ကယ်ထုတ်ရေးလုပ်ငန်းစဉ်တွေမှာ မထင်မှတ်ထားတဲ့ အစီအစဉ်ကို ပူးတွဲလုပ်ဆောင်ခဲ့တဲ့ အမေရိကန်နဲ့တာလီဘန်

အာဖဂန်နစ္စတန်ကနေ အမေရိကန်တွေကို ကယ်ထုတ်ခဲ့မှုမှာ အမေရိကန် နဲ့ တာလီဘန်တို့ကြား ပူးပေါင်းဆော င်ရွက်မှုတစ်စိတ်တစ်ပိုင်းအဖြစ် တာလီဘန်တွေဟာ လေဆိပ်ဂိတ်တွေကို အစောင့်အရှောက်တွေအဖြစ်နဲ့ လိုက်ပါခဲ့ကြတယ်လို့ သိရပါတယ်။CNN က ဖော်ပြခဲ့တာဖြစ်ပြီး နှစ်ဦးနှစ်ဖက်ကြားမှာ လျှို့ဝှက်သဘောတူညီချက်ထားရှိခဲ့ကြကာ ပူးပေါင်းဆောင်ရွက်ခဲ့တာလည်းဖြစ်ပါတယ်။

ဟာမစ်ကာဇိုင်းလေဆိပ်မှာ လျှို့ဝှက်ဂိတ်တစ်ခုကို ဖွင့်လှစ်ထားခဲ့ပြီး အာဖဂန်ကထွက်ခွာမယ့် အမေရိကန်နိုင်ငံသားတွေကို ကူညီဖို့ call center တွေလည်း တည်ထောင်ခဲ့တယ်လို့ ကန်အရာရှိတစ်ဦးက ဖွင့်ဟခဲ့ပါတယ်။ အမေရိကန်အုပ်စုဟာ လေဆိပ်ပြင်ပတစ်နေရာမှာ တွေ့ဆုံဖို့ စီစဉ်ထားခဲ့ကြပြီး တာလီဘန်တွေကစာ ရွက်စာတမ်း အထောက်အထားတွေကို စစ်ဆေးမှုပြုလုပ်ကာ အမေရိကန်စစ်ဘက်က ဝန်ထမ်းတွေခေါ်ဆောင်မယ့် တံခါးပေါက်ဆီကို ခေါ်ဆောင်ပေးခဲ့ကြပါတယ်။

လေဆိပ်နံရံအပြင်ဘက်မှာတော့ တာလီဘန်တို့အုပ်ချုပ်မှုအောက်ကနေ ထွက်ပြေးချင်နေတဲ့ အာဖဂန်ပြည်သူထောင်ပေါင်းများစွာရှိနေချိန်မှာ အမေရိကန်ဘက်က သူတို့နိုင်ငံသားတွေကို ဦးစားပေးခေါ်ယူဖို့ လုံးပမ်းခဲ့ပြီး လျှို့ဝှက်ဂိတ်ကနေ လေဆိပ်တွင်းခေါ်ဆောင်ကာ ထွက်ခွာစေခဲ့တာလည်းဖြစ်ပါတယ်။တာလီဘန်အစောင့် အကြပ်တွေကလေဆိပ်မှာ တစ်ရက်ကို အကြိမ်ပေါင်းများစွာတာဝန်ယူပေးခဲ့ရတယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

တနင်္လာနေ့မှာတော့ အမေရိကန်ဟာ အာဖဂန်ကနေ အလုံးစုံထွက်ခွာမှုတွေပြုလုပ်နိုင်ခဲ့ပြီး ဇူလိုင်လကစတင်ကာ လူပေါင်း ၁၂၂၀၀၀ ကျော်ကို ကယ်ထုတ် ပေးနိုင်ခဲ့ပြီး အမေရိကန်အရပ်သား ၆၀၀၀ ကျော်ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ တာလီဘန်တွေနဲ့ ကောင်းမွန်စွာညှိနှိုင်းနိုင်ခဲ့တယ်လို့ အမေရိကန်စစ်ဘက်အရာရှိတစ်ဦးက ပြောကြားခဲ့ပေမယ့်လည်း အစောပိုင်းမှာတော့ ပြသနာအနည်းငယ်ရှိခဲ့တယ်လို့ သိရပါတယ်။

