မြန်မာနိုင်ငံထဲကဒေသအင်အားကြီးတို့ကစားပွဲ

မြန်မာနိုင်ငံထဲက ဒေသအင်အားကြီးတို့ ကစားပွဲ
မင်းမြတ်စံ

နိုဝင်ဘာရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြိုအနိုင်ရခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏အစိုးရသည် နိုင်ငံတွင်းတရုတ်စိုးမိုးမှု တိုးပွားလာမှု ဝန်းကျင်အနေအထားကို ဗဟိုပြု၍ သြဇာလွှမ်းမိုးရေးအတွက် ဒေသဆိုင်ရာ လွန်ဆွဲပွဲ အစိတ်အပိုင်းတစ်ရပ်နှင့် ရေစက်ဆုံနေပြီဖြစ်သည်။
မြန်မာအား ဘေဂျင်းနှင့်ဝေးကွာစေရန် ကြိုးပမ်းမှုတွင် တိုကျိုက ဦးဆောင်နေသည်။ သို့သော် နယူးဒေလီသည်လည်း မြန်မာ့စီးပွားရေးဗဟိုပြုသည့် ကြီးမားသည့်ကစားပွဲတွင် သြဇာလွှမ်းမိုးရန် မျှော်လင့်နေပြီး အထူးသဖြင့် လွန်ခဲ့သည့်နှစ်က တရုတ်-အိန္ဒိယဆက်ဆံရေးယိုယွင်းမှုကြောင့် ဖြစ်သည်။ ဝါရှင်တန်၌ ဂါတ်ဗိုလ်အပြောင်းအလဲဖြစ်အံ့ဆဲဆဲသမယ၊ အပြင်ဘက်ကို ပိုမိုကြည့်ရှုသည့် ဂျိုးဘိုင်ဒန်အစိုးရတာဝန်ယူသည့်နောက် အမေရိကန်သည်လည်း စစ်ထိုးပွဲဝယ် ပြန်လည်ဝင်ရောက်လာရန် မျှော်လင့်ရသည်။

နိုဝင်ဘာရွေးကောက်ပွဲဆီမှ လတ်ဆတ်သည့်အောင်မြင်မှုများ ရရှိထားသည့် မြန်မာအာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေဖြင့် ယခုအခါ ဧရာမစိန်ခေါ်မှုများ ရင်ဆိုင်နေရသည်။ ကူးစက်ရောဂါနှင့် အပြည်ပြည်ဆိုင်ရာ စီးပွားရေးကျဆင်းမှုတို့ကြောင့် ပိုမိုဆိုးရွားလာသည့် နိုင်ငံ၏ ခြေကုန်လက်ပန်းကျနေသော စီးပွားရေးကို ပြန်လည်စတင်နေပြီး စီးပွားရေးပြုပြင်ပြောင်းလဲမှုအစီအစဉ်ကို ဆက်လက် လုပ်ဆောင်နေသည်။
မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရန် အရေးတကြီးလိုအပ်နေမှုကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် နောက်ဆုံးတွင် ဆယ်စုနှစ်ချီ ရှည်ကြာခဲ့သည့် ပြည်တွင်းစစ်အဆုံးသတ်ရေးအတွက် ကြိုးပမ်းအားထုတ်မှုများလည်း ပြန်လည်အားထုတ်ရမည်ဖြစ်သည်။

