ကမ္ဘာ‌ပေါ်မှာ မြန်မာနိုင်ငံမှာပဲရှိတဲ့ အကြောင်းအရာများ

ကမ္ဘာပေါ်မှာ မတ်ထရစ်စနစ်ကို မသုံးတဲ့ နိုင်ငံ သုံးနိုင်ငံပဲရှိတာမှာ မြန်မာက တစ်နိုင်ငံ အဖြစ်ရှိနေဆဲဖြစ်ပါတယ်။ကမ္ဘာပေါ်မှာ Surname ဆိုတဲ့ မျိုးရိုးနာမည်ကို အသုံးပြုခြင်း မရှိတဲ့နိုင်ငံ အနဲငယ်သာရှိရာမှာလဲ မြန်မာဟာပါဝင်နေဆဲဖြစ်ပါတယ်။

ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီးကလဲ မြန်မာပြည်မှာသာ ရှိပါတယ်တဲ့။ကုသိုလ်တော်ဘုရားက စာမျက်နှာ ၁၄၆၀ ရှိတဲ့ ကျောက်စာချပ်များဖြစ်ပါတယ်။ကမ္ဘာပေါ်မှာ အလှုအတန်း ရက်ရောမှုနဲ့ စေတနာထားမှုမှာ မြန်မာနိုင်ငံဟာ အမေရိကန်နိုင်ငံနဲ့ပူးတွဲ ပထမ ဆွတ်ခူးခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ အကျင့်ပျက်ခြစားမှုနဲ့ လာဘ်ပေးလက်ယူမှုအများဆုံးနိုင်ငံများမှာလဲ မြန်မာက အဆင့်ကောင်းကောင်းနဲ့ပါဝင်နေဆဲဖြစ်ပါတယ်။ကမ္ဘာပေါ်မှာ လူဦးရေနဲ့ ဗုဒ္ဓဘာသာကိုးကွယ်မှု သတ်ဝင်ယုံကြည်မှု အချိုးမှာထိပ်သီး နိုင်ငံဖြစ်တဲ့အပြင် ဘုန်းကြီး မယ်သီလရှင် အပေါဆုံးဟာလဲ မြန်မာနိုင်ငံအဖြစ်မှတ်တမ်းဝင်ပါတယ်။

ကမ္ဘာ့အကြီးဆုံး လက်ရှိ အသံမြည်အောင် ထိုးနိုင်သော ခေါင်းလောင်းကိုပိုင်ဆိုင်သည့် နိုင်ငံကလဲ မြန်မာနိုင်ငံပဲဖြစ်ပါတယ်။မင်းကွန်းခေါင်းလောင်းဟာ ၉၂ တန်အလေးချိန်ရှိပြီး ၁၆ ပေ ၈ လက်မအမြင့်ရှိပါတယ်။

ပိဋကတ် သုံးပုံကို စစ်တိုက်ပြီးသိမ်းတာ၊ ဆင်တစ်ကောင်အတွက် စစ်တိုက်ပြီးနိုင်ငံသိမ်းတဲ့အဖြစ်ဟာလဲ ကမ္ဘာမှာ မြန်မာ သာရှိပါတယ်တဲ့ခင်ဗျာ။ (ဆင်ဖြူတော်ကိုအရင်ခေတ်ကမမြင်ဘူးလို့မသိပေမယ့် ခုခေတ်မှာမြင်တာတော့ တီဗီထဲဆို နီကြောင်ကြောင် အပြင်မှာ တွေ့တော့လဲ နီကြောင်ကြောင်ပါပဲ)

ကမ္ဘာ့ပေါ်မှာ မြွေတို့ ဆင်တို့ကို ထိုင်ကန်တော့ပြီးဆုတောင်းတဲ့အဖြစ်ကလဲ အိန္ဒိယနဲ့ မြန်မာမှာပဲရှိပါတယ်ခင်ဗျ။ဘုရားရောက်နေတော့ဘုရားမြွေပေါ့ဗျာ တိရိစ္ဆာန် ရုံထဲရောက်တော့လဲ ၃၀၀ တန်မြွေပေါ့။

