လေဆိပ် ဗုံးခွဲတဲ့ အိုင်အက်စ်ခေါင်းဆောင်ကို ဒရုန်းနဲ့ သုတ်သင်ခဲ့လို့ အမေရိကန် ပြော

ကဘူးလ်လေဆိပ်မှာ လူအသေအဆုံးများတဲ့ အသေခံဗုံးခွဲမှုကို ဆင်နွှဲနိုင်ခဲ့တယ်ဆိုပြီး ကြွေးကြော်ထားတဲ့ အစ္စလာမ္မစ်နိုင်ငံတော်-ခိုရာဆန်အုပ်စုရဲ့ ကြိုးကိုင်သူကို ပစ်မှတ်ထားပြီး ဒရုန်းတိုက်ခိုက်မှု ဆောင်ရွက်ခဲ့ကြောင်း အမေရိကန်စစ်တပ်က သောကြာနေ့မှာ ပြောပါတယ်။

အစ္စလာမ္မစ်နိုင်ငံတော်-ခိုရာဆန် IS-K အဖွဲ့ဟာ အစ္စလာမ္မစ်နိုင်ငံတော် အိုင်အက်စ်အဖွဲ့ရဲ့ အဖွဲ့ခွဲတစ်ရပ်ဖြစ်ပြီး အာဖဂန်နစ္စတန်က ဂျီဟတ်အဖွဲ့အားလုံးမှာ အစွန်းရောက်ဆုံးနဲ့ အကြမ်းဖက်ဆုံးအုပ်စုဖြစ်တယ်လို့ ဘီဘီစီသတင်းတစ်ရပ်က ဖော်ပြပါတယ်။

“အာဖဂန်နစ္စတန်က နန်ဂါဟာပြည်နယ်မှာ မောင်းသူမဲ့လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်၊ ကနဦး ညွှန်ပြချက်တွေအရ ဒီ လေကြောင်းတိုက်ခိုက်မှုမှာ ပစ်မှတ်ကို သုတ်သင်နိုင်ခဲ့တယ်လို့ သိရတယ်” လို့ ဗဟိုကွပ်ကဲရေးရုံး ဗိုလ်မှူးကြီး ဘီလ်အာဘန်က ပြောပါတယ်။

“အရပ်သား သေဆုံးတာ မရှိဘူးလို့ ကျွန်တော်တို့ သိရပါတယ်” လို့ ကဘူးလ်လေဆိပ်တိုက်ခိုက်မှုနောက်ပိုင်း အမေရိကန် လေကြောင်းတိုက်ခိုက်မှုအကြောင်း ပထမဆုံး ကြေညာတဲ့ ထုတ်ပြန်ချက်မှာ သူက ဆိုပါတယ်။

အာဖဂန်နစ္စတန်အပြင်ဖက်ကနေ လှမ်းပစ်တဲ့ အခု လေကြောင်းတိုက်ခိုက်မှုဟာ ကဘူးလ်လေဆိပ်ကနေ ကယ်ထုတ်ရေးတွေ ဆောင်ရွက်နေတဲ့ကြားကပဲ ဆင်နွှဲခဲ့တာ ဖြစ်ပါတယ်။ ကြာသပတေးနေ့က တိုက်ခိုက်မှုကြီးအပြီးမှာ လုံခြုံရေးတင်းကြပ်စွာနဲ့ ကယ်ထုတ်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။

လေဆိပ်ရဲ့ အက်ဘ်ဘေးဂိတ်ပေါက်ရှေ့က ကြီးမားတဲ့ လူအုပ်ကြီးအတွင်း အသေခံတိုက်ခိုက်ရေးသမားက ဗုံးတစ်လုံး ဖောက်ခွဲတာကြောင့် အမေရိကန်စစ်သား ၁၃ ဦးအပါအဝင် အနည်းဆုံးလူပေါင်း ၇၈ ဦး သေဆုံးခဲ့ပါတယ်။ မီဒီယာအချို့ကတော့ သေဆုံးသူဟာ ၂၀၀ နီးနီးရှိတယ်လို့ ဆိုကြပါတယ်။