ရွေးကောက်ပွဲအောင်မြင်မှုနှင့် လန်းဆန်းအားတက်စေခဲ့သည့် NLD အနေနှင့် လွန်ခဲ့သည့်ငါးနှစ်အတွင်း ခိုင်မာသည့် အုတ်မြစ်များချနိုင်ခဲ့မှုနှင့်အတူ စွမ်းဆောင်ရည်နှင့် နိုင်ငံရေးသဘောထားများကို ပြန်လည်ဆန်းသစ်လျက် လာမည့်ငါးနှစ်အတွင်း ပြုလုပ်မည့် မူဝါဒများနှင့် ဦးစားပေးမှုများအား ရှင်းလင်းစွာဖော်ပြခဲ့သင့်သည်။ အများစုဆန်းစစ်သူများနှင့် သံတမန်များက အစိုးရ၏ အဓိကမူဝါဒလမ်းကြောင်းများသည် သိသိသာသာ ပြောင်းလဲလိမ့်မည်မဟုတ်ကြောင်း ယုံကြည်ကြပြီး ယင်းအချက်များသည် လာမည့်လများအတွင်း ပိုမိုနက်ရှိုင်းခိုင်မာလာကာ အတူတကွ အကောင်အထည်ဖော်သွားလိမ့်မည်ဟု ဆိုသည်။
နေပြည်တော်ရှိ အစိုးရအသိုင်းအဝိုင်းတွင် အရေးတကြီးသဘောထားအသစ်တစ်ရပ် ရှိနေပြီး အုပ်ချုပ်ရေးပိုင်း၏ ပျာယာခပ်လှုပ်ရှားမှုက အစိုးရ၏လာမည့် ပထမဆုံး ရက် ၁၀၀ အတွက် မဟာဗျူဟာနှင့် အမြင်များကို ပြင်ဆင်နေပုံရသည်။ သိမ်မွေ့စွာ ကွဲပြားသည့် အပြောင်းအလဲကို တွေ့ကြုံရန် မျှော်လင့်ထားသည့် မူဝါဒများအနက် တစ်ခုမှာ နိုင်ငံခြားရေးမူဝါဒဖြစ်ပြီး အထူးသဖြင့် မြန်မာ့အိမ်နီးချင်းများနှင့် ဆက်ဆံရေးဖြစ်သည်။

ငါးနှစ်တာအတွင်း ဒေသဆိုင်ရာနှင့် နိုင်ငံတကာတည်ဆောက်ပုံများသည်လည်း သိသိသာသာပြောင်းလဲခဲ့ပြီး ကိုဗစ် -၁၉ ကပ်ဘေးရိုက်ခတ်မှုသည် နိုင်ငံခြားဆက်ဆံရေးများကို ရေရှည်သက်ရောက်ဖွယ် ရှိသည်။ အထူးသဖြင့် လာမည့် ဆယ်စုနှစ်အတွင်း ကုန်သွယ်ရေးအပေါ် ကြာရှည် အကျိုးသက်ရောက်နိုင်သည်။ ယင်းကြောင့် မြန်မာအစိုးရအနေဖြင့် ၎င်း၏မူဝါဒဆိုင်ရာ ဦးစားပေးများနှင့် ဆက်ဆံရေးများကို ပြန်လည်အကဲဖြတ်ရန် လိုအပ်ပေလိမ့်မည်။
ဤအတောအတွင်း မြန်မာအစိုးရသည် ကမ်းလမ်းခံရမှု နည်းပါးခဲ့ခြင်း မရှိပါ။ ရလာဒ်မှာ သိသိသာသာ အသစ်ဖြစ်သည့် နိုင်ငံခြားဆက်ဆံရေးကို သိမ်မွေ့ွစွာချဉ်းကပ်မှု ဖြစ်ဖွယ်ရှိသည်။
နိုဝင်ဘာ မြန်မာ့ရွေးကောက်ပွဲအပြီးတွင် သံတမန်ရေးရာလှုပ်ရှားမှုများ ယောက်ယက်ခပ်ခဲ့ပြီး အဓိကအားဖြင့် နောက်ကွယ်မှဖြစ်ကာ ဒေသ၏ အဓိကအင်အားကြီးနိုင်ငံများအားလုံးသည် နိုင်ငံ၏ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သြဇာကြီးသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို မျက်နှာလို မျက်နှာရလုပ်ရန် ကြိုးပမ်းခဲ့ကြသည်။

