ကမ္ဘာ့ရှေးအကျဆုံးနဲ့ သက်တမ်းအစောဆုံး ကွန်ပြူတာဆိုတာ

ဂရိခေတ်သိပ္ပံပညာ ဘယ်လောက်ထိ တိုးတက်ခဲ့တယ်ဆိုတာကို ဘယ်သူမှ ခန့်မှန်းလို့ မရပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်လောက်မှာ ကွန်ပြူတာကို တီထွင်အသုံးပြုခဲ့တယ်လို့ ပြောရင် ရူးနေတယ်လို့ ပြောမယ်ထင်ပါတယ်။ ဟုတ်ပါတယ်၊ ဒီဘက်ခေတ်နဲ့ နှိုင်းယှဉ်လိုက်ရင် အဲဒီအချိန်က တိုးတက်မှုဟာ ဘာနဲ့မှ နှိုင်းစာလို့ မရပါဘူး။

ဒီနေ့ခေတ် လူငယ်တွေဟာ ကွန်ပြုတာဆိုတာ စက်မှုပညာထွန်းကားတဲ့ ခေတ်ရောက်မှ တီထွင် အသုံးပြုကြတယ်ဆိုတာကို သိထားကြတာပါ။ တကယ်တော့ ကွန်ပြူတာဟာ ဂရိခေတ်ကတည်းက တီထွင်ခဲ့တာပါ။ ဒီကွန်ပြူတာကို ဂရိနိုင်ငံ ရောမခေတ် (၁၉၀၁)ခုနှစ်ထုတ် သင်္ဘောပျက်ထဲကနေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီကွန်ပြူတာကို အဲဒီခေတ်က နေကြတ်၊ လကြတ်တာနဲ့ နက္ခဗေဒဆိုင်ရာတွေမှာ အသုံးပြုခဲ့တယ်လို့ ယူဆရပါတယ်။ ကြွင်းကျန်ခဲ့တဲ့ အစိတ်ပိုင်း သုံးပုံက ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို လေ့လာနေကြပါတယ်။ အခု လန်ုဒန်ကောလိပ်တက္ကသိုလ်က သိပ္ပံပညာရှင်တွေက 3Dနည်းပညာနဲ့ ပုံစံအတု လုပ်ပြီး အဖြေရှာနေကြပါပြီ။

ဒီကွန်ပြူတာဟာ ဂရိတို့ရဲ့ အံ့ဩစရာကောင်းတဲ့ နေလနက္ခတို့အပေါ် အလည်သွားမှုပါပဲ။ ဒီကွန်ပြူတာဟာ အာကာသနက္ခက် တွက်ချက်ပုံတွေ ပြသထားပြီး ကမ္ဘာမှာ ပထမဆုံး ကွန်ပြူတာပုံစံတူလည်း ဖြစ်ပါတယ်။ ဒါကို ကြေးတွေနဲ့ ပြုလုပ်ထားပြီး သူ့ထဲက စက်သွားတွေကိုလည်း ကြေးနဲ့ ပြုလုပ်ထားပါတယ်။

ကျန်ခဲ့တဲ့ အစိတ်ပိုင်း သုံးချိုးမှာ အစိတ်ပိုင်းငယ် (၈၂)ပါဝင်ပြီး  X-ray စက်နဲ့  စစ်လိုက်တဲ့အခါ ရှေးခေတ်ဂရိတို့ရဲ သင်္ချာပညာဟာ ဒီလောက်ထိ ကြီးမားတယ်ဆိုတာကို မျက်မှောက်ခေတ်ပညာရှင်တွေ တအံ့တသြဖြစ်ခဲ့ရပါတယ်။

Crd မင်းနွယ်ခန့်

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

Zawgyi