စီအိုင်အေဒါရိုက်တာဝီလျံဘန်းစ်ဟာ ပြီးခဲ့တဲ့အပတ်က ထူးထူးခြားခြားအလည်အပတ်ခရီးထွက်ခဲ့ပြီး တာလီဘန်ခေါင်းဆောင် Abdul Ghani Baradar နဲ့ တွေ့ဆုံခဲ့ပါသေးတယ်

အမေရိကန်ဟာ တာလီဘန်တွေနဲ့ စစ်ရေး၊ သံတမန်ရေးအဆက်အသွယ်တွေရှိနေတယ်ဆိုပေမယ့်လည်း အခုလိုမျိုး ဘေးလွတ်ရာကယ်တင်ပေးဖို့အတွက် လျှို့ဝှက်စီစဉ်မှုဟာ မကြုံစဖူးတဲ့နည်းဗျူဟာညှိနှိုင်းမှုအဆင့်ဖြစ်တယ်လို့ CNN က သုံးသပ်ခဲ့ပါတယ်။ ဘယ်လိုဆက်နွယ်မှုတွေရှိလဲဆိုတာကို မသိရပေမယ့်လည်း စီအိုင်အေဒါရိုက်တာဝီလျံဘန်းစ်ဟာ ပြီးခဲ့တဲ့အပတ်က ထူးထူးခြားခြားအလည်အပတ်ခရီးထွက်ခဲ့ပြီး တာလီဘန်ခေါင်းဆောင် Abdul Ghani Baradar နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။
TRNs
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

အာဖဂန္နစၥတန္ကေန အေမရိကန္ေတြကို ကယ္ထုတ္ခဲ့မႈမွာ အေမရိကန္ နဲ႔ တာလီဘန္တို႔ၾကား ပူးေပါင္းေဆာ င္ရြက္မႈတစ္စိတ္တစ္ပိုင္းအျဖစ္ တာလီဘန္ေတြဟာ ေလဆိပ္ဂိတ္ေတြကို အေစာင့္အေရွာက္ေတြအျဖစ္နဲ႔ လိုက္ပါခဲ့ၾကတယ္လို႔ သိရပါတယ္။CNN က ေဖာ္ျပခဲ့တာျဖစ္ၿပီး ႏွစ္ဦးႏွစ္ဖက္ၾကားမွာ လၽွို႔ဝွက္သေဘာတူညီခ်က္ထားရွိခဲ့ၾကကာ ပူးေပါင္းေဆာင္ရြက္ခဲ့တာလည္းျဖစ္ပါတယ္။

ဟာမစ္ကာဇိုင္းေလဆိပ္မွာ လၽွို႔ဝွက္ဂိတ္တစ္ခုကို ဖြင့္လွစ္ထားခဲ့ၿပီး အာဖဂန္ကထြက္ခြာမယ့္ အေမရိကန္နိုင္ငံသားေတြကို ကူညီဖို႔ call center ေတြလည္း တည္ေထာင္ခဲ့တယ္လို႔ ကန္အရာရွိတစ္ဦးက ဖြင့္ဟခဲ့ပါတယ္။ အေမရိကန္အုပ္စုဟာ ေလဆိပ္ျပင္ပတစ္ေနရာမွာ ေတြ႕ဆုံဖို႔ စီစဥ္ထားခဲ့ၾကၿပီး တာလီဘန္ေတြကစာ ရြက္စာတမ္း အေထာက္အထားေတြကို စစ္ေဆးမႈျပဳလုပ္ကာ အေမရိကန္စစ္ဘက္က ဝန္ထမ္းေတြေခၚေဆာင္မယ့္ တံခါးေပါက္ဆီကို ေခၚေဆာင္ေပးခဲ့ၾကပါတယ္။

