ကားငှားစီးရင်းက ကားထဲတွင်ကျကျန်ခဲ့သော ခရီးသည်၏ပိုက်ဆံအိတ်ကို ၇နှစ်ကြာအောင်ပြန်ရှာပြီး ပိုင်ရှင်၏လက်ထဲကိုတစ်ကျပ်မှမယူဘဲပြန်အပ်ပေးခဲ့သည့် လေးစားဖွယ်တက္ကစီယာဉ်မောင်း

စာရိတ္တကောင်းမွန်သောလူသားများ၏အကျင့်စရိုက်ကိုမြင်တွေ့ရသည်မှာ အလွန်ပင်ကြည်နူးဖွယ်ကောင်းပြီး လေးစားရသကဲ့သို့လူတိုင်းကအတုယူသင့်သည့် စံပြပုဂ္ဂိုလ်များဖြစ်ကြပါတယ်။

အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့မှ အသက်၄၅နှစ်အရွယ်Andy Evansဆိုသည့်အမျိုးသားဟာ လွန်ခဲ့သောရနှစ် ၂၀၁၅ခုက တက္ကစီကားတစ်စီးကိုငှားစီးရင်းပိုက်ဆံအိတ်ကိုကားခဲမှာကျန်နေခဲ့ပါတယ်။ထိုအခါပိုက်ဆံအိတ်ကိုပြန်မရနိုင်တော့ဘူးဟုသာယူဆထားခဲ့တာဖြစ်ပါတယ်။

ထိုအခါမှာတော့တက္ကစီမောင်းသည့်အမျိုးသားဟာလည်း ပိုက်ဆံအိတ်ပိုင်ရှင်ကိုရှာဖွေနေခဲ့တာဖြစ်ပါတယ်။ထို့နောက်၂၀၂၂ ခုနှစ်အရောက်မှာတော့ ယာဉ်မောင်းအမျိုးသားဟာ ရှာ​တွေ့ခဲ့ပြီးပိုက်ဆံအိတ်လေးကိုပြန်ပေးခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

Unicode





Shoon (Cele Daily)
crd