ကုလသမဂ္ဂမှာ ပထမဦးဆုံး အာရှက အတွင်းရေးမှုချုပ်ရာထူးကို ရယူနိုင်တာလဲ မြန်မာနိုင်ငံသား ဦးသန့်ဖြစ်ပါတယ်ခင်ဗျာ။ကျောင်းသား၊စစ်သား၊ဘုရားသား သားသုံးသား ဟူ၍ ကိုယ့်ကိုကိုယ် VIP သတ်မှတ်ပြီးလာမထိနဲ့ ထိရင်မီးပွင့် သွားမယ်ဟု ကြွေးကြော်သောနိုင်ငံမှာလဲ မြန်မာနိုင်ငံသာရှိပါတယ်။

ကမ္ဘာပေါ်မှာ ကိုယ့်အဖေအရင်း ကိုယ့်အကိုအရင်းကိုသတ်ပြီး ထီးနန်းသိမ်းပိုက်မှုမှာလဲ မြန်မာဟာ ထိပ်သီးနိုင်ငံအဖြစ် စာရင်းဝင်ခဲ့ပါတယ်။ကမ္ဘာပေါ်မှာ May I Help You ဆိုတဲ့ ကူညီပါရစေ စာတန်းချိတ်ပြီး ပိုက်ဆံပြန်တောင်းတာမှာလဲ မြန်မာပြည်ဟာ အထူးချွန်ဆုံးနဲ့ ထိပ်တန်းအဆင့်မှာရှိပါတယ်။

ကမ္ဘာပေါ်မှာ လည်ပင်းအရှည်ဆုံး လူမျိုးကလဲ မြန်မာနိုင်ငံမှ ပဒေါင် လူမျိုးဖြစ်ပြီး ၄၀ စင်တီမီတာ (ဆယ်ခြောက် လက်မ) နီးနီးရှိကာ သာမန် ရှိသင့်တဲ့ လည်ပင်းထက် သုံးဆပိုရှည်ပြီး ပဒေါင်လူမျိုးများရဲ့ လည်ပင်းရှည်ပုံဟာ ဂင်းနစ် စံချိန်တောင်ဝင်ပါတယ်။

ကမ္ဘာပေါ်က ကိုယ်ခံပညာတွေမှာ ခေါင်းကိုလက်နက်ကဲ့သို့ အသုံးပြုပြီး ခေါင်းနဲ့တိုက်တာ ခေါင်းနဲ့ဆတ်တာ ခွင့်ပြုတာမြန်မာနိုင်ငံက မြန်မာ့လက်ဝှေ့အားကစားမှာ သာရှိပါတယ်တဲ့။အရှေ့တောင်အာရှမှာ ထိပ်သီး တိုက်ရည်ခိုက်ရည်နှင့် စစ်ရေးစွမ်းရည်ပြည့်ဝသော ခြေလျှင် တပ်မတော်ကိုပိုင်ဆိုင်တာမြန်မာနဲ့ ဗီယက်နမ် ဖြစ်ပါတယ်တဲ့။

မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ဘဏ်များတွင်အပ်နှံထားသော ဘဏ်စာရင်းနှင့် ထိပ်သီး ကြွယ်ဝချမ်းသာသူ နှစ်ဆယ်မှာ ခုနှစ်ယောက်က တပ်မတော်သားများဖြစ်ပြီးခြောက်ယောက်က သူတို့နဲ့ပါတ်သက်သူများဖြစ်ပါတယ်။

နိုင်ငံနာမည်နဲ့ ဘီယာထုတ်ပြီး နိုင်ငံတော်အစိုးရအဖွဲ့နဲ့ ဦးပိုင်က ရှယ်ယာပါ။ဒါကိုဘယ်သူမှ မကန့်ကွက်ပဲ မှတ်ပုံတင်ခွင့်ပေးပြီး အားပေးခဲ့ကြတာလဲ မြန်မာနိုင်ငံသာရှိပါတယ်။ ဂုဏ်ယူလိုက်ပါ မြန်မာဘီယာ။ခုတော့ boycott လုပ်ခံရပြီ မှတ်ဟ။

ကမ္ဘာပေါ်မှာ အရက်နဲ့ ဘီယာ ဈေးအပေါဆုံး လွတ်လပ် ၊လွယ်ကူစွာ ဝယ်နိုင်သောထိပ်သီးနိုင်ငံများမှာလဲ မြန်မာပါဝင်ပါတယ်။ကမ္ဘာပေါ်မှာ ဈေးအပေါဆုံး အသက်သာဆုံး ပြည့်တန်ဆာ ဈေးကွက်မှာလဲ မြန်မာက နေရာတစ်ခု အခိုင်အမာ ရယူထားပါတယ်။

