ကာယသိဒ္ဓိပြီးတဲ့ ဝက်စွယ်ဂင်းပိတ် (သို့) ဝက်မာန်စွယ်ရဲ့ ထူးခြားမှုနဲ့ အစွမ်းသတ္တိအကြောင်း သိကောင်းစရာ

Post Views:
10
အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။
ကာယသိဒၶိၿပီးတဲ့ ဝက္စြယ္ဂင္းပိတ္ (သို႔) ဝက္မာန္စြယ္ရဲ႕ ထူးျခားမႈနဲ႔ အစြမ္းသတၱိအေၾကာင္း သိေကာင္းစရာ
ဝက္စြယ္ဂင္းပိတ္ (ေခၚ) ဝက္မာန္စြယ္သည္ အေမာင္းအဟန႔္ အလႊဲအဖယ္ အကြယ္အကာ ေကာင္းလွ၏။ ထူးျခား ဆန္းၾကယ္ေသာ ေတာေတာင္ထဲမွ ပစၥည္းဆန္း တစ္မ်ိဳးျဖစ္သည္။
ေတာေတာင္ထဲတြင္ ေတာဝက္တို႔ သဘာဝ က်င္လည္က်က္စား ေနထိုင္သြားလာေလ့ ရွိသည္။
ေတာဝက္အုပ္ တစ္အုပ္တြင္ သင္းအုပ္ ေခါင္းေဆာင္ ဝက္ေတာင္းႀကီး တစ္ေကာင္ ရွိတတ္သည္။ ထို ေခါင္းေဆာင္ဝက္ႀကီးသည္ အုပ္စု၏ အႏၲရာယ္ ကင္းေစေရးအတြက္ အသက္စြန႔္၍ ကာကြယ္တတ္သည္။
အႏၲရာယ္ တစ္စုံတရာ က်လာပါက မိမိအုပ္စုအတြက္ ေရွ႕ဆုံးမွ ရပ္တည္၍ မိမိအုပ္စုကို လြတ္ရာသို႔ ေျပးေစသည္။
တခ်ိန္တည္းမွာပဲ ရန္သူ၏ အေငြ႕အသက္ကို ရႈရႈိက္ၿပီး ရန္သူရွိရာ အရပ္သို႔ တဟုန္တိုး ေျပးဝင္၍ အစြယ္ျဖင့္ ဝင္ေအာင္းေလ့ ရွိသည္။
ထိုသို႔ ဝက္ႀကီး ဝင္ေအာင္းရာတြင္ ရန္သူက လ်င္ျမန္၍ သစ္ပင္ တခုခုေနာက္သို႔ ဝင္လိုက္လွ်င္ လည္းေကာင္း၊ သစ္ပင္ႀကီး တခုခုကို ရန္သူအမွတ္ျဖင့္ ဝင္ေအာင္း၍ လည္းေကာင္း ဝက္အစြယ္သည္ သစ္ပင္တြင္ စိုက္ဝင္ေနတတ္သည္။
စိုက္ဝင္ေနေသာ အစြယ္ကို ႐ုတ္တရက္ ျပန္ႏႈတ္မရဘဲ မာန္ရစ္ၿပီး ခ်ိဳးပစ္တတ္ေလ့ ရွိသည္။သစ္ပင္၌ က်ိဳးက်န္ စိုက္ဝင္ေနေသာ အစြယ္သည္ ဝက္မာန္စြယ္ပင္ ျဖစ္ေလသည္။
၎ဝက္မာန္စြယ္တြင္ ခ႐ုသင္း ရစ္ထားသလို အရစ္ေလးမ်ား ပါေနပါက ဝက္စြယ္ဂင္းပိတ္အစြမ္း အျမင့္ဆုံး ျဖစ္၏။
ဝက္စြယ္ေခါင္းပြမွာ ဝက္စြယ္ဂင္းပိတ္ေလာက္ အာနိသင္ မထက္ျမက္ေပ။
ထိုအတူ ဝက္မ်ား မိတ္လိုက္လို၍ မုန္ထန္ေနေသာ အခ်ိန္၌လည္း သစ္ပင္ကို ေျပးေအာင္းတတ္ေသးသည္။
ထိုသို႔ ျဖစ္တည္လာေသာ ဝက္စြယ္ဂင္းပိတ္သည္ ရန္သူကို တိုက္ခိုက္၍ ျဖစ္တည္ေသာ ဝက္စြယ္ဂင္းပိတ္ေလာက္ အာနိသင္ အစြမ္းမႀကီး။
ရရွိလာေသာ ဝက္စြယ္ဂင္းပိတ္ကို ဂဝံမ်က္ႏွာဖုံးပုံ ထုလုပ္၍ ေဆာင္ပါက အလႊဲအဖယ္ အကြယ္အကာ ေကာင္း၏။
ရွင္သီဝလိ ယပ္ထမ္းဟန္ ထုလုပ္၍ သဗၺဇယ မဂၤလာဂါထာ တစ္ေထာင္စုတ္ၿပီး ေဆာင္ပါက လာဘ္လာဘ ႐ႊင္လန္း၏
ဝက္စြယ္ဂင္းပိတ္ အစစ္ရလွ်င္ ကာယသိဒၶိၿပီး၍ ဒုတ္ဒါး ၿပီး၏။
ဝက္စြယ္ဂင္းပိတ္ကို အိတ္ထဲထည့္၍ ယင္းအိတ္ကို သနတ္ျဖင့္ ပစ္လွ်င္ မီးမကူး က်ည္မထြက္ပါက အစစ္ဟု ဆိုႏိုင္ပါသည္။
ရွားပါး ဂမၻီရ ပစၥည္းတခု ျဖစ္ၿပီး အစစ္ရလွ်င္ သိန္းေထာင္ခ်ီ တန္ဖိုး ရွိတယ္လို႔ သိရပါတယ္။