နေပြည်တော်တခွင် အရေးကြီးဧည့်သည်များ ချီတက်ကြသည့်ပမာ ဒေသတွင်းအဓိကနိုင်ငံများ၊ အထူးသဖြင့် တရုတ်၊ အိန္ဒိယနှင့် ဂျပန်တို့မှ နိုင်ငံရေးသမားများနှင့် အဆင့်မြင့်သံတမန်များ တန်းစီရောက်ရှိကြလျက် ရွေးကောက်ပွဲလွန်နိုင်ငံတွင် ပိုမိုလွှွမ်းမိုးနိုင်ရေး စစ်ပွဲကြီးဆင်နွှဲလိုသောအလို့ငှာ မြန်မာတို့နှင့် ထိတွေ့ခဲ့ကြသည်။ အခြားသော အရေးပါသည့် အာရှပလေယာများဖြစ်သည့် တောင်ကိုရီးယားနှင့် ထိုင်းတို့သည်လည်း သိသာထင်ရှားပြီး တူညီသည့် ပဏာမခြေလှမ်းများ ဦးခဲ့ကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က လာမည့်ငါးနှစ်အတွက် ပြင်ဆင်ရာတွင် သူမအစိုးရ၏ အဓိကကျသောစိုးရိမ်မှုများနှင့် ပတ်သက်သည့် နိုင်ငံခြားရေးမူဝါဒ ဦးစားပေးများကို ပြန်လည်ဖွဲ့စည်းနေသည်၊ နိုင်ငံတကာကုန်သွယ်ရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်မှု အပါအဝင် မြန်မာ့စီးပွားရေး ပြန်လည်နာလန်ထူရေး အစီအစဉ်များကို ထောက်ခံအားပေးရင်း နိုင်ငံ၏ ကြားနေမှုနှင့် လွတ်လပ်သော အပြည်ပြည်ဆိုင်ရာရပ်တည်ချက်ကို ထိန်းသိမ်းကာ အလွတ်သဘော မဟာမိတ်များနှင့် လုံခြုံရေးအစီအမံများ အမျိုးမျိုးပြောင်းလဲဖော်ဆောင်လျက် မြန်မာအနေဖြင့် မည်သည့်နိုင်ငံကိုမျှ အထောက်အပံ့နှင့်အကာအကွယ်အတွက် အလွန်အမင်းမှီခိုနေခြင်း မရှိစေရေး သေချာစေရန် ရည်ရွယ်သည်။

ကုန်လွန်ခဲ့သည့်ငါးနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းပြည်၏ ဒေသတွင်းနှင့် ထိပ်တန်းအင်အားကြီးနိုင်ငံများနှင့် ဆက်ဆံရေးကို အဓိကအာရုံစိုက်သည့် နိုင်ငံခြားရေးမူဝါဒ မဟာဗျူဟာကို လိုက်နာခဲ့သည်။ ရခိုင်ပြည်နယ်မှ အကြမ်းဖက်မှုများနှင့် ရိုဟင်ဂျာဟု သူတို့ကိုယ်သူတို့ခေါ်ဆိုသည့် မွတ်စလင်ဒုက္ခသည်တစ်သန်းနီးပါး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သို့ အစုလိုက်အပြုံလိုက် ထွက်ခွာသွားမှုအပေါ် အစိုးရ၏ကိုင်တွယ်ပုံနှင့်ပတ်သက်၍ အနောက်နိုင်ငံများ၏ ဝေဖန်ပြစ်တင်မှုများတိုးပွားလာခြင်းကို မြန်မာက အတိုင်းအတာတစ်ခုအထိ တုံ့ပြန်ခဲ့သည်။
မြန်မာနိုင်ငံသည် ၎င်း၏အာရှမိတ်ဆွေများထံမှ ထောက်ခံမှု ပိုမိုရရှိစေရန် အထူးသဖြင့် ကုလသမဂ္ဂကဲ့သို့ နိုင်ငံတကာညီလာခံများတွင် ထောက်ခံမှုရရှိရန် လိုလားတောင့်တခဲ့သည်။ ယင်းအခြေအနေဇစ်မြစ်က သက်ရောက်စေသည်မှာ အနောက်တိုင်းနှင့်၊ အထူးအားဖြင့် ဥရောပ၊ အမေရိကတို့နှင့် ဝေးကွာသွားခြင်းဖြစ်သည်။ နိုင်ငံကို တရုတ်အပေါ် ကြီးမားစွာ တိမ်းညွတ်စေရန် ဦးတည်စေခဲ့ပြီး ဒေသဆိုင်ရာအုပ်စု အာဆီယံအဖွဲ့၏ ပံ့ပိုးမှုနှင့် ရင်းနှီးမြှပ်နှံမှုနှင့် ကုန်သွယ်ရေးရင်းမြစ်မှာ အနိမ့်ဆုံးအတိုင်းအတာအထိ ရောက်ရှိစေခဲ့သည်။
တစ်ကယ်တမ်းအားဖြင့် ထိုးစိုက်ဆင်းသွားသည့် မြန်မာအနေဖြင့် တရုတ်အပေါ်မှီခိုရမှု လျင်မြန်စွာတိုးတက်ခဲ့ခြင်းကို နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာထိပ်တန်း သံတမန်များက အမျက်ဒေါသ ထွက်ခဲ့သည်။ မြန်မာနှင့်တရုတ်တို့၏ ဆက်ဆံရေးကို သိသိသာသာချိန်ညှိရန် လိုအပ်ကြောင်း အစိုးရအသိုင်းအဝိုင်းအတွင်း ရှင်းလင်းစွာ အသိအမှတ်ပြုထားသည်။

