ကဘူးလ်က နိုင်ငံတကာသံရုံးအများစု ပိတ်သွားပေမယ့် သူတို့သံရုံးကို ဆက်ဖွင့်ထားတဲ့ တရုတ်

ကဘူးလ်က နိုင်ငံတကာသံရုံးအများစု ပိတ်သွားပေမယ့် သူတို့သံရုံးကို ဆက်ဖွင့်ထားတဲ့ တရုတ်

တရုတ်နိုင်ငံဟာ အာဖဂန်မှာ သူတို့ရဲ့သံရုံးကိုဆက် လက်ဖွင့်လှစ်ထားပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို တိုးမြှင့်ပေးနေတယ်လို့ တာ လီဘန်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောဆိုလိုက်ပါတယ်။ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ ဖွင့်လှစ်ထားတဲ့ တာလီဘန်နိုင်ငံရေးရုံးရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Abdul Salam Hanafi ဟာ တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wu Jianghao နဲ့ ဖုန်းပြောဆိုမှုရှိခဲ့တယ်လို့ Suhail Shaheen က တွစ်တာမှာရေးသားခဲ့ပါတယ်။

“တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ကဘူးလ်က သူတို့သံရုံးကို ဆက်ဖွင့်ထားမယ်လို့ပြောခဲ့ပါတယ်၊ ကျွန်တော်တို့ရဲ့ဆက်ဆံရေးကလည်း အရင်ကထက်ပိုပြီးကောင်းလာမှာပါ၊ အာဖဂန်က ဒေသတွင်းလုံခြုံရေးနဲ့ တိုးတက်မှုအတွက် အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်နိုင်မှာပါ” လို့ သူက ရေးသားပြောဆိုခဲ့ပါတယ်။

“တရုတ်ကလည်း လူသားချင်းထောက်ထားမှုဆိုင်ရာအကူအညီတွေကို ပိုပြီးပေးမှာပါ၊ အထူး သ ဖြင့် ကိုဗစ်ကုသမှုအတွက်ပေါ့” လို့ သူက ထပ်ပြောခဲ့ပါတယ်။ အာဖဂန်ကို တာလီဘန်တို့ထိန်း ချုပ်ပြီးနောက် ကဘူးလ်က နိုင်ငံတကာသံရုံးအများအပြားပိတ်သိမ်းကာ ထွက်ခွာမှုတွေပြုလုပ်ခဲ့ပေမယ့် တရုတ်ကတော့ သူတို့သံရုံးကို ဆက်လက်ဖွင့်လှစ်ထားတာလည်းဖြစ်ပါတယ်။

အာဖဂန်ပြန်လည်တည်ထောင်ရေးလုပ်ငန်းတွေမှာ အာဖဂန်ကိုကူညီဖို့အတွက် တရုတ်က ပြင်ဆင်မှုတွေပြုလု ပ်နေပြီး တာလီဘန်တွေကလည်း ဖိတ်ခေါ်မှုတွေပြုလုပ်ထားပါတယ်။ နှစ်ဖက်အဖွဲ့ဟာ တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့မှာလည်း ပြီးခဲ့တဲ့လအတွင်းက တွေ့ဆုံမှုတွေပြုလုပ်ခဲ့သလို တောက်လျှောက်ဆိုသလို အဆက် အသွယ်ပြုလုပ်နေကြတာလည်းဖြစ်ပါတယ်။

TRNs
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi
ကဘူးလ္က နိုင္ငံတကာသံ႐ုံးအမ်ားစု ပိတ္သြားေပမယ့္ သူတို႔သံ႐ုံးကို ဆက္ဖြင့္ထားတဲ့ တ႐ုတ္

တ႐ုတ္နိုင္ငံဟာ အာဖဂန္မွာ သူတို႔ရဲ့သံ႐ုံးကိုဆက္ လက္ဖြင့္လွစ္ထားၿပီး လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီေတြကို တိုးျမႇင့္ေပးေနတယ္လို႔ တာ လီဘန္ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေျပာဆိုလိုက္ပါတယ္။ကာတာနိုင္ငံ၊ ဒိုဟာၿမိဳ႕မွာ ဖြင့္လွစ္ထားတဲ့ တာလီဘန္နိုင္ငံေရး႐ုံးရဲ့ အဖြဲ႕ဝင္တစ္ဦးျဖစ္တဲ့ Abdul Salam Hanafi ဟာ တ႐ုတ္ဒုတိယနိုင္ငံျခားေရးဝန္ႀကီး Wu Jianghao နဲ႔ ဖုန္းေျပာဆိုမႈရွိခဲ့တယ္လို႔ Suhail Shaheen က တြစ္တာမွာေရးသားခဲ့ပါတယ္။

“တ႐ုတ္ဒုတိယနိုင္ငံျခားေရးဝန္ႀကီးက ကဘူးလ္က သူတို႔သံ႐ုံးကို ဆက္ဖြင့္ထားမယ္လို႔ေျပာခဲ့ပါတယ္၊ ကၽြန္ေတာ္တို႔ရဲ့ဆက္ဆံေရးကလည္း အရင္ကထက္ပိုၿပီးေကာင္းလာမွာပါ၊ အာဖဂန္က ေဒသတြင္းလုံျခဳံေရးနဲ႔ တိုးတက္မႈအတြက္ အေရးႀကီးတဲ့အခန္းက႑ကေန ပါဝင္နိုင္မွာပါ” လို႔ သူက ေရးသားေျပာဆိုခဲ့ပါတယ္။

“တ႐ုတ္ကလည္း လူသားခ်င္းေထာက္ထားမႈဆိုင္ရာအကူအညီေတြကို ပိုၿပီးေပးမွာပါ၊ အထူး သ ျဖင့္ ကိုဗစ္ကုသမႈအတြက္ေပါ့” လို႔ သူက ထပ္ေျပာခဲ့ပါတယ္။ အာဖဂန္ကို တာလီဘန္တို႔ထိန္း ခ်ဳပ္ၿပီးေနာက္ ကဘူးလ္က နိုင္ငံတကာသံ႐ုံးအမ်ားအျပားပိတ္သိမ္းကာ ထြက္ခြာမႈေတြျပဳလုပ္ခဲ့ေပမယ့္ တ႐ုတ္ကေတာ့ သူတို႔သံ႐ုံးကို ဆက္လက္ဖြင့္လွစ္ထားတာလည္းျဖစ္ပါတယ္။

အာဖဂန္ျပန္လည္တည္ေထာင္ေရးလုပ္ငန္းေတြမွာ အာဖဂန္ကိုကူညီဖို႔အတြက္ တ႐ုတ္က ျပင္ဆင္မႈေတြျပဳလု ပ္ေနၿပီး တာလီဘန္ေတြကလည္း ဖိတ္ေခၚမႈေတြျပဳလုပ္ထားပါတယ္။ ႏွစ္ဖက္အဖြဲ႕ဟာ တ႐ုတ္နိုင္ငံ၊ တီယန္က်င္းၿမိဳ႕မွာလည္း ၿပီးခဲ့တဲ့လအတြင္းက ေတြ႕ဆုံမႈေတြျပဳလုပ္ခဲ့သလို ေတာက္ေလၽွာက္ဆိုသလို အဆက္ အသြယ္ျပဳလုပ္ေနၾကတာလည္းျဖစ္ပါတယ္။

TRNs
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။