ကနေဒါရေကူးမယ် ရွှေတံဆိပ်ရသွား၍ တရုတ် ခေါင်းကိုက်ရပြန်

ဂျပန်တိုကျိူအိုလံပစ်ရေကူးပြိုင်ပွဲမှာ ကနေဒါရေကူးမယ် Margaret Macneil က မီတာ ၁၀၀ လိပ်ပြာကူးပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ဆွတ်ခူးလို့ တရုတ် လူမှုကွန်ရက်မှာ အစိုးရရဲ့ မူဝါဒတွေအပေါ် ဝေဖန်မှုတွေ ပြင်းထန်လာတယ်လို့ တရုတ်နဲ့ နိုင်ငံတကာသတင်းတွေမှာ ဖေါ်ပြပါတယ်။

အဲဒီပြိုင်ပွဲမှာ တရုတ်ရဲ့ အားအထားရဆုံး ရေကူးမယ် Zhang Yufei က ဒုတိယဆုနဲ့ပဲ ကျေနပ်လိုက်ရတာကနေ ငြင်းခုန်မှုတွေ စခဲ့ရာက ရွှေတံဆိပ်ဆုရှင် Margaret Macneil ဟာ တရုတ်မိဘ ၂ ပါးက တရုတ်မှာမွေးတဲ့ တရုတ်စစ်စစ် ဖြစ်နေတာကို သိသွားကြတယ် ဆိုပါတယ်။

Margaret Macneil ဟာ ယန်စီမြစ်ဘေးက Jiujiang ဆိုတဲ့မြို့လေးမှာ ၂၀၀၀ ပြည့်နှစ်က မွေးဖွားခဲ့သူလို့ သိရပါတယ်။

အဲဒီအချိန်က တရုတ်နိုင်ငံမှာ One Child Policy လို့ခေါ်တဲ့ တအိမ်ထောင် ခလေးတယောက်ပဲ ယူခွင့်ရတဲ့ ဥပဒေ သတ်မှတ်ထားချိန်ပါ။

ခလေးများများလိုချင်သူတွေဟာ မွေးပြီး လူမသိအောင် စွန့်ပစ်တာမျိုး၊ မွေးစားမိဘတွေဆီ ရောင်းချတာမျိုးတွေ လုပ်လေ့ရှိကြပါတယ်။

လူဦးရေ ထိန်းချုပ်ဖို့ဆိုပြီး တရုတ်အစိုးရက ၁၉၈၀ မှာ ဥပဒေ စတင်ပြဌာန်းပြီး ဝေဖန် ဆန့်ကျင်မှုတွေများလာတဲ့အတွက် ၂၀၁၆ မှာ ပြန်လည်ဖျက်သိမ်းခဲ့တာပါ။

အဲဒီကာလက တရုတ်လူမျိုးတွေဟာ သမီးမိန်းခလေးထက် သားယောက်ကျားလေးကိုပဲ လိုချင်ကြတဲ့အတွက် သမီးမွေးလာရင် စွန့်ပစ်တာ၊ ကုမ္ပဏီတွေနဲ့ပေါင်းပြီး ရောင်းစားတာတွေလည်း လုပ်လေ့ရှိကြပါတယ်။

အမေရိကန်မှာ ၁၉၉၉ ကနေ ၂၀၁၉ အထိ တရုတ်ခလေး ၁ သိန်းနီးပါကို အမေရိကန်မိဘတွေက ၀ယ်ယူမွေးစားခဲ့ကြပါတယ်။

တရုတ်မိဘနှစ်ပါးက ဘာကြောင့်စွန့်ပစ်တယ်ဆိုတာ မသိရပေမဲ့ ကနေဒါမိဘနှစ်ပါးက မွေးစားပြုစုလာတဲ့ Margaret Macneil ဟာ အိုလံပစ်ရွှေတံဆိပ်ဆုရှင် ဖြစ်လာတာပါ။

အစိုးရအသုံးမကျလို့ အရည်အချင်းရှိတဲ့သူတွေမှာ သူများနိုင်ငံသား ဖြစ်ရတယ်ဆိုပြီး တရုတ်လူမှုကွန်ရက်တွေမှာ ဝေဖန်ရေးသားနေကြတာပါ။

ကွား/မ ခှဲခှားတဲ့ တရုတရြဲ့ စနဈဆိုးလို့ ဝဖနေသြူတှရှေိသလို လူတှကေို အရုပတြှလေို ထိနြးခွုပခြငွတြဲ့ ကှနမြှူနဈပါတီရဲ့ အကငွ့ဆြိုးဆိုပှီး ဝဖနေတြာတှလညြေး ရှိပါတယြ။

တချို့ကလည်း တရုတ်မှာ လူဖြစ်ရင် ဘာမှ ဖြစ်မှာမဟုတ်ဘူး၊ ကနေဒါကိုရောက်လို့သာ ဖြစ်ထွန်းတာလို့ ဝေဖန်သူတွေလည်း ရှိပါတယ်။

Margaret Macneil နဲ့ပတ်သက်တဲ့ ဝေဖန်မှုတွေဟာ တရုတ်လူမှုကွန်ရက်မှာ စံချိန်တင်သွားပြီး ကြည့်ရူဝေဖန်သူ သန်း ၄၀၀ ကျော်တယ် ဆိုပါတယ်။

တရုတ်နိုင်ငံမှာ အခု ခလေး (၃) ယောက်အထိယူခွင့်ရနေပြီဖြစ်ပါတယ်။

Burma News

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။