မြန်မာနိုင်ငံအနေဖြင့် မူဝါဒဆိုင်ရာ ဦးတည်ချက် ပြောင်းလဲရန် ၎င်း၏ကြီးမားသော နိုင်ငံရေးလုပ်ပိုင်ခွင့်အာဏာနှင့် ကိုဗစ် ၁၉ ကပ်ဘေးလွန် နိုင်ငံတကာ ပတ်ဝန်းကျင်ပြောင်းလဲမှုများအား အသုံးပြုလိမ့်မည်ဖြစ်သည်။ တရုတ်အပေါ် မှီခိုအားထားမှုကို ဟန်ချက်ညီစေရန် အနောက်ဘက်သို့ စတင်မျှော်ကြည့်လျက် အိန္ဒိယနှင့်ဆက်ဆံရေးကို ပိုမိုခိုင်မာစေခြင်းနှင့် အထူးအားဖြင့် အမေရိကန်နှင့် ပိုမိုနွေးထွေးသောဆက်ဆံရေးကို အားပေးပါလိမ့်မည်။
နိုင်ငံခြားရေးမူဝါဒအတွက် ဘက်မလိုက်ဘဲ ကြားနေမှု၊ လွတ်လပ်မှုနှင့် မိတ်ဆွေဖြစ်မှုတို့ပေါ်အခြေခံသည့် အစဉ်အလာမူများအပေါ် သစ္စာဆက်ခံနေချိန်တွင် ရှေ့ဆက်သွားနိုင်ရန်အတွက် မြန်မာနိုင်ငံသည် ၎င်း၏မဟာမိတ်ကွန်ယက်နှင့် ခိုင်မာသည့် နှစ်ဘက်အကျိုးတူ ဆက်ဆံရေး တိုးချဲ့လိုသည်။

သို့သော်လည်း နိုင်ငံတကာ၏အရှိတရားနှင့် စစ်အုပ်ချုပ်ရေးအောက် နေခဲ့ရသည့် နိုင်ငံ့အထီးကျန်ကာလများ၏ အမွေအနှစ်တို့ကြောင့် တရုတ်သည် အဓိကမိတ်ဘက်အဖြစ် အစဉ်အမြဲနှင့် ပစ္စုပ္ပန်အထိ ကျန်ရှိနေကာ အမြဲတမ်းမှီခိုနေရကာ ဝေဖန်မှုမဲ့ထောက်ခံသူ ဖြစ်နေပေဦးမည်။
ယင်းပဟေဠိအတွက် ၂၀၁၅ ရွေးကောက်ပွဲအပြီး အာဏာရယူပြီးချိန်မှစ၍ ဒေါ်အောင်ဆန်းစုကြည်သည် ရုန်းကန်ခဲ့ရသည်။ မြောက်ပိုင်းမှ မဟာအိမ်နီးချင်းအပေါ် မှီခိုနေရမှုအား အမှားအယွင်းမဖြစ်ဘဲ မည်သို့ဖြေလျော့နိုင်မည်နည်း ဟူသည့် ပဟေဠိဖြစ်သည်။
တစ်ခဏတာအတွင်း ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား အာရှသြဇာကြီး သုံးဦးထံှ ပူးပေါင်းထောက်ခံမှုကို ရယူမည် ဟူသော အယူအဆနှင့်ပတ်သက်၍ အငြင်းပွားခဲ့ကြပြီး အထူးသဖြင့် ရင်းနှီးမြှပ်နှံမှု့နှင့် ကုန်သွယ်ရေးစည်းမျဉ်းများတွင် ဖြစ်သည်။ သို့သော် ယင်းအယူအဆကို တားဆီးမည့် မြောက်ပိုင်းအာရှရှိ နိုင်ငံရေးအရှိတရားများနှင့် ပြိုင်ဆိုင်မှုများကို သူမ မေ့မေ့ပျောက်ပျောက် ဖြစ်နေပုံရသည်။

