ကနောင်မင်းသားကြီး လုပ်ကြံမခံရမီက ကြုံတွေ့ခဲ့ရသော နိမိတ်များ – The Geek Text

Post Views:
10

အတိတ် နိမိတ်ဆိုတာ မြန်မာလူမျိုးများနဲ့ မစိမ်းတဲ့အရာဖြစ်ပါတယ်။ ရှေးအစဉ်အဆက်ယုံကြည်ခဲ့ကြသလို ယခုတိုင်အောင်ယုံ ကြည်နေကြသူ အများအပြားရှိပါတယ်။ အတိတ် ဆိုသည်မှာ ဖြစ်ခဲ့၊ ဖြစ်ဆဲသော အခြင်းအရာတို့ဟာ နောက် တစ်ချိန်တွင် တစ်ကျော့ပြန်ဖြစ်နိုင်တယ် ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။နိမိတ် ဆိုတာကတော့ နောက်ဖြစ်လာမယ့် အကြောင်းကို ကြိုတင်၍ပြတဲ့ အဓိပ္ပါယ်ပါ။ ဥပမာ တခုခုကျကွဲတာမျိုး၊ စိတ်တွေလေး နေတာမျိုး ဆိုလျင် ဒီနေ့တော့ အဆင်မပြေတာ တခုခုဖြစ်ဦးမယ်လို့ ထင်တတ်ကြသလို ၊ ဘုရားအလောင်း က သူအို၊ သူနာ၊ သူသေ၊ ရဟန်း စတဲ့ နိမိတ်ကြီးလေးပါကို မြင်သလို စတာတွေဟာ နိမိတ်ပါ။ဒီလိုနိမိတ်ကို မယုံတာကြောင့် သူ့ခေတ်သူ့အခါက ခေတ်မီပညာရှင်လို့ ဆိုရမယ့် အိမ်ရှေ့မင်းသားကြီးတစ်ပါး အသက်ဆုံးခဲ့ရပါတယ်။နိမိတ်ကို မယုံ၍ အသက်ဆုံးရှုံးခဲ့ရသော အိမ်ရှေ့စံဆိုသည်မှာ စက်မှုမြန်မာနိုင်ငံကိုတည်ထောင်ရန် ကြိုးစားခဲ့သူ ၊ မင်းတုန်းမင်းတရားကြီး၏ ညီတော် ကနောင်မင်းသားကြီး ဖြစ်သည်။ကနောင်မင်းသားကြီးသည် မန္တလေးတောင်ခြေရှိ မဟာလောကမာရဇိန်ဘုရား (ကုသိုလ်တော်ဘုရား) ပရိဝုဏ်အတွင်းတွင် နောင်တော်ဘုရား နှင့် အစ်မတော်ဘုရားတို့ ပိဋကတ်တော်ကျောက်ထက် အက္ခရာတင်ရေးကိစ္စကို ကြီးကြပ်ရန်ရောက်ရှိနေမည် ဖြစ်သဖြင့် ထိုနေရာသို့ နံနက်စောစောသွားရန် ခပ်သုတ်သုတ်ပြင်ဆင်ခဲ့သည်။ပြင်ဆင်ပြီး အိမ်တော်မှ အဆင်း အိမ်တော်အောက်ဘက်သို့ ရောက်သည်နှင့် လှိုင်ထိပ်ခေါင်တင်မင်းသမီးက ” မောင်တော်ဘုရား ဒီကိစ္စအတွက် မသွားပါနဲ့လား”ဟူ၍ လက်အုပ်ချီ၍ လျှောက်သည်။ အိမ်ရှေ့စံက နောက်လိုက် နောက် ပါများရှေ့တွင် ဖြစ်၍ “လှိုင် သတိထားလေ ။