ေလဆိပ္နံရံအျပင္ဘက္မွာေတာ့ တာလီဘန္တို႔အုပ္ခ်ဳပ္မႈေအာက္ကေန ထြက္ေျပးခ်င္ေနတဲ့ အာဖဂန္ျပည္သူေထာင္ေပါင္းမ်ားစြာရွိေနခ်ိန္မွာ အေမရိကန္ဘက္က သူတို႔နိုင္ငံသားေတြကို ဦးစားေပးေခၚယူဖို႔ လုံးပမ္းခဲ့ၿပီး လၽွို႔ဝွက္ဂိတ္ကေန ေလဆိပ္တြင္းေခၚေဆာင္ကာ ထြက္ခြာေစခဲ့တာလည္းျဖစ္ပါတယ္။တာလီဘန္အေစာင့္ အၾကပ္ေတြကေလဆိပ္မွာ တစ္ရက္ကို အႀကိမ္ေပါင္းမ်ားစြာတာဝန္ယူေပးခဲ့ရတယ္လို႔ တာဝန္ရွိသူတစ္ဦးက ေျပာၾကားခဲ့ပါတယ္။

တနလၤာေန႔မွာေတာ့ အေမရိကန္ဟာ အာဖဂန္ကေန အလုံးစုံထြက္ခြာမႈေတြျပဳလုပ္နိုင္ခဲ့ၿပီး ဇူလိုင္လကစတင္ကာ လူေပါင္း ၁၂၂၀၀၀ ေက်ာ္ကို ကယ္ထုတ္ ေပးနိုင္ခဲ့ၿပီး အေမရိကန္အရပ္သား ၆၀၀၀ ေက်ာ္ပါဝင္ခဲ့တယ္လို႔ သိရပါတယ္။ တာလီဘန္ေတြနဲ႔ ေကာင္းမြန္စြာညႇိႏွိုင္းနိုင္ခဲ့တယ္လို႔ အေမရိကန္စစ္ဘက္အရာရွိတစ္ဦးက ေျပာၾကားခဲ့ေပမယ့္လည္း အေစာပိုင္းမွာေတာ့ ျပသနာအနည္းငယ္ရွိခဲ့တယ္လို႔ သိရပါတယ္။

စီအိုင္ေအဒါရိုက္တာဝီလ်ံဘန္းစ္ဟာ ၿပီးခဲ့တဲ့အပတ္က ထူးထူးျခားျခားအလည္အပတ္ခရီးထြက္ခဲ့ၿပီး တာလီဘန္ေခါင္းေဆာင္ Abdul Ghani Baradar နဲ႔ ေတြ႕ဆုံခဲ့ပါေသးတယ္

အေမရိကန္ဟာ တာလီဘန္ေတြနဲ႔ စစ္ေရး၊ သံတမန္ေရးအဆက္အသြယ္ေတြရွိေနတယ္ဆိုေပမယ့္လည္း အခုလိုမ်ိဳး ေဘးလြတ္ရာကယ္တင္ေပးဖို႔အတြက္ လၽွို႔ဝွက္စီစဥ္မႈဟာ မၾကဳံစဖူးတဲ့နည္းဗ်ဴဟာညႇိႏွိုင္းမႈအဆင့္ျဖစ္တယ္လို႔ CNN က သုံးသပ္ခဲ့ပါတယ္။ ဘယ္လိုဆက္ႏြယ္မႈေတြရွိလဲဆိုတာကို မသိရေပမယ့္လည္း စီအိုင္ေအဒါရိုက္တာဝီလ်ံဘန္းစ္ဟာ ၿပီးခဲ့တဲ့အပတ္က ထူးထူးျခားျခားအလည္အပတ္ခရီးထြက္ခဲ့ၿပီး တာလီဘန္ေခါင္းေဆာင္ Abdul Ghani Baradar နဲ႔ ေတြ႕ဆုံခဲ့ပါေသးတယ္။
TRNs
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။