ယခုအခါ အိန္ဒိယ၏ နှစ်နိုင်ငံအကြားဆက်ဆံရေး ပိုမိုခိုင်မာလာရေးအတွက် မကြာမီက ကမ်းလှမ်းချက်များကို မြန်မာဘက်က ပိုမိုတုန့်ပြန်လာကြောင်း ရှုမြင်ရသည်။ ဘေဂျင်းနှင့်ဆက်ဆံရေး ယိုယွင်းမှုလာသည့် အိန္ဒိယသည် မြန်မာနိုင်ငံသို့ ၎င်း၏ပိုးပန်းမှုကို တိုးမြှင့်ခဲ့သည်။
ရွေးကောက်ပွဲအလို တစ်လတွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဟာရှ်ဆရင်ဂလာသည် အိန္ဒိယစစ်ဦးစီးချုပ် နာရာဗနီနှင့်အတူ မြန်မာသို့ အလည်အပတ်လာခဲ့ပြီး ဘေဂျင်းနှင့်မြန်မာ ဝေးကွာမှုကို စိတ်ဝင်စားကြောင်း ရှင်းရှင်းလင်းလင်း အချက်ပြခဲ့သည်။
အနည်းဆုံးအားဖြင့် မြန်မာနိုင်ငံက ဘေဂျင်းသြဇာလွှမ်းမိုးမှု တန်ပြန်ရာတွင် ကူညီမည့်သဘောထား ရောင်ပြန်ဟပ်စေခဲ့သည်။
အပြင်ပန်းအားဖြင့် လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စရပ်များတွင် ခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်သုံးသပ်သည့် ခရီးစဉ်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့ ်ကမ်းရိုးတန်းရေကြောင်းဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ ပိုအရေးကြီးသည်မှာ သံတမန်များအဆိုအရ စစ်ရေးကိစ္စများအပါအဝင် ကျယ်ပြန့်သောကိစ္စရပ်များတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရန် တံခါးဖွင့်လိုက်ပြီဟူ၍ ဖြစ်သည်။
ယင်းမဟာဗျူဟာမြောက် ခြေလှမ်း၏အရေးပါပုံကို ခန့်မှန်းတွက်ချက်မရနိုင်ပေ။ စင်စစ်အားဖြင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနှင့် စစ်ဦးစီးချုပ်တို့ ပူးတွဲလာရောက်ခြင်းသည် ထူးကဲမှုမြင့်မားကြောင်း အာရှသံတမန်များက ပြောဆိုကြပြီး ပုံမှန်သံတမန်ကျင့်စဉ်ကို ဆန့်ကျင်သည်ဟုလည်း ဆိုသည်။ ရွေးကောက်ပွဲမတိုင်မီအချိန်ကို လာရောက်ခြင်းသည် တိုက်ဆိုင်မှုမဟုတ်ဟု ဆိုပြန်သည်။ မြန်မာလုပ်ဖော်ကိုင်ဖက်များအား အလွန်တန်ဖိုးထားရာလည်း ရောက်ခဲ့သည်ဟု ဆိုသည်။