ဘယ်လိုကြောင့် ခုလိုတားဆီးနေရတာလဲ” ဟု အမေးတော်ရှိလိုက်သည်။ထိုအခါ လှိုင်မင်းသမီးက-“နှမတော်ရဲ့ အိပ်မက်ထဲမှာ မောင်တော့်ဗောင်းတော်ပြုတ်ကျတယ်လို့ မြင်ပါတယ်။ ပြီးတော့မောင်တော့်ဦးခေါင်းတော်ရိပ်ကိုလည်း မမြင်ပါ။ အတိတ် နိမိတ်မကောင်း၍ မသွားဖို့ တားရခြင်းဖြစ်ပါတယ် ဘုရား” လို့ ပြန်လျှောက်သော် ကနောင်မင်းသားလည်း-” နှမတော် ညက မအိပ်နိုင်လို့ အမြင်တွေမှောက်မှားနေတာ ဖြစ်မှာပါ။ စိတ်အေးအေးထားပါ နှမတော် ။ မောင်တော်ဘာမှမဖြစ်နိုင်ပါဘူး။ နောင်တော့်ဆီကို မောင်တော်မသွားလို့ မဖြစ်ဘူး။ လှိုင်လည်း အိမ်ပေါ်တက်တော့ ၊ မောင်တော်လည်း ဆင်တော်ပေါ်တက်တော့မယ်၊မောင်တော့်ကို လုပ်ကြံသတ်ဖြတ်နိုင်မယ့်သူ မမွေးသေးဘူးလို့ သာမှတ်” ဟူ၍ ပြောဆိုကာ ကြွမြန်းလာခဲ့ပါသည်။တစ်ဖတ် လမ်းခုလတ်ရှိ ချောင်းတစ်ချောင်းကို ဖြတ်ကူးရာ ဗောင်းတော်ကျွတ်ကျသဖြင့် လိုက်ပါလာသော ပညာရှိအမတ်တို့က-“ကိုယ်တော်ကြီးဘုရား …ဗောင်းတော်ကျွတ်ကျသည်မှာ မကောင်းသော ပုဗ္ဗနိမိတ်ဖြစ်ပါသည်။ ရှေ့ဆက်သွားရန် မသင့်တော်ပါ။ နောက်သို့သာ ပြန်လှည့်သင့်ပါသည် ဘုရား” ဟူ၍ ဝိုင်းဝန်းလျှောက်တင်ကြ၏။ သို့ရာတွင် ကနောင်မင်းသားကြီးမှာ ယုံကြည်မှုမရှိဘဲ တားသည့်ကြားမှ သွားဖြစ်အောင်သွားခဲ့သောကြောင့် ကြိုတင်ကြံစည်ထားသော မြင်ကွန်း ၊ မြင်းခုံတိုင်မင်းသားတို့၏ လက်ချက်ဖြင့် လုပ်ကြံ သတ်ဖြတ်ခြင်းကို ခံခဲ့ရရှာသည်။ကျွန်တော်တို့နေထိုင်သော ကမ္ဘာကြီးမှာ တောင်ကျွန်းဖြစ်သည်ဟု မှတ်သားရသည်။ ဇဗ္ဗူဒိပ် နိမိတ်ထွန်း ဟူသောစကားနှင့် အညီ နိမိတ် ၊ တဘောင် ၊ စနည်း ၊ ဘဝေါ တို့မှာ ရှေးအစဉ်အဆက် သာဓကများ ရှိခဲ့ပေရာ မယုံလို့လည်းမရ ။ ရှေ့ပြေးကြိုတင်ထင်မြင်လာသော ပုဗ္ဗနိမိတ်သည်ကား မှန်ပဲ မှန်နိုင်လွန်းလေစွ။

