ကန်ဝန်ကြီး Blinken မြောက်ကိုရီးယားအရေး တရုတ်ဝန်ကြီးနဲ့ ဆွေးနွေး

ကန်ဝန်ကြီး Blinken မြောက်ကိုရီးယားအရေး တရုတ်ဝန်ကြီးနဲ့ ဆွေးနွေ

းအမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ကြာသပတေးနေ့က Alaska ပြည်နယ် Anchorage မှာ တွေ့ဆုံခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့ ဂျွန်လကတည်းက တရုတ်-အမေရိကန် အရာရှိတွေအကြား ပထမအကြိမ် နှစ်ဘက်တွေ့ဆုံမှုဖြစ်ပါတယ်။

“ကျနော်တို့ဟာ မြောက်ကိုရီးယား နျူကလီးယားဖျက်သိမ်းရေး၊ အမေရိကန်ပြည်ထောင်စု နဲ့မဟာမိတ်တွေအပေါ် မြောက်ကိုရီးယားရဲ့ နယ်မြေခြိမ်းခြောက်မှု လျှော့ချရေး၊ စနစ်တကျ ဖိနှိပ်အုပ်ချုပ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဆက်တိုက်ဖြစ်နေတဲ့ မြောက်ကိုရီယားအပါအဝင် ကိုရီးယားတွေအားလုံးရဲ့ ဘဝတွေ တိုးတက်ရေး ကို ကတိကဝတ်ပြုခဲ့ကြပါတယ်”ဒီအစည်းအဝေးမတိုင်ခင် Blinken တောင်ကိုရီးယားမှာ ရောက်ရှိနေစဉ်အတွင်း မြောက်ကိုရီးယား နျူကလီးယားအစီအစဉ် အဆုံးသက်ရေးနဲ့ပတ်သက်ပြီး တရုတ်နဲ့အကျိူးတူ အမြင်မျိူး ရှိတယ်လို့ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားဖျက်သိမ်းရေးကို ယုံကြည်လာစေဖို့ တရုတ်နိုင်ငံဟာ အဓိက အခန်းကဏ္ဍက ပါဝင်နေတယ်လို့လည်း Blinken က ပြောဆိုသွားပါတယ်။ တရုတ်နိုင်ငံဟာ မြောက်ကိုရီးယား စီးပွားရေး၊ ကုန်သွယ်ရေး ကဏ္ဍအားလုံးရဲ့ မိတ်ဖက်လည်းဖြစ်ပြီး အားလုံး တရုတ်နိုင်ငံက တဆင့် သွားရတာမို့ကြီးမားတဲ့ လွှမ်းမိုးမှုရှိပါတယ်လို့လည်းဆိုပါတယ်။အမေရိကန်သမ္မတ ဂျိူးဘိုင်ဒန်အစိုးရအနေနဲ့မကြာမီမှာ မြောက်ကိုရီးယားနဲ့ပက်သက်ပြီး တရားဝင်မူဝါဒကို ထုတ်ပြန်ဖို့ရှိပြီး အဲဒီထဲမှာ တောင်ကိုးရီးယားနဲ့ဂျပန်နိုင်ငံတို့ကို လည်း ထည့်သွင်းဖော်ပြဖို့ရှိနေပါတယ်။

VOA