ဝန်ဆောင်မှုပေးရတဲ့ နယ်ပယ်တွေမှာ ကောင်းစွာပြုစုပေးရင် Tips လို့ခေါ်တဲ့ ဘောက်ဆူးပေးကြပါတယ်။ ဒါကိုသူများနိုင်ငံတွေလို မပေးရင်လဲ ဘာမှမဖြစ်ပဲ အပြုံးမပျက်တာ ကမ္ဘာမှာ မြန်မာသာရှိပါတယ်တဲ့။

ကြီးရင်ကောင်းတယ်မှတ်ပြီး တကယ်မကြီးသော်လဲ မလိုအပ်သော်လဲ ကြီးတွေတပ်ပြီးအသုံးပြုတာတွေဟာ ကမ္ဘာမှာ မြန်မာနိုင်ငံသာရှိပါတယ်တဲ့ခင်ဗျာ။ဥပမာ ဈေးရုံတော်ကြီး၊ဘာဆိုင်ညာဆိုင်ကြီး၊ နိုင်ငံတော်ကြီး၊ အရှင်မင်းကြီး၊ လူကြီး စသည်ဖြင့်။

ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံကို ရွှေနိုင်ငံဟု တင်စားခေါ်ဆိုကြခြင်းမှာ လာရောက်သော နိုင်ငံခြားခရီးသွားများက နိုင်ငံအနှံ့တွင် များစွာတွေ့ရသော ရွှေရောင်တဝင်းဝင်းဖြင့် ကြည်ညိုဖွယ်စေတီပုထိုးများကို အစွဲပြုပြီးခေါ်ဆိုရာမှအစပြုသည်။

ပတ္တမြားငမောတ် ဟုထင်ရှားသော ခိုသွေးရောင်အဆင်းရှိ သည့်ပတ္တမြားသည် ကမ္ဘာပေါ်တွင်အမှန်တကယ်ရှိခဲ့သော ပျောက်ဆုံးနေသည့် ကမ္ဘာ့အံ့ချီးဖွယ်ရာ အကောင်းဆုံး ရတနာများတွင်တစ်ခုအပါအဝင်ဖြစ်ပါတယ်။ကမ္ဘာ့အကြီးဆုံး နီလာတုံးကြီးဟာ မြန်မာနိုင်ငံထွက်ဖြစ်ပြီး အလေးချိန် ၃၉၇.၀၉၅ ကာရက်ရှိပါတယ်။ ဟောင်ကောင်သူဌေး Olivier Galibert ကလက်ရှိပိုင်ဆိုင်ပါတယ်။

အသုဘချသောနေ့၌ သေနက်အချက်သုံးဆယ်ပစ်ဖောက်ပြီး ဂုဏ်ပြုခံရသည့်အပြင် နိုင်ငံတော် အားလပ်ရက်အဖြစ်သတ်မှတ်ပေးခြင်းခံရသော မီဖုရားစုဖုရားလတ်သည် အာရှတွင်ပထမဦးဆုံး ဗြိတိလျှတို့ ဦးညွှတ်ရသောမြန်မာအမျိုးသမီးဖြစ်ပါတယ်ခင်ဗျာ။

ကမ္ဘာပေါ်မှာ ဘုန်းတော် ၊ ဘွဲ့တော် အရှည်ဆုံး ပေးသူများအဖြစ်လဲ မြန်မာပြည်ဟာ စံချိန်တင်ပါတယ်တဲ့ခင်ဗျ။ ဥပမာ သီပေါမင်း၏ ဘွဲ့တော်မှာ စာလုံးရေ လေးဆယ့်ခုနှစ် လုံးထိရှိပါတယ်။

ပန်းဆယ်မျိုး ဖြစ်သော ပန်းပု၊ ပန်းပွတ်၊ ပန်းတဉ်း ၊ပန်းယွန်း ၊ပန်းပဲ ၊ပန်းချီ ၊ပန်းတိမ် ၊ပန်းတော့ ပန်းရံ ၊ပန်းတမော့ တို့ကို ယခုတိုင် တတ်ကျွမ်း ပြုလုပ်နိုင်သောလူမျိုးမှာ ကမ္ဘာပေါ်တွင် မြန်မာလူမျိုးတို့သာရှိသည်ဟုသိရှိရသည်။