အဲဒီ လေဆိပ်တိုက်ခိုက်မှုကို အိုင်အက်စ်အဖွဲ့ရဲ့အကြမ်း ဖက် အာဖဂန်တပ်ခွဲ IS-K အုပ်စုက လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ဒီ တိုက်ခိုက်ခံရမှုကြီးနောက်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က လက်စားချေတုံ့ပြန်သွားမယ်လို့ စိတ်ပိုင်းဖြတ် ပြောဆိုပါတယ်။

“ဒီ တိုက်ခိုက်မှုကို ကျူးလွန်သူတွေသာမကဘဲ အမေရိကန်တွေကို ထိခိုက်နစ်နာစေလိုသူ မှန်သမျှကို သိထားစေချင်တယ်၊ ကျွန်တော်တို့ ခွင့်မလွှတ်ဘူး၊ မေ့မပစ်ဘူး၊ ခင်ဗျားတို့ကို မြေလှန်ရှာပြီး တန်ကြေးပေးဆပ်စေမယ်” လို့ ကြာသပတေးနေ့မှာ ဂျိုးဘိုင်ဒင်က ပြောပါတယ်။

IS-K အုပ်စုဟာ လေကြောင်းကယ်ထုတ်မှုတွေကို နောက်တစ်ကြိမ် တိုက်ခိုက်ဖို့ စီစဉ်ထားတယ်လို့ ယုံ ကြည်ကြောင်း ပင်တဂွန်ပြောခွင့်ရသူ ဂျွန်ကားဘီက သောကြာနေ့ နေ့လယ်ပိုင်းမှာ ပြောခဲ့ပါတယ်။
crd
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

ကဘူးလ္ေလဆိပ္မွာ လူအေသအဆုံးမ်ားတဲ့ အေသခံဗုံးခြဲမႈကို ဆင္ႏႊဲနိုင္ခဲ့တယ္ဆိုၿပီး ေႂကြးေၾကာ္ထားတဲ့ အစၥလာမၼစ္နိုင္ငံေတာ္-ခိုရာဆန္အုပ္စုရဲ့ ႀကိဳးကိုင္သူကို ပစ္မွတ္ထားၿပီး ဒ႐ုန္းတိုက္ခိုက္မႈ ေဆာင္ရြက္ခဲ့ေၾကာင္း အေမရိကန္စစ္တပ္က ေသာၾကာေန႔မွာ ေျပာပါတယ္။

အစၥလာမၼစ္နိုင္ငံေတာ္-ခိုရာဆန္ IS-K အဖြဲ႕ဟာ အစၥလာမၼစ္နိုင္ငံေတာ္ အိုင္အက္စ္အဖြဲ႕ရဲ့ အဖြဲ႕ခြဲတစ္ရပ္ျဖစ္ၿပီး အာဖဂန္နစၥတန္က ဂ်ီဟတ္အဖြဲ႕အားလုံးမွာ အစြန္းေရာက္ဆုံးနဲ႔ အၾကမ္းဖက္ဆုံးအုပ္စုျဖစ္တယ္လို႔ ဘီဘီစီသတင္းတစ္ရပ္က ေဖာ္ျပပါတယ္။

“အာဖဂန္နစၥတန္က နန္ဂါဟာျပည္နယ္မွာ ေမာင္းသူမဲ့ေလေၾကာင္းတိုက္ခိုက္မႈ ျဖစ္ပြားခဲ့တယ္၊ ကနဦး ညႊန္ျပခ်က္ေတြအရ ဒီ ေလေၾကာင္းတိုက္ခိုက္မႈမွာ ပစ္မွတ္ကို သုတ္သင္နိုင္ခဲ့တယ္လို႔ သိရတယ္” လို႔ ဗဟိုကြပ္ကဲေရး႐ုံး ဗိုလ္မႉးႀကီး ဘီလ္အာဘန္က ေျပာပါတယ္။

“အရပ္သား ေသဆုံးတာ မရွိဘူးလို႔ ကၽြန္ေတာ္တို႔ သိရပါတယ္” လို႔ ကဘူးလ္ေလဆိပ္တိုက္ခိုက္မႈေနာက္ပိုင္း အေမရိကန္ ေလေၾကာင္းတိုက္ခိုက္မႈအေၾကာင္း ပထမဆုံး ေၾကညာတဲ့ ထုတ္ျပန္ခ်က္မွာ သူက ဆိုပါတယ္။

အာဖဂန္နစၥတန္အျပင္ဖက္ကေန လွမ္းပစ္တဲ့ အခု ေလေၾကာင္းတိုက္ခိုက္မႈဟာ ကဘူးလ္ေလဆိပ္ကေန ကယ္ထုတ္ေရးေတြ ေဆာင္ရြက္ေနတဲ့ၾကားကပဲ ဆင္ႏႊဲခဲ့တာ ျဖစ္ပါတယ္။ ၾကာသပေတးေန႔က တိုက္ခိုက္မႈႀကီးအၿပီးမွာ လုံျခဳံေရးတင္းၾကပ္စြာနဲ႔ ကယ္ထုတ္ေရးလုပ္ငန္းေတြကို ဆက္လက္ေဆာင္ရြက္ေနတာပဲ ျဖစ္ပါတယ္။

ေလဆိပ္ရဲ့ အက္ဘ္ေဘးဂိတ္ေပါက္ေရွ႕က ႀကီးမားတဲ့ လူအုပ္ႀကီးအတြင္း အေသခံတိုက္ခိုက္ေရးသမားက ဗုံးတစ္လုံး ေဖာက္ခြဲတာေၾကာင့္ အေမရိကန္စစ္သား ၁၃ ဦးအပါအဝင္ အနည္းဆုံးလူေပါင္း ၇၈ ဦး ေသဆုံးခဲ့ပါတယ္။ မီဒီယာအခ်ိဳ႕ကေတာ့ ေသဆုံးသူဟာ ၂၀၀ နီးနီးရွိတယ္လို႔ ဆိုၾကပါတယ္။

အဲဒီ ေလဆိပ္တိုက္ခိုက္မႈကို အိုင္အက္စ္အဖြဲ႕ရဲ့အၾကမ္း ဖက္ အာဖဂန္တပ္ခြဲ IS-K အုပ္စုက လုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။ဒီ တိုက္ခိုက္ခံရမႈႀကီးေနာက္မွာ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒင္က လက္စားေခ်တုံ႔ျပန္သြားမယ္လို႔ စိတ္ပိုင္းျဖတ္ ေျပာဆိုပါတယ္။

“ဒီ တိုက္ခိုက္မႈကို က်ဴးလြန္သူေတြသာမကဘဲ အေမရိကန္ေတြကို ထိခိုက္နစ္နာေစလိုသူ မွန္သမၽွကို သိထားေစခ်င္တယ္၊ ကၽြန္ေတာ္တို႔ ခြင့္မလႊတ္ဘူး၊ ေမ့မပစ္ဘူး၊ ခင္ဗ်ားတို႔ကို ေျမလွန္ရွာၿပီး တန္ေၾကးေပးဆပ္ေစမယ္” လို႔ ၾကာသပေတးေန႔မွာ ဂ်ိဳးဘိုင္ဒင္က ေျပာပါတယ္။

IS-K အုပ္စုဟာ ေလေၾကာင္းကယ္ထုတ္မႈေတြကို ေနာက္တစ္ႀကိမ္ တိုက္ခိုက္ဖို႔ စီစဥ္ထားတယ္လို႔ ယုံ ၾကည္ေၾကာင္း ပင္တဂြန္ေျပာခြင့္ရသူ ဂၽြန္ကားဘီက ေသာၾကာေန႔ ေန႔လယ္ပိုင္းမွာ ေျပာခဲ့ပါတယ္။
crd
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။