားဆိုပီး မကောင်းပြော၊ သူတို့လုပ်ရင်အမှန် ဆိုပီး မင်္ဂလာယူတတ်တာ လစ်ဘရယ် ဒီမိုကရက်တွေပါပဲ။
Credit_TheinLwin
zawgyi
Credit_TheinLwin