credit – original
[zawgyi]
အတိတ္ နိမိတ္ဆိုတာ ျမန္မာလူမ်ိဳးမ်ားနဲ႔ မစိမ္းတဲ့အရာျဖစ္ပါတယ္။ ေရွးအစဥ္အဆက္ယုံၾကည္ခဲ့ၾကသလို ယခုတိုင္ေအာင္ယုံ ၾကည္ေနၾကသူ အမ်ားအျပားရွိပါတယ္။ အတိတ္ ဆိုသည္မွာ ျဖစ္ခဲ့၊ ျဖစ္ဆဲေသာ အျခင္းအရာတို႔ဟာ ေနာက္ တစ္ခ်ိန္တြင္ တစ္ေက်ာ့ျပန္ျဖစ္ႏိုင္တယ္ ဆိုတဲ့ အဓိပၸါယ္ျဖစ္ပါတယ္။နိမိတ္ ဆိုတာကေတာ့ ေနာက္ျဖစ္လာမယ့္ အေၾကာင္းကို ႀကိဳတင္၍ျပတဲ့ အဓိပၸါယ္ပါ။ ဥပမာ တခုခုက်ကြဲတာမ်ိဳး၊ စိတ္ေတြေလး ေနတာမ်ိဳး ဆိုလ်င္ ဒီေန႔ေတာ့ အဆင္မေျပတာ တခုခုျဖစ္ဦးမယ္လို႔ ထင္တတ္ၾကသလို ၊ ဘုရားအေလာင္း က သူအို၊ သူနာ၊ သူေသ၊ ရဟန္း စတဲ့ နိမိတ္ႀကီးေလးပါကို ျမင္သလို စတာေတြဟာ နိမိတ္ပါ။ဒီလိုနိမိတ္ကို မယုံတာေၾကာင့္ သူ႔ေခတ္သူ႔အခါက ေခတ္မီပညာရွင္လို႔ ဆိုရမယ့္ အိမ္ေရွ႕မင္းသားႀကီးတစ္ပါး အသက္ဆုံးခဲ့ရပါတယ္။နိမိတ္ကို မယုံ၍ အသက္ဆုံးရႈံးခဲ့ရေသာ အိမ္ေရွ႕စံဆိုသည္မွာ စက္မႈျမန္မာႏိုင္ငံကိုတည္ေထာင္ရန္ ႀကိဳးစားခဲ့သူ ၊ မင္းတုန္းမင္းတရားႀကီး၏ ညီေတာ္ ကေနာင္မင္းသားႀကီး ျဖစ္သည္။ကေနာင္မင္းသားႀကီးသည္ မႏၲေလးေတာင္ေျခရွိ မဟာေလာကမာရဇိန္ဘုရား (ကုသိုလ္ေတာ္ဘုရား) ပရိဝုဏ္အတြင္းတြင္ ေနာင္ေတာ္ဘုရား ႏွင့္ အစ္မေတာ္ဘုရားတို႔ ပိဋကတ္ေတာ္ေက်ာက္ထက္ အကၡရာတင္ေရးကိစၥကို ႀကီးၾကပ္ရန္ေရာက္ရွိေနမည္ ျဖစ္သျဖင့္ ထိုေနရာသို႔ နံနက္ေစာေစာသြားရန္ ခပ္သုတ္သုတ္ျပင္ဆင္ခဲ့သည္။ျပင္ဆင္ၿပီး အိမ္ေတာ္မွ အဆင္း အိမ္ေတာ္ေအာက္ဘက္သို႔ ေရာက္သည္ႏွင့္ လႈိင္ထိပ္ေခါင္တင္မင္းသမီးက ” ေမာင္ေတာ္ဘုရား ဒီကိစၥအတြက္ မသြားပါနဲ႔လား” ဟူ၍ လက္အုပ္ခ်ီ၍ ေလွ်ာက္သည္။ အိမ္ေရွ႕စံက ေနာက္လိုက္ေနာက္ပါမ်ားေရွ႕တြင္ ျဖစ္၍ “လႈိင္ သတိထားေလ ။ဘယ္လိုေၾကာင့္ ခုလိုတားဆီးေနရတာလဲ” ဟု အေမးေတာ္ရွိလိုက္သည္။ထိုအခါ လႈိင္မင္းသမီးက-“ႏွမေတာ္ရဲ႕ အိပ္မက္ထဲမွာ ေမာင္ေတာ့္ေဗာင္းေတာ္ျပဳတ္က်တယ္လို႔ ျမင္ပါတယ္။ ၿပီးေတာ့ေမာင္ေတာ့္ဦးေခါင္းေတာ္ရိပ္ကိုလည္း မျမင္ပါ။ အတိတ္ နိမိတ္မေကာင္း၍ မသြားဖို႔ တားရျခင္းျဖစ္ပါတယ္ ဘုရား” လို႔ ျပန္ေလွ်ာက္ေသာ္ ကေနာင္မင္းသားလည္း-” ႏွမေတာ္ ညက မအိပ္ႏိုင္လို႔ အျမင္ေတြေမွာက္မွားေနတာ ျဖစ္မွာပါ။ စိတ္ေအးေအးထားပါ ႏွမေတာ္ ။ ေမာင္ေတာ္ဘာမွမျဖစ္ႏိုင္ပါဘူး ။ ေနာင္ေတာ့္ဆီကို ေမာင္ေတာ္မသြားလို႔ မျဖစ္ဘူး။ လႈိင္လည္းအိမ္ေပၚတက္ေတာ့ ၊ ေမာင္ေတာ္လည္း ဆင္ေတာ္ေပၚတက္ေတာ့မယ္၊ေမာင္ေတာ့္ကို လုပ္ႀကံသတ္ျဖတ္ႏိုင္မယ့္သူ မေမြးေသးဘူးလို႔ သာမွတ္” ဟူ၍ ေျပာဆိုကာ ႂကြျမန္းလာခဲ့ပါသည္။တစ္ဖတ္ လမ္းခုလတ္ရွိ ေခ်ာင္းတစ္ေခ်ာင္းကို ျဖတ္ကူးရာ ေဗာင္းေတာ္ကြၽတ္က်သျဖင့္ လိုက္ပါလာေသာ ပညာရွိအမတ္တို႔က-“ကိုယ္ေတာ္ႀကီးဘုရား …ေဗာင္းေတာ္ကြၽတ္က်သည္မွာ မေကာင္းေသာ ပုဗၺနိမိတ္ျဖစ္ပါသည္။ ေရွ႕ဆက္သြားရန္ မသင့္ေတာ္ပါ။ ေနာက္သို႔သာ ျပန္လွည့္သင့္ပါသည္ ဘုရား” ဟူ၍ ဝိုင္းဝန္းေလွ်ာက္တင္ၾက၏။ သို႔ရာတြင္ ကေနာင္မင္းသားႀကီးမွာ ယုံၾကည္မႈမရွိဘဲ တားသည့္ၾကားမွ သြားျဖစ္ေအာင္သြားခဲ့ေသာေၾကာင့္ ႀကိဳတင္ႀကံစည္ထားေသာ ျမင္ကြန္း ၊ ျမင္းခုံတိုင္မင္းသားတို႔၏ လက္ခ်က္ျဖင့္ လုပ္ႀကံ သတ္ျဖတ္ျခင္းကို ခံခဲ့ရရွာသည္။ကြၽန္ေတာ္တို႔ေနထိုင္ေသာ ကမာၻႀကီးမွာ ေတာင္ကြၽန္းျဖစ္သည္ဟု မွတ္သားရသည္။ ဇဗၺဴဒိပ္ နိမိတ္ထြန္း ဟူေသာစကားႏွင့္ အညီ နိမိတ္ ၊ တေဘာင္ ၊ စနည္း ၊ ဘေဝါ တို႔မွာ ေရွးအစဥ္အဆက္ သာဓကမ်ား ရွိခဲ့ေပရာ မယုံလို႔လည္းမရ ။ ေရွ႕ေျပးႀကိဳတင္ထင္ျမင္လာေသာ ပုဗၺနိမိတ္သည္ကား မွန္ပဲ မွန္ႏိုင္လြန္းေလစြ။
Crd
Crd