ကမာၻဖ်က္ န်ဴကလီးယားစစ္ပြဲ ျဖစ္ႏိုင္ေျခ ျမင့္တက္လာေနၿပီလို႔ အေမရိကန္ သမၼတဘိုင္ဒန္ေျပာ…

ကမာၻဖ်က္ န်ဴကလီးယားစစ္ပြဲ ျဖစ္ႏိုင္ေျခ ျမင့္တက္လာေနၿပီလို႔ အေမရိကန္ သမၼတဘိုင္ဒန္ေျပာ…



Post Views:
9

န်ဴကလီးယား လက္နက္ေတြေၾကာင့္ ကမာၻပ်က္ကိန္း ႀကဳံရႏိုင္တဲ့ အေျခအေနဟာ ၁၉၆၂ ခုႏွစ္၊ က်ဴးဘား ဒုံးက်ည္ အေရးအခင္း ကာလေနာက္ပိုင္း အျမင့္ဆုံးအဆင့္ ျပန္ေရာက္လာေနေၾကာင္း အေမရိကန္ သမၼတ ဂ်ိဳးဘိုင္ဒန္က ေျပာၾကားလိုက္ပါတယ္။

႐ုရွားဟာ ယူကရိန္းကို က်ဴးေက်ာ္ခဲ့တဲ့ စစ္ပြဲ ၈ လေက်ာ္ ၾကာျမင့္လာခ်ိန္မွာ အဆုံးအရႈံး အထိအခိုက္ေတြ မ်ားလာတဲ့အတြက္ န်ဴကလီးယား စစ္လက္နက္ေတြ အသုံးျပဳႏိုင္ေၾကာင္း အရိပ္အႁမြက္ ၿခိမ္းေျခာက္လာတဲ့အေပၚ ဘိုင္ဒန္က ရႈတ္ခ်သြားပါတယ္။

ဒီမိုကရက္တစ္ပါတီ အထက္လႊတ္ေတာ္ မဲဆြယ္ေရး ေကာ္မတီ ရန္ပုံေငြပြဲ တစ္ခုမွာ ဘိုင္ဒန္က ႐ုရွားသမၼတ ဗလာဒီမာ ပူတင္အေၾကာင္း သူအေတာ္အသင့္ သိထားေၾကာင္း၊

ဒီပုဂၢိဳလ္ဟာ န်ဴကလီးယားလက္နက္၊ ဇီဝလက္နက္၊ ဓာတုလက္နက္ေတြ သုံးမယ္ ဆိုတာမ်ိဳးကို ေနာက္ေျပာင္ၿပီး ေျပာမယ့္သူ မဟုတ္ေၾကာင္း ဘိုင္ဒန္က ဆိုပါတယ္။

အရင္ သမၼတေဟာင္း ဂြၽန္အက္ဖ္ ကေနဒီ လက္ထက္က က်ဴးဘား ဒုံးက်ည္ အက်ပ္အတည္း ႀကဳံခဲ့တဲ့ေနာက္ပိုင္း လက္ရွိ အခ်ိန္ဟာ န်ဴကလီးယားေၾကာင့္ ကမာၻႀကီးမွာ ကပ္ဆိုက္ႏိုင္ေျခ အျမင့္ဆုံး ကာလမ်ိဳး ျပန္ျဖစ္လာတယ္လို႔လည္း ဘိုင္ဒန္က ဆိုပါတယ္။

႐ုရွားစစ္တပ္ရဲ႕ စြမ္းေဆာင္ရည္က ေမွ်ာ္လင့္ထားတာထက္ နိမ့္က်ေနတဲ့ေနာက္ ပူတင္က လိုအပ္ရင္ န်ဴကလီးယားလက္နက္ သုံးမယ္လို႔ ေျပာဆိုတာက အတည္ျဖစ္ႏိုင္ေၾကာင္းလည္း ဘိုင္ဒန္က မွတ္ခ်က္ ေပးခဲ့ပါတယ္။

အေစာပိုင္းမွာ ကတည္းက အေမရိကန္ အစိုးရ အရာရွိေတြဟာ ႐ုရွားအေနနဲ႔ စစ္ေျမျပင္မွာ ဆက္တိုက္လိုလို ဝက္ဝက္ကြဲ အေရးနိမ့္လာမႈေတြေၾကာင့္ န်ဴကလီးယား အပါအဝင္ ဖ်က္ဆီးအား ျပင္းထန္တဲ့ စစ္လက္နက္ေတြ ထုတ္သုံးေကာင္း သုံးလာႏိုင္တယ္လို႔ အစဥ္တစိုက္ သတိေပးလာခဲ့ပါတယ္။

ဒါေပမဲ့ ေလာေလာဆယ္ အထိေတာ့ ႐ုရွားရဲ႕ န်ဴကလီးယား မဟာဗ်ဴဟာ တပ္ဖြဲ႕ေတြမွာ သိသာထင္ရွားတဲ့ လႈပ္ရွားမႈမ်ိဳး မေတြ႕ရေသးသလို အေမရိကန္ကလည္း ႏိုင္ငံရဲ႕ န်ဴကလီးယား တပ္ဖြဲ႕ေတြကို တပ္လွန႔္ထားတာမ်ိဳး မရွိေသးပါဘူး။

