ကမ္ဘာ့စီးပွါးရေး အမှန်တကယ်ပြဿနာတက်နေပြီ…

ကမ္ဘာ့စီးပွါးရေးပညာရှင် Nouriel Roubini ကဟောကိန်းထုတ်လိုက်ပါတယ်။ 2023 မှာ ကမ္ဘာ့စီးပွါးရေးပျက်ကပ်ကြုံမယ်။ အတော်ဆိုးဆိုးကြုံမယ်။ ၂၀၀၈ ခုနှစ်ထက်ပိုဆိုးမယ်။ အတော်ရှည်ကြာမယ်။ မလှမပ ဖြစ်မယ်တဲ့။
သူပြောရင်မှန်တယ်။လွဲခဲတယ်။ ၂၀၀၇-၈ တုန်းကလည်း သာသာ ယာယာရျိစဉ်အချိန် ကတည်းကသူကစပြောခဲ့ဖူးတယ်။ စီးပွါးပျက်ကပ်လာတော့မယ်တဲ့။သူ ပြောတဲ့အတိုင်းဖြစ်လာခဲ့တယ်။
သူဟောတာ နံကြားထောက်ဟောတာမဟုတ်ဘူး။ တကမ္ဘာလုံးရဲ့ အခြေအနေတွေ ငွေပေးငွေယူတွေ ဝယ်လိုအား ရောင်းလိုအား စစ်ပွဲအခြေအနေတွေကြည့်ဟောတာ။ ၂၀၂၃ ဇန္နဝါရီက စပြီး လုပ်ငန်းရှင်တွေ ရင်ခုံကြရတော့မယ်။
အခုကောကောင်းလို့လားဆိုတော့ မကောင်းဘူး။ ဒါပေမယ့် လက်ရှိအခြေအနေဟာ မုန်တိုင်းမဝင်ခင်ကာလတဲ့။လက်ခံခံ မခံခံ အရှိတရားကတော့ အမေရိကန်နိုင်ငံဟာ ကမ္ဘာ့စီးပွါးရေး နိုင်ငံရေး သမားစဉ်မှာ ဦးဆောင်နိုင်ငံပဲ။သူ နှာချေလိုက်ယုံနဲ့ တကမ္ဘာလုံး တုတ်ကွေးကွေးသွားကြတယ်။
အခု သူ နှာစ ချေနေပါပြီ။ လက်ရှိ အမေရိကန်စတော့ချ်တွေ ဈေးပြုတ်ကျနေတယ်။ အိန္ဒိယ တရုတ် ဥရောပ အကုန် တုတ်ကွေးလိုက်ကွေးကြတယ်။ သူတို့စတော့ချ်တွေ အကုန်ပြုတ်ကျတယ်။
တရုတ်နိုင်ငံဟာ ဒီနှစ်ကုန်မှာ အလုပ်လက်မဲ့ ၂၀% အထိတိုးလာမယ်။ ကုန်ထုတ်နိုင်ငံဆိုတော့ စီးပွါးကျလို့ သူ့ကုန်တွေ ဝယ်သူမရှိရင် သူလည်း လှိမ့်ဆင်းမှာပဲ။ အိန္ဒိယ လည်း ရုရှ ကို စစ်ကိုရပ်ဖို့ပြောတယ်။
အဲ့ဒီစစ် ရှိနေရင် ကမ္ဘာ့စီးပွါးရေးက ပိုအထိနာမှာမို့လို့။ ဒီ စီးပွါးပျက်ကပ် ဟာ ကျွန်တော်တို့ကိုလည်း လာဆောင့်မှာပဲ။ ၂၀၂၃ ကို ဉာဏ် နဲ့ ဖြတ်သန်းနိုင်မှရပါလိမ့်မယ်။မြန်မာနိုင်ငံ လက်ရှိ အခြေအနေမျိုးနဲ့သာဆိုရင်ဖြင့် ဘုရား တရားသာ တ ထားကြပေတော့….
Crd..KyawSwaMin
Unicode
ကမာ ်ဘ့စီးပှါးရေး အမှနျတကယျပွဿနာတကျနပွေီ…
Crd..KyawSwaMin
Crd
Crd