မြင်ကွင်းနောက်ကွယ်တွင် မြန်မာတွင် တရုတ်ထိုးဖောက်ပြန့်နှံ့မှုကို ဟန်ချက်မျှရေး ကူညီရန် ဂျပန်နှင့် အိန္ဒိယတို့ မဟာဗျူဟာမြောက် လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုများ မည်သို့ရှိသည်ကိုလည်း ဆွေးနွေးလိုသည်။ သြစတြေလျ၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန်တို့ပါဝင်သည့် Quad အုပ်စု ပြန်အသက်သွင်းမှုနှင့်အတူ ၎င်းတို့မှ သံတမန်များသည် လွတ်လပ်ပွင့်လင်းသော အင်ဒို – ပစိဖိတ်မဟာဗျူဟာအတွက် စိုးရိမ်မှုများနှင့် ၎င်းတို့၏အမြင်များကို မျှဝေခြင်းဖြင့် လေးနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ခဲ့သည်။ ဒေသတွင်း တရုတ်၏ရန်လိုခြင်းနှင့် အနေအထားကို တန်ပြန်ရန် လေးနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရန် လှုံ့ဆော်သည့် မဟာဗျူဟာဖြစ်သည်။
သတင်းနှင့် ထောက်လှမ်းရေးအချက်လက်များ မျှဝေခြင်း၊ ချဉ်းကပ်မှုများ ညှိနှိုင်းခြင်းနှင့် အပြန်အလှန်နားလည်မှု မြှင့်တင်ခြင်း တို့အတွက် အဖိုးတန်နေရာတစ်ခုဖြစ်ကြောင်း ဆွေးနွေးပွဲများတွင် ပါဝင်ခဲ့သည့် အာရှသံတမန်တစ်ဦးက ပြောသည်။ ယင်းစိတ်ကူးကို လွန်ခဲ့သောနှစ်ပေါင်းများစွာက တိုကျိုမှ စတင်ခဲ့သော်လည်း ပေကျင်းနှင့်ဒေသတွင်းဆက်ဆံရေး အဆိုးဆုံး အလှည့်အပြောင်းဖြစ်ခဲ့သည့် လွန်ခဲ့သော ၁၂ လကမှ စတင် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်တွင် တရုတ်တည်ဆောက်သည့် ပေယာဆိပ်ကမ်းကို တန်ပြန်ရန် မာတာဘာရီတွင် ဆိပ်ကမ်းတစ်ခုတည်ခြင်းအပါအဝင် အခြေခံအဆောက်အအုံစီမံကိန်းများကို အိန္ဒိယနှင့် ဂျပန်တို့ အောင်မြင်စွာ ပူးတွဲတည်ဆောက်ခဲ့ကြသည်။ ယင်းပူးတွဲတည်ဆောက်မှုပုံစံက မြန်မာနိုင်ငံတွင်လည်း အလားတူမူဘောင်ဖြင့် ဖော်ဆောင်ရန် ပံ့ပိုးနိုင်ကြောင်း အိန္ဒိယနှင့် ဂျပန်သံတမန်များက ပြောသည်။

ဂျပန်သည် ဤအလားအလာရှိ စီမံကိန်းများစွာသို့ ငွေချေးပေးရန် အဆင်သင့်ဖြစ်သော်လည်း အဓိကအားဖြင့် ၎င်းပါဝင်မှုကို ငုံ့လျှိုးထားမှုကို ထိန်းသိမ်းရန် စိတ်သန်သည်။
မြန်မာနိုင်ငံသည် အိန္ဒိယ၏ကမ်းလှမ်းမှုကို စိတ်အားထက်သန်စွာ တုံ့ပြန်ခဲ့သော်လည်း အိန္ဒိယ – ဂျပန် ပူးပေါင်းဆောင်ရွက်မှုအပေါ် ပိုမိုစိတ်ပါဖွယ် ရှိသည်။ သေချာသည်ကား အနောက်ဘက်ယိမ်းသည့်ဝိသသေ ပါဝင်၍ ဘေဂျင်းအပေါ် ဖောက်ဖောက်ပြန်ပြန် မှီခိုရခြင်းကို ရှောင်ရှားလျက် မဟာဗျူဟာမြောက်ချဉ်းကပ်မှုကို ကျယ်ပြန့်စေမည့် မြန်မာ့နိုင်ငံခြားရေးပေါ်လစီ အပြောင်းအလဲကို လာမည့်လများအတွင်း မြင်တွေ့ရမည်ဖြစ်သည်။
မြန်မာ့နိုင်ငံခြားရေးပေါ်လစီ၏ အဓိကအာရုံစိုက်မှုသည် ဒေသတွင်းမိတ်ဖက်များ အထူးသဖြင့် အိန္ဒိယ၊ ဂျပန်၊ ထိုင်း၊ တောင်ကိုရီးယားတို့နှင့် စီးပွားရေးနှင့် လုံခြုံရေးဆက်ဆံမှုများ ခိုင်မာစေရန် ဦးတည်ပြီး တရုတ်နိုင်ငံနှင့် ကောင်းမွန်သည့် ဆက်ဆံရေးကိုလည်း ဆက်လက်ထိန်းသိမ်းထားပေလိမ့်မည်။

မင်းမြတ်စံ မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။