၁၉၆၂ ခုႏွစ္တုန္းက ဆိုဗီယက္ ျပည္ေထာင္စုရဲ႕ န်ဴကလီးယား လက္နက္ေတြကို အေမရိကန္ ကမ္းလြန္က က်ဴးဘားကြၽန္းမွာ သိုဝွက္ထားေၾကာင္း အေမရိကန္ ေထာက္လွမ္းေရးက စစ္ေဆး ေတြ႕ရွိခဲ့ပါတယ္။

ဒီကိစၥအေပၚ အေမရိကန္က တင္းတင္းမာမာ တုံ႔ျပန္ခဲ့တာေၾကာင့္ အဲဒီေခတ္က ကမာၻ႔အင္အား အႀကီးဆုံး ႏွစ္ႏိုင္ငံ စစ္ျဖစ္လုနီးပါး အေျခအေနမ်ိဳးထိ ႀကဳံခဲ့ရပါတယ္။

၁၃ ရက္ အၾကာမွာေတာ့ ဆိုဗီယက္ဖက္က အေလွ်ာ့ေပးသြားတဲ့အတြက္ ဒီျပႆနာဟာ ေပါက္ကြဲမထြက္ဘဲ အဆုံးသတ္ႏိုင္ခဲ့ပါတယ္။
ဘိုင္ဒန္ကေတာ့ ႐ုရွားဟာ အဆင့္ႏွိမ့္ထားတဲ့၊ တစ္နည္းအားျဖင့္ ေပါက္ကြဲအား ေလွ်ာ့ခ်ထားတဲ့

န်ဴကလီးယား လက္နက္မ်ိဳးကိုေတာင္ ထုတ္သုံးလို႔ မရေၾကာင္း သတိေပးပါတယ္။ အဲဒီလက္နက္မ်ိဳး သုံးလိုက္တာနဲ႔ တစ္ကမာၻလုံး ပ်က္စီးဆိတ္သုဥ္းတဲ့ အေျခအေနေတြေတြထိ ဦးတည္သြားႏိုင္ေၾကာင္း ဘိုင္ဒန္က ဆိုပါတယ္။

ပူတင္ဟာ ယူကရိန္း စစ္ပြဲ အေစာပိုင္း ကာလေတြကတည္းက ႐ုရွား န်ဴကလီးယား တပ္ဖြဲ႕ေတြကို တပ္လွန႔္ထားေစခဲ့ၿပီး မၾကာေသးခင္ သီတင္းပတ္ေတြမွာေတာ့ လိုအပ္ရင္ အဲဒီလက္နက္ေတြ ထုတ္သုံးမယ္ ဆိုတာမ်ိဳး ပိုၿပီး ေလသံလႊင့္လာခဲ့ပါတယ္။

Crd..People’sSpring

Unicode

ကမ္ဘာဖျက် နျူကလီးယားစစ်ပွဲ ဖြစ်နိုင်ခြေ မြင့်တက်လာနေပြီလို့ အမေရိကန် သမ္မတဘိုင်ဒန်ပြော…

နျူကလီးယား လက်နက်တွေကြောင့် ကမ္ဘာပျက်ကိန်း ကြုံရနိုင်တဲ့ အခြေအနေဟာ ၁၉၆၂ ခုနှစ်၊ ကျူးဘား ဒုံးကျည် အရေးအခင်း ကာလနောက်ပိုင်း အမြင့်ဆုံးအဆင့် ပြန်ရောက်လာနေကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားလိုက်ပါတယ်။

ရုရှားဟာ ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ စစ်ပွဲ ၈ လကျော် ကြာမြင့်လာချိန်မှာ အဆုံးအရှုံး အထိအခိုက်တွေ များလာတဲ့အတွက် နျူကလီးယား စစ်လက်နက်တွေ အသုံးပြုနိုင်ကြောင်း အရိပ်အမြွက် ခြိမ်းခြောက်လာတဲ့အပေါ် ဘိုင်ဒန်က ရှုတ်ချသွားပါတယ်။

ဒီမိုကရက်တစ်ပါတီ အထက်လွှတ်တော် မဲဆွယ်ရေး ကော်မတီ ရန်ပုံငွေပွဲ တစ်ခုမှာ ဘိုင်ဒန်က ရုရှားသမ္မတ ဗလာဒီမာ ပူတင်အကြောင်း သူအတော်အသင့် သိထားကြောင်း၊

ဒီပုဂ္ဂိုလ်ဟာ နျူကလီးယားလက်နက်၊ ဇီဝလက်နက်၊ ဓာတုလက်နက်တွေ သုံးမယ် ဆိုတာမျိုးကို နောက်ပြောင်ပြီး ပြောမယ့်သူ မဟုတ်ကြောင်း ဘိုင်ဒန်က ဆိုပါတယ်။

