ကိုဆိုဗိုထံမှ အကျဉ်းထောင်တွေကို ဒိန်းမတ်က တစ်နှစ်ကို ကန်ဒေါ်လာ ၁၇ သန်းနဲ့ ငှားရမ်း


Post Views:
40

ကိုဆိုဗိုထံမှ အကျဉ်းထောင်တွေကို ဒိန်းမတ်က တစ်နှစ်ကို ကန်ဒေါ်လာ ၁၇ သန်းနဲ့ ငှားရမ်း

ကိုဆိုဗိုနိုင်ငံထံက အကျဉ်းထောင် အခန်းပေါင်း ၃၀၀ ကို ဒိန်းမတ်နိုင်ငံ တစ်နှစ် ယူရိုငွေ ၁၅ သန်း (အမေရိကန်ဒေါ်လာ ၁၇ သန်း) ငှားရမ်းမှုကို တနင်္လာနေ့မှာ နှစ်နိုင်ငံ သဘောတူလက်မှတ်ရေးထိုးကြပါတယ်။

ဘုရင့်တိုင်းပြည် ဒိန်းမတ်နိုင်ငံအနေနဲ့ အကျဉ်းထောင်တွေမှာ လူပြည့်သိပ်တာ လျော့ပါးစေဖို့အတွက် စကင်ဒီနေဗီးယားနိုင်ငံ ကိုဆိုဗိုထံကနေ အခုလို အကျဉ်းခန်းတွေကို ငှားရမ်းတာ ဖြစ်ပါတယ်။

တနင်္လာနေ့မှာ တရားဝင်ကြေညာချက်ကို လက််မှတ်ရေးထိုးတဲ့ အခု သဘောတူညီချက်ဟာ ငါးနှစ်တာ ကာလအထိ အစပျိုး ငှားရမ်းသွားမှာ ဖြစ်တယ်လို့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နောက်ထပ် အလားတူကာလအတွက် အလိုအလျောက် သက်တမ်းတိုးမှုကိုလည်း ဖြစ်နိုင်ခြေအဖြစ် ထည့်သွင်းချုပ်ဆိုထားကြောင့် ထုတ်ပြန်ချက်မှာ ထပ်လောင်းဖော်ပြပါတယ်။

ဒိန်းမတ်နိုင်ငံဟာ ပြည်နှင်ဒဏ်ပေးရဖို့ ရှိတဲ့ နိုင်ငံခြားအကျဉ်းသားတွေကို ပြစ်ဒဏ်ခံယူပြီးနောက်မှာ ကိုဆိုဗိုဆီ ပို့လွှတ်မှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ အရိပ်အမြွက်ပြောထားတာ ဖြစ်ပါတယ်။

၂၀၁၅ ကစပြီး ဒိန်းမတ်နိုင်ငံက အကျဉ်းထောင်တွေမှာ လူဦးရေဟာ ၂၀ ရာခိုင်နှုန်းနီးပါး ခုန်တက်ခဲ့ပါတယ်။ အကျဉ်းထောင်စောင့် ဝန်ထမ်းဦးရေနှုန်းထားဟာလည်း အဲဒီ ရာနှုန်းအတိုင်း ကျဆင်းခဲ့တာကြောင့် အကျဉ်းထောင်တွေမှာ လူပြည့်သိပ်မှုတွေ ဖြစ်လာခဲ့ရတာပါ။

၂၀၂၃ ကစလို့ ဒိန်းမတ်နိုင်ငံက အကျဉ်းသားတွေကို ကိုဆိုဗိုမြို့တော် ပရစ်ရှ်တီးနားကနေ မိုင် ၃၀ လောက်အကွာ ဂျီလန်မြို့က အကျဉ်းထောင်ဆီ ပို့ဆောင်တော့မှာ ဖြစ်ပါတယ်။

“ဒါဟာ ဆန်းသစ်တီထွင်မှု သဘောတူညီချက် တစ်ရပ်ပါပဲ၊ ကျွန်တော်တို့ အကျဉ်းထောင်တွေအတွက် နေရာဖန်တီးပေးတာ ဖြစ်တယ်၊ ထောင်ဝန်ထမ်းတွေအပေါ်မှာလည်း ဖိစီးမှုတွေကို လျော့ပါးစေတယ်”ဆိုပြီး ဒိန်းမတ် တရားရေးဝန်ကြီး နစ် ဟက်ကာရတ်ပ်က ထုတ်ပြန်ချက်မှာ ပြောပါတယ်။

ကိုဆိုဗိုနိုင်ငံမှာ အသုံးမပြုဘဲ ထားထားတဲ့ အကျဉ်းထောင်အခန်းနေရာပေါင်း ၇၀၀ ကနေ ၈၀၀ ကြား ရှိတယ်လို့ ၎င်းနဲ့အဆင့်တူ ကိုဆိုဗို တရားရေးဝန်ကြီး အယ်လ်ဘူလီနာက ပြောပြီး ငှားရမ်းတဲ့ အကျဉ်းခန်းတွေက ထောင်သားတွေကို ဒိန်းမတ်ဥပဒေနဲ့အညီ ဆက်ဆံသွားမှာဖြစ်တယ်လို့ အလေးအနက်ထား ပြောပါတယ်။

အခု သဘောတူညီချက်ဟာ တစ်နှစ်ကို ယူရိုငွေ ၁၅ သန်း (အမေရိကန်ဒေါ်လာ ၁၇ သန်း ရှိလိမ့်မယ်လို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။

ယခင်ကလည်း နော်ဝေနဲ့ ဘယ်လ်ဂျီယမ်နိုင်ငံတွေဟာ နယ်သာလန်နိုင်ငံကနေ အကျဉ်းခန်းတွေ ငှားရမ်းထားခဲ့ပါတယ်

By AFP

crd