တစ်နှစ်လျှင် ဆယ့်နှစ်လလုံး အပျော်အပါးနှင့် နွှဲပျော်စရာ ပွဲတော်များရှိတဲ့ နိုင်ငံဟာလဲ မြန်မာပြည်သာရှိပါတယ်တဲ့။လူဦးရေအချိုးနဲ့ လဘက်ရည်ဆိုင်၊ ဘီယာဆိုင်ပေါများမှုမှာလဲ ထိပ်တန်းကရပ်တည်လျက်ရှိပါတယ်။

ကမ္ဘာပေါ်မှာ အကောင်းဆုံး ကျွန်းသစ်၊ သစ်မာ၊ ပတ္တမြား နှင့် နီလာတို့ကိုမြန်မာနိုင်ငံကသာထုတ်လုပ် တူးဖော် ရရှိနိုင်ပါတယ်။အရှေ့တောင်အာရှမှာ မွေးသေနှုန်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုညံ့ဖျင်းဆုံး၊ပညာရေးနိမ့်ကျမှုအဆိုးဆုံးလေးနိုင်ငံမှာမြန်မာပါဝင်ပါတယ်။

ပြည်တွင်းမှာ မီးတွေမမှန် တချို့ဒေသတွေမှာ လျှပ်စစ်မီးဆိုတာမမြင်ဘူးပေမယ့် နိုင်ငံခြားကိုလျှပ်စစ်ထုတ်ရောင်း ရအောင် ပိုလျှံတယ် ဆိုခဲ့တာလဲ မြန်မာပြည်ပဲရှိပါတယ်တဲ့ခင်ဗျာ။

နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ပြည်သူကို နောက်တစ်ခါဆို သေပြီသာမှတ်ဆိုတဲ့သဘောနဲ့ လက်ညှိုးငေါက်ငေါက်ထိုးပြီး ကြိမ်းဝါး စိန်ခေါ် ၊ စစ်တပ်က မိုးပေါ်ထောင်မပစ်ဘူး သတိကျပ်ကျပ်ထားဆိုတဲ့ နိုင်ငံ့ ခေါင်းဆောင်ကလဲ မြန်မာပြည်မှာပဲရှိခဲ့ပါသတဲ့ဗျာ။

ကမ္ဘာပေါ်မှာ အကြောအမာဆုံး မျက်နှာအပြောင်အတိုက်ဆုံး ရယ်စရာတွေအပြောတတ်ဆုံး နဲ့ သတိအမေ့တတ်ဆုံး လူကြီးများရှိတဲ့ နိုင်ငံများမှာလဲ မြန်မာက ထိပ်တန်း အဆင့်မှာရှိပါတယ်တဲ့ခင်ဗျ။

ဘင်ကြီးကိုစိတ်တိုပြီး ထိုးဖောက်ခဲ့လို့ Dictionary မှာ နေဝင်းဒေါသဆိုပြီးစကားလုံး အသစ်အဖြစ်ဖော်ပြခံရတဲ့ တစ်ဦးတည်းသောနိုင်ငံ့ခေါင်းဆောင် ကလဲ မြန်မာနိုင်ငံသား ဗိုလ်ရှုမောင်(ခ)ဦးနေဝင်း ဖြစ်ပါတယ်။

ညဘက်လူတွေ အိပ်ချိန်မှာ အချိန်မရွေး ခြင်ထောင်လှန်ပြီး ဧည့်စာရင်းစစ်လို့ရတဲ့ ရှားပါးလှတဲ့အ ခွင့်အရေးရနိုင်ငံများမှာလဲ မြန်မာပါဝင်ပါတယ်တဲ့ခင်ဗျာ။မိမိဆန္ဒမပါပဲ ရှေ့တန်းတွင် အထမ်းသမားအဖြစ် ခိုင်းစေရန် မြို့လည်ကောင်မှာပေါ်တာဆွဲတယ် ဆိုပြီး အတင်းအဓမ္မ ကားပေါ်မောင်းတင်ခံရတာလဲ ကမ္ဘာမှာ မြန်မာသာရှိပါတယ်တဲ့။