အရင် သမ္မတဟောင်း ဂျွန်အက်ဖ် ကနေဒီ လက်ထက်က ကျူးဘား ဒုံးကျည် အကျပ်အတည်း ကြုံခဲ့တဲ့နောက်ပိုင်း လက်ရှိ အချိန်ဟာ နျူကလီးယားကြောင့် ကမ္ဘာကြီးမှာ ကပ်ဆိုက်နိုင်ခြေ အမြင့်ဆုံး ကာလမျိုး ပြန်ဖြစ်လာတယ်လို့လည်း ဘိုင်ဒန်က ဆိုပါတယ်။

ရုရှားစစ်တပ်ရဲ့ စွမ်းဆောင်ရည်က မျှော်လင့်ထားတာထက် နိမ့်ကျနေတဲ့နောက် ပူတင်က လိုအပ်ရင် နျူကလီးယားလက်နက် သုံးမယ်လို့ ပြောဆိုတာက အတည်ဖြစ်နိုင်ကြောင်းလည်း ဘိုင်ဒန်က မှတ်ချက် ပေးခဲ့ပါတယ်။

အစောပိုင်းမှာ ကတည်းက အမေရိကန် အစိုးရ အရာရှိတွေဟာ ရုရှားအနေနဲ့ စစ်မြေပြင်မှာ ဆက်တိုက်လိုလို ဝက်ဝက်ကွဲ အရေးနိမ့်လာမှုတွေကြောင့် နျူကလီးယား အပါအဝင် ဖျက်ဆီးအား ပြင်းထန်တဲ့ စစ်လက်နက်တွေ ထုတ်သုံးကောင်း သုံးလာနိုင်တယ်လို့ အစဉ်တစိုက် သတိပေးလာခဲ့ပါတယ်။

ဒါပေမဲ့ လောလောဆယ် အထိတော့ ရုရှားရဲ့ နျူကလီးယား မဟာဗျူဟာ တပ်ဖွဲ့တွေမှာ သိသာထင်ရှားတဲ့ လှုပ်ရှားမှုမျိုး မတွေ့ရသေးသလို အမေရိကန်ကလည်း နိုင်ငံရဲ့ နျူကလီးယား တပ်ဖွဲ့တွေကို တပ်လှန့်ထားတာမျိုး မရှိသေးပါဘူး။

၁၉၆၂ ခုနှစ်တုန်းက ဆိုဗီယက် ပြည်ထောင်စုရဲ့ နျူကလီးယား လက်နက်တွေကို အမေရိကန် ကမ်းလွန်က ကျူးဘားကျွန်းမှာ သိုဝှက်ထားကြောင်း အမေရိကန် ထောက်လှမ်းရေးက စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

ဒီကိစ္စအပေါ် အမေရိကန်က တင်းတင်းမာမာ တုံ့ပြန်ခဲ့တာကြောင့် အဲဒီခေတ်က ကမ္ဘာ့အင်အား အကြီးဆုံး နှစ်နိုင်ငံ စစ်ဖြစ်လုနီးပါး အခြေအနေမျိုးထိ ကြုံခဲ့ရပါတယ်။

၁၃ ရက် အကြာမှာတော့ ဆိုဗီယက်ဖက်က အလျှော့ပေးသွားတဲ့အတွက် ဒီပြဿနာဟာ ပေါက်ကွဲမထွက်ဘဲ အဆုံးသတ်နိုင်ခဲ့ပါတယ်။
ဘိုင်ဒန်ကတော့ ရုရှားဟာ အဆင့်နှိမ့်ထားတဲ့၊ တစ်နည်းအားဖြင့် ပေါက်ကွဲအား လျှော့ချထားတဲ့

နျူကလီးယား လက်နက်မျိုးကိုတောင် ထုတ်သုံးလို့ မရကြောင်း သတိပေးပါတယ်။ အဲဒီလက်နက်မျိုး သုံးလိုက်တာနဲ့ တစ်ကမ္ဘာလုံး ပျက်စီးဆိတ်သုဉ်းတဲ့ အခြေအနေတွေတွေထိ ဦးတည်သွားနိုင်ကြောင်း ဘိုင်ဒန်က ဆိုပါတယ်။

ပူတင်ဟာ ယူကရိန်း စစ်ပွဲ အစောပိုင်း ကာလတွေကတည်းက ရုရှား နျူကလီးယား တပ်ဖွဲ့တွေကို တပ်လှန့်ထားစေခဲ့ပြီး မကြာသေးခင် သီတင်းပတ်တွေမှာတော့ လိုအပ်ရင် အဲဒီလက်နက်တွေ ထုတ်သုံးမယ် ဆိုတာမျိုး ပိုပြီး လေသံလွှင့်လာခဲ့ပါတယ်။

Crd..People’sSpring

Crd

Crd

arkarta