Credit to original uploader
Unicode
ကာယသိဒ္ဓိပြီးတဲ့ ဝက်စွယ်ဂင်းပိတ် (သို့) ဝက်မာန်စွယ်ရဲ့ ထူးခြားမှုနဲ့ အစွမ်းသတ္တိအကြောင်း သိကောင်းစရာ
ဝက်စွယ်ဂင်းပိတ် (ခေါ်) ဝက်မာန်စွယ်သည် အမောင်းအဟန့် အလွှဲအဖယ် အကွယ်အကာ ကောင်းလှ၏။ ထူးခြား ဆန်းကြယ်သော တောတောင်ထဲမှ ပစ္စည်းဆန်း တစ်မျိုးဖြစ်သည်။
တောတောင်ထဲတွင် တောဝက်တို့ သဘာဝ ကျင်လည်ကျက်စား နေထိုင်သွားလာလေ့ ရှိသည်။
တောဝက်အုပ် တစ်အုပ်တွင် သင်းအုပ် ခေါင်းဆောင် ဝက်တောင်းကြီး တစ်ကောင် ရှိတတ်သည်။ ထို ခေါင်းဆောင်ဝက်ကြီးသည် အုပ်စု၏ အန္တရာယ် ကင်းစေရေးအတွက် အသက်စွန့်၍ ကာကွယ်တတ်သည်။
အန္တရာယ် တစ်စုံတရာ ကျလာပါက မိမိအုပ်စုအတွက် ရှေ့ဆုံးမှ ရပ်တည်၍ မိမိအုပ်စုကို လွတ်ရာသို့ ပြေးစေသည်။
တချိန်တည်းမှာပဲ ရန်သူ၏ အငွေ့အသက်ကို ရှုရှိုက်ပြီး ရန်သူရှိရာ အရပ်သို့ တဟုန်တိုး ပြေးဝင်၍ အစွယ်ဖြင့် ဝင်အောင်းလေ့ ရှိသည်။
ထိုသို့ ဝက်ကြီး ဝင်အောင်းရာတွင် ရန်သူက လျင်မြန်၍ သစ်ပင် တခုခုနောက်သို့ ဝင်လိုက်လျှင် လည်းကောင်း၊ သစ်ပင်ကြီး တခုခုကို ရန်သူအမှတ်ဖြင့် ဝင်အောင်း၍ လည်းကောင်း ဝက်အစွယ်သည် သစ်ပင်တွင် စိုက်ဝင်နေတတ်သည်။
စိုက်ဝင်နေသော အစွယ်ကို ရုတ်တရက် ပြန်နှုတ်မရဘဲ မာန်ရစ်ပြီး ချိုးပစ်တတ်လေ့ ရှိသည်။သစ်ပင်၌ ကျိုးကျန် စိုက်ဝင်နေသော အစွယ်သည် ဝက်မာန်စွယ်ပင် ဖြစ်လေသည်။
၎င်းဝက်မာန်စွယ်တွင် ခရုသင်း ရစ်ထားသလို အရစ်လေးများ ပါနေပါက ဝက်စွယ်ဂင်းပိတ်အစွမ်း အမြင့်ဆုံး ဖြစ်၏။
ဝက်စွယ်ခေါင်းပွမှာ ဝက်စွယ်ဂင်းပိတ်လောက် အာနိသင် မထက်မြက်ပေ။
ထိုအတူ ဝက်များ မိတ်လိုက်လို၍ မုန်ထန်နေသော အချိန်၌လည်း သစ်ပင်ကို ပြေးအောင်းတတ်သေးသည်။
ထိုသို့ ဖြစ်တည်လာသော ဝက်စွယ်ဂင်းပိတ်သည် ရန်သူကို တိုက်ခိုက်၍ ဖြစ်တည်သော ဝက်စွယ်ဂင်းပိတ်လောက် အာနိသင် အစွမ်းမကြီး။
ရရှိလာသော ဝက်စွယ်ဂင်းပိတ်ကို ဂဝံမျက်နှာဖုံးပုံ ထုလုပ်၍ ဆောင်ပါက အလွှဲအဖယ် အကွယ်အကာ ကောင်း၏။
ရှင်သီဝလိ ယပ်ထမ်းဟန် ထုလုပ်၍ သဗ္ဗဇယ မင်္ဂလာဂါထာ တစ်ထောင်စုတ်ပြီး ဆောင်ပါက လာဘ်လာဘ ရွှင်လန်း၏
ဝက်စွယ်ဂင်းပိတ် အစစ်ရလျှင် ကာယသိဒ္ဓိပြီး၍ ဒုတ်ဒါး ပြီး၏။
ဝက်စွယ်ဂင်းပိတ်ကို အိတ်ထဲထည့်၍ ယင်းအိတ်ကို သနတ်ဖြင့် ပစ်လျှင် မီးမကူး ကျည်မထွက်ပါက အစစ်ဟု ဆိုနိုင်ပါသည်။
ရှားပါး ဂမ္ဘီရ ပစ္စည်းတခု ဖြစ်ပြီး အစစ်ရလျှင် သိန်းထောင်ချီ တန်ဖိုး ရှိတယ်လို့ သိရပါတယ်။
Credit to original uploader
Crd
Crd