နိုင်ငံတော် ဗဟိုဘဏ်ကနေ ကိုးဆယ်တန် လေးဆယ်ငါးကျပ်တန် စသည်ဖြင့် ကမ္ဘာပေါ်က စီးပွါးရေးနှင့် ငွေကြေးဆိုင်ရာကျွမ်းကျင်သူများ အားလုံး အံ့ဩ မှင်သပ်သွားလောက်တဲ့ ငွေစက္ကူတွေကိုထုတ်ခဲ့တာလဲ မြန်မာနိုင်ငံသာရှိပါသတဲ့ဗျ။နိုင်ငံတော် ဗဟိုဘဏ်ကနေ တရားဝင်ထုတ်ပေးထားတဲ့ ငွေစက္ကူတွေကို တရားမဝင်သောကြောင့် သုံးစွဲခွင့်မပြုဆိုပြီး လုပ်ခဲ့တဲ့နိုင်ငံ ကမ္ဘာပေါ်မှာလက်ဆယ်ချောင်းမပြည့်ပေမယ့် မြန်မာပါဝင်ပါတယ်ခင်ဗျာ။

အင်တာနက်မြန်နှုန်း အနှေးကွေးဆုံး ၁၀ နိုင်ငံမှာလဲ မြန်မာဟာ နံပါတ်တစ်ခုကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားနိုင်ဆဲဖြစ်ပါတယ်။မြန်မာနိုင်ငံဟာ ဒေသတွင်းနဲ့ အာရှမှာ မော်တော်ကားဈေးနှုန်း အကြီးဆုံးနိုင်ငံအဖြစ် ကားဈေးတွေ ဘယ်လောက်ကျနေ‌နေ ထိပ်ဆုံးကဆက်လက်ဦးဆောင်နေပါတယ်။

လူတစ်ဦးချင်းဝင်ငွေနိမ့်ကျသော်လဲ ဒေသတွင်းနိုင်ငံများနှင့်တန်းတူ ဓာတ်ဆီဖိုး၊ မီတာခ၊ တယ်လီဖုန်းပြောခ များကိုပေးဆောင်နေရတာအရှေ့တောင်အာရှမှာမြန်မာသာရှိပါတယ်ခင်ဗျ။

ကမ္ဘာ သက်တန်းအရင့်ဆုံးနဲ့ အရှည်ဆုံး သစ်သားတံတားကို ပိုင်ဆိုင်တဲ့နိုင်ငံကလဲ မြန်မာနိုင်ငံဖြစ်ပါတယ်။ အမရပူရမြို့ မှာရှိတဲ့ ဦးပိန်တံတားဖြစ်ပြီး အရှည် ၁.၂ ကီလိုမီတာ (၀.၇၅ မိုင်) ပေလေးထောင်နီးပါး ရှည်ပါတယ်။

ကမ္ဘာမြေရဲ့ ဆွဲအားကို သက်ရောက်မှုမဖြစ်စေပဲ အလွန်အံ့ဩ ကြည်ညို ဖွယ်ရာတည်ရှိတဲ့ ကျိုက်ထီးရိုးဘုရားဟာ အခြားဘာသာဝင်များ ဗုဒ္ဓဘာသာသို့ ကူးပြောင်းစေသော တန်ခိုးကြီးစေတီ တစ်ဆူဖြစ်ပါတယ်တဲ့။ ကမ္ဘာမှာ ဒီလိုစေတီမျိုးမြန်မာပြည်မှာသာရှိပါတယ်။

မြန်မာဟာအရှေ့တောင်အာရှမှာအချမ်းသာဆုံးနိုင်ငံ၊ အလှဆုံးနှင့် အခမ်းနားဆုံး ဘုရားရှိခိုးကျောင်း၊ အဆင့်အတန်းအမြင့်ဆုံး တက္ကသိုလ်၊အကောင်းဆုံး ဆေးရုံ၊ ဈေး ၊ဘူတာ ၊အဆောက်အဦးများ၊အလှပဆုံး မြို့ကွက်တို့ကို တစ်ချိန်က တကယ်ကြီးကို ပိုင်ဆိုင်ခဲ့ဘူးပါတယ်။

နောက်ဆုံး တစ်ချက်ကတော့ မြန်မာလူမျိုးတွေဟာ အလွန်ကျေနပ်ရောင့်ရဲလွယ်ပြီး အင်မတန်မှ ခွင့်လွှတ် သီးခံတတ်သော သဘောကောင်းသည့် လူမျိုးများဖြစ်ကြောင်းပါခင်ဗျာ။ဒါတွေကိုကျွန်တော်မပြောပါဘူး သေချာတိကျတဲ့စစ်တမ်းတွေ နောက်ဆုံးရရှိသော အထောက် အထားတွေကို ကိုးကားပြီးဖော်ပြတာဖြစ်ပါတယ်။

Source – ဟိန်းထက် ၊ ပြန်လည်မျှဝေတာပါ။

Crd